ကြည့်မှန်တစ်ချပ်ရှေ့ ရပ်မိခြင်း
“ဘယ်လိုလဲ မိခင်ဘဝ အတွေ့အကြုံလေး၊ ပျော်ရဲ့လား”လို့ မေးလာတိုင်းမှာ ပြုံးမိတယ်.. “သိပ်ပင်ပန်းတာပဲ”လို့လည်း ဖြေခဲ့မိတယ်.. တကယ်ကတော့ ပင်ပန်းတာထက်ပိုတာက ခက်ခဲတာပါ..
မိန်းမတစ်ယောက် အမေဖြစ်လာတဲ့အခါမှာ အဲ့ဒိမိန်းမရဲ့ မူလ အခြေခံ စိတ်ဓာတ်နဲ့သဘောထားပေါ် မူတည်ပြီး မိခင်ဘဝမှာ ခက်ခဲတယ်နဲ့ မခက်ခဲဘူးက ကွဲပြားသွားတယ်လို့ ကိုယ်ထင်တယ်.. အိမ်မှာနေတာထက် အပြင်သွားအလုပ်လုပ်၊ ခရီးတွေသွား.. စွန့်စားမှုစိန်ခေါ်မှုကို မက်ပြီး အပေါင်းအသင်းများနဲ့ ပျော်တတ်တဲ့ ကိုယ့်အတွက်တော့ အိမ်ထဲမှာပဲ နေ့စဉ် ရိုးအီနေရတဲ့ ၃ လဟာ ငရဲပါပဲလို့ အမှန်ဆုံးဝန်ခံပါရစေ.. မနက်မိုးလင်းတိုင်း အိပ်ရေးမဝဘဲ မထချင်ဘဲ ထလာခဲ့ပြီး၊ ညတွေမှာလည်း နိုးတဝက်နဲ့ ဖြတ်သန်းနေရတာဟာ တကယ်လည်း ငြီးငွေ့စရာပါ.. ဒီကြားထဲမှာ သားသားကို စနောက်ရင်း သားသားရယ်ရင် လိုက်ရယ်ရင်း၊ သားသားငိုရင် စိတ်ပူရင်း၊ သားသားကို ပိုပိုချစ်လာခဲ့တာလည်း အမှန်ပဲ.. သားသားနားနေရတာ ပျော်တာမှန်ပေမယ့် ရွေးချယ်ခွင့်မရှိဘဲ သားသားနားမှာချည်းနေရတာကိုတော့ စိတ်ညစ်ပါတယ်.. ဒါကြောင့် တစ်ခါတရံ ကိစ္စရှိလို့ အပြင်သွားရရင် (ကိုယ်သိပ်မုန်းတဲ့ သွားဆေးခန်းသွားရတာကိုတောင်)ပျော်ခဲ့မိတာအမှန်ပဲ..
အလုပ်ပြန်လုပ်ရင် အပြင်တွေသွားရရင်တော့ အပြောင်းအလဲဖြစ်ပြီး အနည်းနဲ့အများ စိတ်သက်သာရာရသွားမယ်လို့ လူတိုင်းက အားပေးကြတယ်.. ဟုတ်ကဲ့.. အဲ့ဒီအချိန်ရောက်တော့လည်း အလုပ်ကတစ်ဖက်၊ မိသားစုကတစ်ဖက်နဲ့ တမျိုးပင်ပန်းဦးမှာပဲနော်.. ကိုယ်ဝန်ရှိကတည်းက စိတ်အပြောင်းအလဲ လူအပြောင်းအလဲနဲ့ ခက်ခဲခဲ့ပြီး ခု ကလေးမွေးပြီးနောက်ပိုင်းမှာလည်း အသားမကျနိုင် ခက်ခဲနေဆဲမို့ ကိုယ်ဟာ ကိုယ့်လင်သားအပေါ်မှာ တာဝန်တွေအများကြီး ပျက်ကွက်ခဲ့သူပါ.. ကိုယ့်စိတ်နဲ့ကိုယ်တောင် မတည်မငြိမ်နဲ့ သူ့စိတ်ဘယ်လိုရှိမယ်ဆိုတာကို စဉ်းစားစာနာပေးရင်း ပင်ပန်းနေရတာ.. အသေးအဖွဲလေးတွေ တဖြည်းဖြည်းစုရင်း ဘယ်အချိန်ထပေါက်ကွဲမလဲ စောင့်နေရတာလည်း ရင်ထိတ်စရာ.. ကိုယ်ဟာ စိတ်ဂယောက်ဂယက်နိုင်လွန်းသူပါ..
သားသမီးတာဝန်လည်းကျေချင်.. ဇနီးမယားကောင်းလည်းဖြစ်ချင်.. အမေပီသသူလည်းဖြစ်ချင်.. ကိုယ့်ဘဝကိုယ် လွတ်လပ်ပျော်ရွှင်စွာလည်းဖြတ်သန်းချင်.. လိုအင်လောဘကြီးသူပါ..
သားသမီးကို ဦးစားပေးရမလား.. ကိုယ့်လက်တွဲဖော်ကိုယ့်ခင်ပွန်းကို ဦးစားပေးရမလား.. နှစ်ယောက်စလုံးကို ဦးစားပေးလိုက်ပြီး ကိုယ်ကကိုယ့်ဘဝကို စွန့်လွှတ်လိုက်ရမလား.. ကိုယ့်အမေကတော့ အဲ့ဒီလိုလုပ်ခဲ့သူပဲ.. သူသင်ထားတဲ့ပညာ သူ့အလုပ်တွေကို စွန့်လွှတ်ပစ်ပြီး သားသမီးကို အချိန်ပြည့်ဂရုစိုက် ကိုယ့်အဖေအတွက် အမြဲအဆင်သင့်ရှိပေးခဲ့သူ.. သူပျော်ခဲ့ရဲ့လားလို့ ကိုယ်မမေးရက်ပါဘူး.. သူ စွန့်လွှတ်ရကျိုးနပ်အောင်တော့ ကိုယ်က လိမ္မာပေးချင်တယ်.. ခုချိန်မှာ သူစိတ်ချမ်းသာဖို့ ကိုယ်ကျန်းမာဖို့ကို ဦးစားပေးချင်တယ်.. “ငါ့ဘဝငါ အလကားစွန့်လွှတ်ခဲ့မိလေခြင်း”လို့ နောင်တမရစေချင်တာ ကိုယ့်စေတနာပါ..
အလုပ်ပင်ပန်းလွန်းသူ ကိုယ့်ခင်ပွန်းကို စိတ်သက်သာအောင် လူသက်သာအောင် ကူညီပေးချင်တယ်.. နွေးထွေးတဲ့ မျှဝေတတ်တဲ့ ဇနီးတစ်ယောက်ဖြစ်ချင်တယ်.. ကြည်လင်တဲ့ တက်ကြွတဲ့ ဝတ္တရားကျေပွန်တဲ့ ဇနီးဖြစ်ချင်တယ်.. လက်ရှိမှာတော့ သားကတစ်ဖက်၊ အိမ်ကိုစီစဉ်ရတာတမျိုး၊ ကိုယ့်ဘဝကိုယ် မကျေနပ်နေတဲ့စိတ်ကလည်းရှိနေတော့ ကိုယ့်အနားမနေနိုင်လောက်အောင် အလုပ်များတဲ့သူ့ကို ပြဿနာရှာ ငြူစူမိနေတာပဲ.. “စိတ်ညစ်လာပြီ”လို့ သူပြောလာချိန်မှာ အလန့်လန့်အဖျတ်ဖျတ်ဖြစ်သွားရတာ.. ကိုယ့်ကိုကိုယ် အဲ့ကျမှ သတိထားမိတာ.. ကိုယ်ဟာ တစ်ကိုယ်ကောင်းဆန်သူလား..
ကျန်းမာတဲ့ သန်စွမ်းတဲ့ သားလေးကိုကြည့်ရင်း ဂုဏ်ယူတတ်မိတာ အမှန်ပါ.. “တွေ့လား ငါ့သား.. ငါဂရုစိုက်နိုင်တယ်.. သားနားမှာ အချိန်ပေးနေတယ်.. သားကိုပြုစုတယ်.. သားဟာ မိခင်နို့အပြည့်အဝနဲ့ သန်စွမ်းကြီးပြင်းရတယ်”ရယ်လို့ ကြွားဝါချင်စိတ်ရှိတာအမှန်ပါ.. သားကိုကြည့်ရင်း စိတ်ကြည်နူးရတာအမှန်ပါ.. ဒါပေမယ့် တစ်ဆက်ထဲမှာပဲ သားကို ကိုယ်ဝန်ရှိကတည်းက ငါသွားချင်တာမသွားရဘူး ငါလုပ်ချင်တာတွေ မလုပ်ရဘူးလို့ စိတ်ထဲခုခဲ့တာလည်း အမှန်ပါပဲ.. ဘယ်သူဘာပြောပြော ငါ့သားအပေါ် ငါတာဝန်ကျေမယ်.. သားအတွက် တတ်နိုင်သလောက်အကောင်းဆုံးကိုပဲ ပေးချင်တယ်.. ငါ မလုပ်လိုက်မိလို့ နောက်တစ်ခုခုဖြစ်မှာ နောင်တမရချင်ပါဘူးလို့ တွေးခဲ့မိတာ.. ကိုယ်ဟာ အတ္တကြီးသူလား..
ဒါမှမဟုတ် အဲဒီ ၄ မျိုးစလုံး ဖြစ်နိုင်အောင် လုပ်လို့ရသလား.. ကိုယ်သိပ်မသိဘူး.. ၄ မျိုးစလုံးဖြစ်အောင်လုပ်ဖို့ သိပ်ပင်ပန်းမှာပဲလို့တော့ ခန့်မှန်းမိပါတယ်.. ငါတော့ သိပ်ပင်ပန်းမှာပဲလို့ ကိုယ့်ကိုကိုယ် တွေးသနားနေမိတယ်ဆိုရင် ကိုယ်ဟာ စိတ်ဓာတ်မပြည့်ဝသူလား..
လောလောဆယ်မှာတော့ ကိုယ်ဟာ ဆရာဝန်တစ်ယောက်ယောက်နဲ့ ဆွေးနွေးစကားပြောကြည့်ချင်လောက်အောင်ကို စိတ်ရှုပ်ထွေးနေတာပါ.. သားလေး ရယ်မောနေတဲ့အခါ စိတ်တွေ တက်ကြွလိုက်.. ကိုယ့်အမေ ကိုယ့်ကြောင့်ပင်ပန်းနေတဲ့အခါမှာ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်.. ကိုယ့်ယောက်ျားတစ်ယောက်ထဲ ရုန်းကန်နေတာကြည့်ရင်း ကိုယ့်ဘာကိုယ်ဒေါသထွက်လိုက်.. ငါ မပျော်နေပါလားလို့ ကိုယ့်ဘာကိုယ်သတိထားမိတဲ့အခါ ကျန်တဲ့အရာ ၃ မျိုးစလုံးကို လွှတ်ချပစ်လိုက်တော့မယ်လို့ တွေးမိလိုက်.. ကိုယ့်ရဲ့ ၃ လ အချိန်ဟာရှည်ကြာလှချည်လား..
I can totally relate to your feelings, confusions and shattered egos as I just gave birth to my son a year ago, in the middle of my second graduate studies ( still working on thesis O_o which is mission impossible now with baby, btw). Anyways, when we found out that one more member was joining our little team, I was just starting to make peace with my new life in a new country which I now call home. Although adapting to changes is a breeze normally for me given the fact that I spent most of my life studying and working in different countries, I discovered that the pain of having to give up things you love never gets old. And just when I thought I am back in the game, back to being intellectual engaged and career driven old self, once again I gave this all up for my litle one ( at least for now). It will get only harder once time passes by but believe me,sis, when I say this, it's totally worth it. There's nothing like motherhood despite sleep deprivation, foggy brain and zero soical life for awhile. My point is that you just have to accept that you are a mother now which means things are now different for you and also those who around you.Everything revolves around baby now so not much you can do to help your poor self, let alone others but don't ever feel guilty or imcompetent as nothing is harder than being a mother. Besides, babies grow so fast so enjoy the time with them while you can because they soon will no longer need your undevided attention like they do now. You will find your balance back eventually and learn to juggle the time between family, career, social life and hobbies. Also, consider yourself lucky as well as you have your whole clan to help you out (nuclear family life is a night mare, true story!!). After all, you gain some and you lose some as a mother. Hope this help tiny bit and sorry for the super long comment!!
ReplyDeleteငါကတော့ ညီ့ကို အားကျ..
ReplyDelete