အူဝဲပုံပြင်
ကျူရှင်က ဆင်းတာနဲ့ ပိတ်ထားသောဖုန်းကိုပြန်ဖွင့်လိုက်သည်.. ကျူရှင်သင်နေတုန်းလေး ၃ နာရီမှာ မက်ဆေ့ခ်ျတွေဝင် ထားတာ မနည်းပါလား.. စာတွေဖတ်ရင်းလှေခါးကိုဆင်းလာရင်းမို့ သွက်သွက်မဆင်းမိ.. နောက်ကပြေးဆင်းလာကြတဲ့ အုပ်စုတစ်စုက ၀င်တိုးသွားကြသည်.. တောက်.. အင်္ကျီတွေကျေကုန်တော့မှာပဲ.. သွားစရာရှိပါသေးတယ်ဆိုမှ..
အောက်ကိုရောက်တော့ ဘယ်ညာကြည့်.. ကားကလာမကြိုသေးပြန်ဘူး.. ကျူရှင်ဆင်းတာ ၅ နာရီခွဲပါဆိုမှ အမြဲနောက်ကျနေတဲ့ အဲ့ဒိဒရိုင်ဘာ.. စိတ်တိုတိုဖြင့် အိမ်ကိုဖုန်းလှမ်းဆက်ရပြန်သည်.. အိမ်ကနေ ခုမှထွက်သွားတာတဲ့.. ဒီကိုရောက်လာဖို့ဆို မိနစ် ၂၀ လောက်တော့ ကြာဦးမှာ.. စိတ်တိုတိုနဲ့ပဲ လှေခါးခြေရင်းလေးမှာ ရပ်စောင့်နေလိုက်သည်..
တိုက်ရှေ့မြေကွက်လပ်မှာ ၈ နှစ် ၉ နှစ်အရွယ် ကလေးတွေ ကစားနေကြသည်.. ဖုန်မှုန့်တွေလွင့်လွင့်လာလို့ သူမ ဘေးသို့ရွှေ့ရပ်လိုက်ရ၏.. စည်းဝိုင်းထဲက လူတွေက ဘာရောင်လဲလို့မေးလိုက်ရင် စည်းပြင်က လိုက်ရသည့်ကလေးက အရောင်ကိုပြော ကျန်ပြေးတဲ့သူတွေက အဲ့ဒီအရောင်ကို ပြေးကိုင်ရသည့် ကစားနည်းဖြစ်သည်.. သူမ ကစားဖူးခဲ့သလိုလိုပဲ.. သို့သော် သိပ်မမှတ်မိပါ.. သူမကြည့်သလောက် ကလေးတွေ ပျော်ပုံမရပါ.. လိုက်ဖမ်းရမည့် အသားဖြူဖြူ ဂါဝန်အပြာနဲ့ ကလေးမလေးက ကစားခြင်းထက် လက်ထဲက ကိတ်မုန့်ကိုပိုမက်မောနေသလိုပဲ.. “အူဝဲက လိုက်လည်း မဖမ်းဘူးဟာ” ဟုပြောကာ စည်းဝိုင်းထဲမှ အသားညိုညိုကောင်မလေးက ၀ိုင်းပြင် ထွက်လာသည်.. “မကစားတော့ဘူး”တဲ့..
အဲဒိကလေးမလေးကိုကြည့်ပြီး သူမပြုံးမိသွားသည်.. သူမငယ်ငယ်ကလည်း အဲလိုပဲ ကစားရင်း စိတ်မလိုမကျဖြစ်လာလျှင် မကစားတော့ဘူးဟု ဆိုကာ ကစားဝိုင်းအပြင်ထွက်သွားတတ်သည်.. သို့သော် ဘယ်သူငယ်ချင်းကမှ မလုပ်ပါနဲ့လာပါလို့ ခေါ်လေ့မရှိပါ.. ကျန်ကလေးများနဲ့ ဆက်ပြီးကစားတာပါပဲ.. အခု ၀ိုင်း ပြင်ထွက်လာတဲ့ အသားညိုညိုကလေးမလေးလည်း ခဏနေရင် မယောင်မလည်နဲ့ ကစားဝိုင်းထဲ ပြန်ဝင် မှာပါပဲ..
သို့သော် သူမအထင်မှားသွားပါသည်.. ကျန်သောကောင်လေး ၂ ယောက်နဲ့ ကောင်မလေး ၃ ယောက် က “ဟာ မိဘုတ်ကလည်း.. လာပါဟ ကစားပါ. နင်မပါရင် ငါတို့လည်းမကစားဘူးလေ” လို့ ဘေးနားမှာ သွားထိုင်နေကြပါသည်.. အူဝဲလို့ခေါ်တဲ့ ကိတ်မုန့်စားနေတဲ့ ကလေးမလေး တစ်ယောက်ထဲသာ ယောင်ချာချာရပ်ကျန်ခဲ့၏ .. အူဝဲအစား သူမစိတ်ကျဉ်းကျပ်နေမိပါသည်.. သူမငယ်ငယ်ကလည်း အူဝဲလိုပဲ.. ရွယ်တူသူငယ်ချင်းများနဲ့ တစ်ခါတလေမှ ကစားခွင့်ရခဲ့ပြီး ကစားတိုင်းလည်း သူတို့နဲ့တန်းတူ မပြေးလွှားနိုင်.. ပြေးတမ်းလိုက်တမ်းကစားလို့ သူမလိုက်ရတဲ့အလှည့်များလာလျှင် သူမ မလိုက်ချင်တော့.. ခုနက အူဝဲ လုပ်သလိုပဲ မဖမ်းချင်ဖမ်းချင်နဲ့ ဖမ်းလေ့ရှိသည်.. သူငယ်ချင်းများက အဲဒါကို မကျေနပ်ပါ.. ထို့ကြောင့် သူမကစားဝိုင်းထဲဝင်မည်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့..
သူငယ်ချင်းများ ကစားနေသည့်လမ်းဘေးမှ သူမတို့အိမ်ကကားဖြတ်သွားတိုင်း ကားပေါ်မှာ အားရ၀မ်းသာ သူမ တာ့တာပြလေ့ရှိသည်.. သူတို့က ဒါကိုပဲ မကျေနပ်သည်လားတော့မသိ.. သူမတာ့တာပြတိုင်း မမြင်ချင်ယောင်ဆောင်သွားလေ့ရှိပါသည်.. အိမ်ပြင်ထွက်ကာ သူငယ်ချင်းများနှင့်ကစားချင်တိုင်း မကြည်မသာဖြစ်တတ်သော မေမေ့ကို ခွင့်တောင်းရတာပင်ပန်းသလို ငါဝင်ပါရင် သူတို့ကကြိုက်ပါ့မလားလို့ တွေးပူနေရတတ်တာကလည်း ဒုက္ခတစ်ခုပါပဲ.. သူငယ်ချင်းတွေနဲ့ အဆင်မပြေဖြစ်ပြီး ငိုချင်ခြင်းပြင်းပြစွာ အိမ်ထဲပြန်ဝင်လာရင် မေမေက “ညစ်ညစ်ပတ်ပတ်တွေကစားလာပြန်ပြီ.. ပြီးရင် ဟိုကလေးတွေနဲ့ တည့်တာလည်းမဟုတ်.. နောက်မသွားရဘူး” လို့တားမြစ်မှာစိုးလို့ ပြုံးပျော်ဟန် ဆောင်နေရခဲ့တာတွေ.. ပြန်တွေးရင်း သူမ မောဟိုက်လာသည်..
အခုလည်း မိဘုတ်နဲ့တခြားကလေးတွေ ကစားနည်းအသစ်တစ်မျိုးပြောင်းဆော့ဖို့ ပြင်နေပြီ.. အူဝဲလေးကတော့ ကိတ်မုန့်လေးကိုကိုင်ရင်း ခပ်ငေးငေးကြည့်နေဆဲ.. ဘယ်သူကမှလည်း အူဝဲလာလေလို့ မခေါ်ကြပါလား.. အူဝဲ ကလည်း ငါလည်းပါမယ်လေ လို့ ပြောရဲမည့်ပုံမပေါ်ပါ.. ကျန်ကလေးတွေ ထုပ်ဆီးတိုးကြတော့မည်.. အဖွဲ့ ၂ ခုဖြစ်အောင် လူခွဲနေကြပြီ.. သူတို့ကစားနေကြသည့် တိုက်ဘေးမှ ခြံထဲကနေ အိမ်အကူဖြစ်ပုံရသည့် မိန်းမတစ်ယောက်ထွက်လာကာ “အူဝဲရေ လာတော့ ဖွားဖွားခေါ်နေပြီ” ဟုပြောပါသည်.. ကလေးလေးကလည်း ခပ်ငိုင်ငိုင်လေးဖြင့် ထိုမိန်းမဆွဲခေါ်ရာနောက်သို့ လိုက်သွား၏.. ထုပ်ဆီးတိုးနေသည့်ကလေးများ တစ်ယောက်ကမှ လှည့်မကြည့်ပါ.. ကစားရင်း ချော်လဲသွားသည့် ကလေးမလေးတစ်ယောက်ကို ၀ိုင်းပြီး ချော့မော့နေကြသည်.. “မနာပါဘူးနော် ဖြူလေး.. မငိုနဲ့.. ကိုတိုးကို မမဘုတ်ရိုက်လိုက်မယ်နော်.. သိလား..”
အခုမှ သူမ သတိထားမိသွားသည်.. လှေခါးဆင်းတုန်းက သူမကို ၀င်တိုးတိုက်သွားသည့် သူငယ်ချင်းများသည် သူတို့တိုက်လိုက်သည့် အရှိန်ဖြင့် သူမ လှေခါးမှ ပြုတ်ကျသွားနိုင်သည်ဟု တစ်ယောက်မှ သတိထားမိသည့်ပုံ မပေါ်ပါလား.. သူမှ ဟန်ချက်ပျက်သွားသလား.. ယိမ်းယိုင်လဲပြိုကျန်ခဲ့ သလားလို့ တစ်ယောက်မှ လှည့်မကြည့်ပါလား.. သူမ သူငယ်ချင်းများသည် သူမကို ချစ်ခင်ပါရဲ့လား.. တစ်အိမ်လုံးမှာ လိုတရ မျက်နှာတစ်ချက် အညိုမခံခဲ့ရသူ သူမသည် ဟိုး ငယ်ငယ်လေးကတည်းက သူငယ်ချင်းများနှင့် သိပ်မတည့်ခဲ့ပါ.. မျှဝေတတ်သောအကျင့် သူမမှာ မရှိခဲ့.. သူငယ်ချင်းဆိုတာ မရှိလည်း သူမဘ၀အဆင်ပြေနေသားပဲလေ.. ကျောင်းသွား ကျူရှင်သွား.. အိမ်မှာနေ.. တီဗီကြည့်.. သွားလိုရာကို အိမ်ကလိုက်ပို့ပေးတတ်ပြီး.. သူမ အထီးကျန်စွာ ကြီးပြင်းခဲ့သည်..
သူမရှေ့မှာကားလာရပ်တော့မှာ အတွေးများကိုဖြတ်လျက် ကားပေါ်တက်ခဲ့သည်..
“အိမ်ကိုပဲမောင်းတော့ ဦးလေး.. မြေနီကုန်းမသွားချင်တော့ဘူး” ..
ထုပ်ဆီးတိုးနေသည့် မိဘုတ်တို့ကတော့ ကားပေါ်မှနေ၍ သူတို့ကို ငေးကြည့်ရင်း တွေဝေစဉ်းစားသွားသည့် အူဝဲ ကိုယ်ပွားတစ်ဦးကို သတိမထားလိုက်မိမည် မထင်ပါ..

အူဝဲအကြီးစားနဲ့ အသေးစားဆိုပါတော့... :D
ReplyDeleteGreat Post!
ReplyDelete:)
It makes me to remember the song of Christina Aguilera, Reflection.
Reflection
ReplyDeleteLook at me
You may think you see
Who I really am
But you'll never know me
Every day
It's as if I play a part
Now I see
If I wear a mask
I can fool the world
But I cannot fool my heart
Who is that girl I see
Staring straight back at me?
When will my reflection show
Who I am inside?
I am now
In a world where I
Have to hide my heart
And what I believe in
But somehow
I will show the world
What's inside my heart
And be loved for who I am
Who is that girl I see
Staring straight back at me?
Why is my reflection
Someone I don't know?
Must I pretend that I'm
Someone else for all time?
When will my reflection show
Who I am inside?
There's a heart that must be
Free to fly
That burns with a need to know
The reason why
Why must we all conceal
What we think, how we feel?
Must there be a secret me
I'm forced to hide?
I won't pretend that I'm
Someone else for all time
When will my reflection show
Who I am inside?
When will my reflection show
Who I am inside?
ပျော်ရွှင်မှုနွေးထွေးတဲ့ အဝန်းအဝိုင်းဆိုတာ သီးသန့်နေရတဲ့ဘဝတွေရဲ့ အပြင်မှာလို့ထင်တယ်။
ReplyDeleteကိုယ်ကိုတိုင် ငယ်ငယ်က လမ်းတွေမှာ ရွယ်တူတွေနဲ့ရောပြီး ဘောလုံးကန်ခွင့်မရ...ရတော့လည်း သူတို့နဲ့တန်းတူ ရောပြီး မပြေးနိုင် မလွှားနိုင် ဖြစ်ပြီး..သူတို့ကစားနေတာတွေ အိမ်ရှေ့သံဇကာပေါက်ကနေ ငေးကြည့်အားကျခဲ့ဖူးတယ်...သူတို့ကတော့ ကစားလိုက် ငိုလိုက်နဲ့ပေါ..
နန်းညီ ဘာကို ဆိုလိုတယ်ဆိုတာ ခံစားမိတယ်...
ပိုစ့်ကောင်းလေးတစ်ခုပါပဲ..
နန်းညီရေ သူငယ်ချင်းဆိုတာ မျှဝေခံစားဖို့လို့ကိုယ်ကတော့ တကယ်ယုံကြည်တယ်။ “ကိုယ်ဘယ်လိုလူဆိုတာ သိသွားပြီးတဲ့နောက်မှာ ကိုယ်နဲ့ဆက်ရှိနေတဲ့သူဟာ ကိုယ့်သူငယ်ချင်းအစစ်ပါ” တဲ့။ ကိုယ်ကတော့ ကိုယ်သူငယ်ချင်းတွေကို အလေးထားပြီး သူတို့လိုအပ်တိုင်းမှာ ကူညီနိုင်ဖို့ အမြဲကြိုးစားခဲ့တယ်။ အဲဒီရလာဒ်ကတော့ ကိုယ်လိုအပ်တိုင်းမှာ (ကိုယ်ကူညီခဲ့သူတွေ အကုန်မဟုတ်တောင်) သူငယ်ချင်းတွေက ကိုယ့်အနားမှာရှိနေပေးကြတယ်။ မျှဝေခံစားတတ်ဖို့ပဲ နန်းညီကိုစေတနာနဲ့ အကြံပေးပါရစေ။
ReplyDeleteအူဝဲနေရာမှာ တစ်ခါမှ မနေဖူးခဲ့ဘူး....။
ReplyDeleteအူဝဲတို့ မှာလည်း FEEL ရှိနေတာပဲနော်..။
ဝဲ.. အဲ့ အဲ့.. ဝဲ.. အူဝဲ..))))))
ReplyDeleteနန်းညီ အရေးကောင်း..း)