ဖော်ပြုမိတ်ဆွေ


ရယ်မောသံများနဲ့ ဟာသဉာဏ်တွေကို
ခဏထုတ်သုံးလိုက်မယ်..
မနိုင်ဝန်ပိနေတဲ့ မေမေ့ကို
ရွှင်မြူးချမ်းသာစေဖို့..

အပြုံးတွေနဲ့ ချစ်ခင်ကြင်နာမှုတွေကို
ခဏထုတ်သုံးလိုက်မယ်..
ပင်ပန်းလွန်းနေတဲ့ ချစ်သူကို
နှစ်သိမ့်ကြည်လင်စေဖို့..

အားငယ်တာနဲ့ပင်ပန်းတာကိုဖယ်
ရဲရင့်မားမတ်တဲ့စိတ်တွေ ထုတ်သုံးလိုက်မယ်..
နုနုနယ်နယ် သားကလေး
နွေးထွေးလုံခြုံစွာ ကြီးပြင်းလာစေဖို့..

မျက်ရည်များနဲ့ ငြီးငွေ့မွန်းကျပ်တာတွေကိုတော့
အနားမှာပဲ ခေါ်ထားလိုက်မယ်..

အခွံကြီးဖြစ်နေတဲ့ ကိုယ့်ကိုအဖော်ပြုဖို့..

1 comment:

your comment please

Powered by Blogger.