အပြောင်းအလဲ

what's on my mind...
# လာမယ့် ဗုဒ္ဓဟူးဆိုရင် အသိုက်ကထွက်ပြီး အတောင်တွေအရင်လိုပြန်ဖြန့်ရတော့မယ်.. သားသားကို အိမ်မှာထားခဲ့ရမှာ စိတ်ထဲတမျိုးဖြစ်တယ်ဆိုပေမယ့် လုပ်ငန်းခွင်ပြန်ဝင်ရမယ် ဝင်ငွေပြန်ရှိတော့မယ် လူတွေနဲ့ပြန်စကားပြောရတော့မယ်ဆိုတာကို တွေးလိုက်ရင် ပျော်တယ်.. အမေနဲ့နေ့တိုင်း အနီးကပ်နေခဲ့တာ ၅ လ.. ခုတော့ အမေလည်းမရှိ အဖေလည်းမတွေ့ရ.. နေ့တိုင်းကျန်ခဲ့ရင် သားသားများ ဝမ်းနည်းမလား.. စိတ်မဆိုးပါနဲ့ သားလေးရယ်.. ဖေဖေတစ်ယောက်ထဲ ပိုက်ဆံရှာရတာ သနားပါတယ်နော်.. မေမေလည်း ပိုက်ဆံတွေရှာ.. သားသားအတွက်စုမှာပေါ့.. အလုပ်ချည်းပဲ ဖိမလုပ်ပါဘူး ပြန်လာရင် သားသားနဲ့ဆော့မှာပေါ့နော်.. တကယ်တော့လည်း သားသားကို စိတ်မချတာထက် သားသားနဲ့ နေခဲ့ပေးရမယ့် ကိုယ့်အမေကို ပိုပြီး စိတ်မချအားနာတယ်.. သိပ်များ ပင်ပန်းနေမလား သိပ်များ စိတ်ရှုပ်နေရမလား.. မနိုင်မနင်းဖြစ်တယ်ဆိုရင် မနက်သွား ညပြန် အိမ်အကူတစ်ယောက်လောက် ထပ်ရှာပေးရမယ်.. 

# အလုပ်ပြန်မဝင်ခင် နယ်က အဖွားဆီသွားဦးမယ်.. အဖွားက အသက်ကြီးပြီ.. မင်္ဂလာဆောင်တုန်းကလည်း မလာနိုင်တော့ သူ့ မြေးသမက်ကို မမြင်ဖူးသေးဘူး.. မြစ်ကလေးကိုလည်း မြင်ချင်တယ်.. ဖြစ်အောင်စီစဉ်ပြီး ဒီရက်ပိုင်းအတွင်း သွားမယ်.. ကိုယ့်ကားလေးကိုယ်မောင်းပြီး ညနေမပူတဲ့အချိန် သွားလိုက်ရင် နေပြည်တော်-ရန်ကုန်က ခဏလေးမောင်းရတာပါ.. သားသား ကားပေါ်မှာအိပ်သွားလို့ရအောင် ဂွမ်းကပ်ကြီး ခင်းပေးထားမှာပေါ့.. သား ဖေဖေ ကားမောင်းရတာ မပင်ပန်းအောင် တလှည့်မောင်းပေးမဲ့လူလည်း စီစဉ်ရမှာပေါ့.. 

# ကိုရဲအောင်သူနဲ့ date လုပ်ကြဖို့ ချိန်းထားတယ်... ဟိုသွားဒီသွား ဟိုစားဒီစား.. စကားလည်းပြောချင်တယ်.. ရုပ်ရှင်ကြည့်ဖြစ်မလားလဲမသိဘူး.. ဘာကားတွေ တင်နေပါလိမ့်..

2 comments:

  1. မထိုက်July 21, 2015 10:39 PM

    Minions တင်နေတယ်

    ReplyDelete
    Replies
    1. တူတူသွားကြည့်ကြစို့

      Delete

your comment please

Powered by Blogger.