Thoughts of today (Sep 1)

ဒီနေ့ သတိထားလိုက်မိတာ တစ်ခုရှိတယ်.. ဖောရှောလုပ်တာ ဖော်လိုလိုက်လွန်းတာ ဘယ်ကိစ္စမဆို ကိုယ့်အမြင်ကိုယ့်ပုံစံမရှိဘဲ သူများလုပ်တဲ့ ပေါ်ပင်တွေချည်းပဲ လိုက်လုပ်လွန်းတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းပြီး လုံခြုံစိတ်လည်း မရှိလို့ ဖြစ်ရတာဆိုတာပဲ.. ဘိုလိုမှုတ်ရရင်တော့ lack of self-confidence and insecure ပေါ့နော်..

ကိုယ်တိုင်လည်း အရမ်းကြီး confidence ရှိလှတယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ့်စတိုင် ကိုယ့်ပုံစံဆိုတာတော့ ရှိတာသေချာတယ်.. ကိုယ့်မှာ ကိုယ်ပိုင်အမြင်ရှိတယ်.. သူများနဲ့ တူချင်လည်းတူမယ် ကွဲချင်လည်း ကွဲထွက်နေမယ်.. ဒါပေမယ့် ကိုယ့်အမြင်ကို ကိုယ်တန်ဖိုးထားတယ်.. ခြေခြေမြစ်မြစ်လည်း ကိုင်ဆုပ်ထားတယ်.. ဘယ်လူနဲ့ ပေါင်းပေါင်း ဘယ်အသိုင်းအဝိုင်းရောက်ရောက် လိုက်လျောညီထွေဖြစ်အောင် နေပေမယ့် ကိုယ့်မူလပုံစံက ဘယ်တော့မှ မပျောက်သွားတတ်တာ အမှန်ပဲ..

ရေက ခွက်ပုံစံကိုလိုက်ပြီး ပုံစံလေးတွေ ပြောင်းသွားတယ်ဆိုပေမယ့် သူ့မူလ ရေဆိုတဲ့ သဏ္ဍာန်တော့ မပြောင်းဘူး.. အဲ တို့ဖူးတုံးလိုတော့ ဟိုခွက်ထြ ဆန့်အောင် ဟိုလိုပြောင်းလိုက်.. ဒီပန်းကန်ထဲဝင်အောင် ဒီလိုပြောင်းလိုက်ဆို မဖြစ်ဘူး.. နောက်ဆုံးလည်းကျရော ကိုယ့်မူလ တို့ဖူးတောင် မရှိတော့ဘူး.. လိုက်ပြောင်းရင်း လှီးရင်း ဖဲ့ရင်း မူလသဏ္ဍာန်ပျောက်ပြီး ဟော့ပေါ့အိုးထဲ ရောက်သွားရော..

No comments:

your comment please

Powered by Blogger.