ပြုံးပါ


မနက်ခင်းက ပြုံးပြတယ်
နေမင်းကြီးကပြုံးပြတယ်
ဘေးမှာကားမောင်းနေသူက ပြုံးပြုံးလေး..

လုပ်ဖော်ကိုင်ဖက်များက
လှမ်းပြုံးပြတယ်..
ကော်ဖီတစ်ခွက် အပြုံးတစ်ခု..

ဦးနှောက်ကို လှမ်းပြုံးပြဖို့
နှလုံးသားကို တိုက်တွန်းလိုက်ပါ..

လောကကြီးက လှပါတယ်..

No comments:

your comment please

Powered by Blogger.