Bloggers of Feb12

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တုန်းက.. နေ့လည် ၂ နာရီလောက်မှာ နန်းညီ အင်မတန်ပျော်နေခဲ့ပါတယ်.. ဘာလို့လဲဆိုတော့ အဲဒိနေ့ အဲဒိအချိန်တုန်းက little brook နဲ့အတူ အင်တာနက်ဆိုင်တစ်ခုမှာ ရှိနေခဲ့ပြီးတော့.. မမေရာနဲ့ ရှင်းသန့်ကလည်း အဲဒိကိုလာမယ်လို့ ချိန်းထားလို့ပါ.. အမှန်က အစတုန်းက Andy ကိုလာခဲ့ဖို့ ခေါ်ထားတာ.. ဒါပေမယ့် အဲဒိကောင်က တခြားတစ်နေရာ သွားစရာရှိနေလို့ လာဖို့မသေချာဘူးဆိုတာနဲ့ သူ့ဖုန်း comfirm ကိုစောင့်နေတာပါ.. နောက်တော့လည်း သူမပါဘဲ တွေ့ဖို့ချိန်းဖြစ်သွားတယ်.. ရှင်းသန့်နဲ့ဆုံဖို့ချိန်းနေကြတာ ကြာခဲ့ပြီ.. အဆင်မပြေ အဆင်မပြေနဲ့.. ခုတော့ အားလုံးလည်း ပိတ်ရက်မို့ တွေ့ကြမယ်လို့ သေချာချိန်းဖြစ်သွားပါတယ်.. ၂ နာရီလောက်လာမယ်.. အဲ့ဒိဆိုင်ကပဲစောင့်လို့.. ဂျီတော့ခ် ကနေပြောသွားကြပြီး.. ၂ ယောက်လုံး offline ဖြစ်သွားပါတယ်.. သူတို့ကလည်း တစ်ယောက်တစ်နေရာစီ .. သူတို့ဘာသာအရင်ချိန်းပြီးမှ နန်းညီကိုလာခေါ်မယ်ပြောပါတယ်.. ဖြစ်ချင်တော့ online ပေါ်မှာ လင်းအရုဏ်ကလည်း ရှိနေတယ်.. အဲဒါနဲ့ “လင်း.. လာမလား.. ရှင်းသန့်နဲ့ မေရာလည်းလာမယ်.. brook လည်းရှိနေတယ်.. Andy လည်း လာမယ်ပြောတယ်” လို့ မေးလိုက်တော့ သူကလည်း လာမယ်ဆိုတာနဲ့.. အားလုံးဆုံဖြစ်သွားတယ်..

ဟို ၂ ယောက်ရောက်လာတော့ အားလုံးမိတ်ဆက်ပေးပြီး.. အဲဒိနားက လက်ဘက်ရည်ဆိုင်ကြီးကြီးတစ်ခုမှာ မုန့်သွားစားကြတယ်.. brook ကတော့ မလိုက်နိုင်တော့လို့ ၄ ယောက်ပဲ သွားကြတယ်ပေါ့.. မုန့်စားသမျှ ဒကာခံရှင်းပေးတာကတော့ အစ်မကြီးမေရာပါပဲ.. (မမဂျီး.. ကျေးစ်.. သိပ်ချစ်တယ်!!!.. ဟိ) .. အဲဒိဆိုင်မှာ စကားပြောကြ.. စားကြသောက်ကြပြီး .. ပူလွန်းလို့ မနေနိုင်တော့တာနဲ့ပဲ.. လေးယောက်သား စိမ်းလန်းစိုပြေထဲ ရောက်သွားကြပြီး အင်းလျားကန်ဘေး မြက်ခင်းပြင်လေးမှာ ခြေပစ်လက်ပစ်ထိုင်.. စကားတွေ ဖောင်ဖွဲ့ကြပြန်ပါရော..

ဓာတ်ပုံတွေလည်း ရိုက်ဖြစ်သေးတယ်.. ဒါပေမယ့် သူတို့ပုံတွေကို ဘလော့မတင်ပါနဲ့.. တင်ရင် ဘာဖြစ်တယ်.. ညာဖြစ်မယ်.. ခြိမ်းခြောက်ကြပါတယ်.. မတင်ဘဲကလည်း မနေနိုင်တာနဲ့.. မြင်တဲ့အတိုင်း.. ပြုပြင်ပြောင်းလဲလိုက်ပါတယ်.. ဒါမှဝိနည်းလွတ်မှာကိုး..း)

(လင်း.. မမေရာ.. နန်းညီနဲ့ ရှင်းသန့်)

တစ်ယောက်နဲ့တစ်ယောက် ကျောပိုးအိတ်တွေကို ကြည့်ကြစပ်စုကြတယ်.. နန်းညီရဲ့ကျောပိုးအိတ် ပြာပြာလေးကက ကြည့်တော့ပြားပြားကပ်ကပ်.. ဒါပေမယ့် အထဲမှာက ပွစိကိုတက်လို့.. လေးကလည်းလေး.. ဒါပေမယ့် ဆော့စရာလေးတွေ.. ကြည့်စရာတွေ .. အခွေတွေ..

မမေရာရဲ့ကျောပိုးအိတ်အဖြူလေးက မ,လိုက်ရင်တော့ လက်မောင်းနာမတတ်လေးတယ်.. စာအုပ်တွေအများကြီးနဲ့.. စိတ်ဝင်စားစရာတော့ ဘာမှမပါ.. ဂျာနယ် ၂ စောင်ပါတာ.. ဖတ်နေရင် စကားမပြောမှာစိုးလို့ဆိုပြီး လွယ်အိတ်ထဲဖွက်ထားပါတယ်..

လင်းက ဘေးလွယ်အိတ်အမဲလေး.. လေးထောင့်အိတ်ကလေးက ဖောင်းကားနေလို့ ဘာတွေများလည်းစပ်စုတော့ ရေသန့်ဘူးကြီး.. တခြားဘာမှမပါ.. ပိုက်ဆံအိတ်ရယ် ဖုန်းရယ်.. ဖုန်းစာအုပ်လေးလား.. အဲဒါလောက်ပဲ.. တကယ်ကိုဘာမှမရှိဘဲ.. ဖောင်းကားနေတယ်..

ရှင်းသန့်ရဲ့ကျောပိုးအိတ်က လက်ပ်တော့ထည့်ရင်အဆင်ပြေအောင် ၀ယ်ထားတာတဲ့.. လေးထောင့် အကြီးကြီး.. အကန့် ၂ ကန့်နဲ့.. သူကလည်း စာအုပ်တွေပါတယ်.. မမေရာတောင်ငှားသွားသေးတယ်..

အဲဒါနဲ့ ညနေစောင်းတော့မှ.. အဲဒိကထပြန်လာကြ.. လှည်းတန်းကို စကားတပြောပြောနဲ့ လမ်းလျှောက်ဖြစ်ကြတယ်.. တစ်နေ့ခင်းလုံးဘာတွေပြောနေလဲ ဆိုတာကတော့ .. ဒီလိုပါပဲပေါ့နော်.. တစ်ယောက်နဲ့တစ်ယောက်မေးကြမြန်းကြ.. တခြားသူတွေ အကြောင်းကိုဆွေးနွေးကြ.. (အန်ဒီတို့.. ကိုဗီလိန်.. ကိုဂျဲ.. ကိုမျိုး..အကြောင်း.. အဲလိုပေါ့လေ.. :P ) .. လှည်းတန်းဘက်ကိုလျှောက်လာကြရင်း အနော်ရထာအိမ်ရာနားရောက်တော့ တုတ်ထိုးစားကြမယ်ဆိုပြီး.. အိဖူးက ၅ နာရီမှာ လှည်းတန်းက ကျူရှင်ဆင်းမယ်ဆိုတာ သတိရသွားလို့.. သူ့ကိုဖုန်းဆက်လှမ်းခေါ်ပြီး ကျန်သူတွေနဲ့ ထပ်မံမိတ်ဆက်ပေး.. တုတ်ထိုးစားကြ ပြောကြဆိုကြနဲ့.. ခြင်တွေတအားကိုက်လာမှ တုတ်ထိုးဆိုင်က ထပြန်လာကြပါတယ်..

စကားတွေလည်း အကြောင်းအရာအစုံ တ၀ကြီးပြောကြ.. မုန့်တွေလည်းစားရ.. ပျော်လည်းပျော်ရ... စိတ်ချမ်းသာစရာ ပြည်ထောင်စုနေ့လေးပါပဲ.. တခြားပြည်ထောင်စုသားတွေ စည်းလုံး မလုံးတော့မသိ.. Little Brook .. Mirror .. ရှင်းသန့်.. လင်းအရုဏ်.. အိဖူး.. နန်းညီတို့ မောင်နှမ ၆ ယောက်ကတော့ တွေ့ဆုံစည်းလုံးခဲ့ပါကြောင်း.. ...

14 comments:

  1. မနာလိုဘူးကွာ တူတို့ကတော့ စည်းစည်းလုံးလုံးနဲ့
    ဒီကတော့ ဖုန်းခေါ်ပြီးချိန်းရဦးမယ်။
    အွန်လိုင်းပေါ်တွေ့တာတောင် စကားမပြောဖြစ်ဘူး။
    ကိုယ်ဖာသာ ဘာတွေ ရှုပ်နေမှန်းမသိကျလို့း)
    ယဉ်ကျေးမှုဝန်ကြီးနဲ့တော့ တွေ့မယ် ချိန်းထားတယ်။
    နာယဲ အားကျမခံရေးစရာတွေရှိတယ်ကွ
    နောက်နေ့ရေးမယ်ဟေ့ ပုံတွေ ဝေေ၀ဆာဆာနဲ့လေး)

    ReplyDelete
  2. စည်းစည်းလုံးလုံး ရှိကြတာ တွေ့ရဖတ်ရတာ ၀မ်းသာပါတယ် တူမကြီးရေ့...
    အမြဲ အဲလိုပဲ နေကြ... ဟေ့...

    ReplyDelete
  3. သြော် ငဂျဲရယ်။ ဒါကတော့ ဟိုမှာနဲ့ ဒီမှာက ဘယ်တူပါ့မလဲကွယ်။ တွေ့ချင်ပါတယ်။ တစ်ရက်တော့ ချိန်းတာပေါ့ကွာ။

    ReplyDelete
  4. စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်စရာကြီးဗျို့ ...
    မကြာခဏ အဲလိုတွေ့ဆုံနိုင်ပါစေဗျာ ။ ဒီထက်လည်း လူတွေအများကြီးတွေ့ဆုံ နိုင်ပါစေ .. အဟေးဟေး

    ReplyDelete
  5. ပျော်စရာကြီး
    အဲလိုမောင်နှမတွေဆုံရရင်ကောင်းမှာ

    ReplyDelete
  6. ကြော်စရာကြီး....
    ဓာတ်ပုံ့ထဲမှာ မောင်ရှင်းသန့်က ပြောင်စပ်စပ်နဲ့နော်

    sin dan lar

    ReplyDelete
  7. အင်........ မစန္ဒာက အနော့်ကိုပြောင်စပ်စပ်နဲ့ တဲ့ဂျ........ ။
    အဲဒါ အန်တီနန်းညီကြောင့် ။
    ဘယ်ကဘယ်လို ပါးစပ်ပြဲတဲ့ပုံကြီးတပ်ပေးထားတာလဲဂျ ။

    Ps ; မစန္ဒာ ရေ..... အပြင်မှာ အဲဒီထက် ရုပ်ပြောင်တယ်ဗျ ဟီဟိ

    ReplyDelete
  8. ကောင်းပါတယ်ဗျာ :)

    ReplyDelete
  9. နန်းညီတို့ရေ... နောက်တစ်ခါ တုတ်ထိုးစားရင်.. လှမ်းခေါ်ပါဗျ

    ReplyDelete
  10. မနေ့ထဲက မန့်မလို့ပဲ၊မြန်မာစာရိုက်မရတဲ့ ဆိုင်ကြီးရောက်နေလို့...:(

    လူပုံတွေပေါ်မှာ တပ်ထားတဲ့ မျက်နှာဖုံးတွေက ငါတို့သုံးယောက်ကလွဲရင် သင့်တော်ပြီး တကယ်လဲ အပြင်နဲ့လိုက်ပါရဲ့.။
    ရှင်းသန့်ဆိုလဲ ပြုံးပြုံးလေးနဲ့၊လင်းကလဲ မျက်နှာလေးထောင့်ကျကျ ပုံလေးနဲ့..ငါကကျတော့ အပြုံးချင်သလို ပြုံးချင်သလိုနဲ့.......။အဲ့ ဒါမယ့် အသဲပုံ(သို့)နှလုံးပုံလဲ ဖြစ်နိုင်ပါသည် အဲ့တစ်ယောက်ကတော့ အဟဲ..တစ်ခုခုများလွဲနေသလားလို့ဗျ..။:PPPPP

    ReplyDelete
  11. ပျော်စရာကြီး စည်း၂ပြား၂ နဲ့ ဟီးဟီး ဘလော့ဂါတွေက အပြင်မှာတွေ့ရင် ကတယ့်ငယ်ပေါင်းတွေလိုနဲ့တော်တော်ထူးဆန်းတယ် ။း) နာ့အကြောင်းဘာတွေပြောပါလိမ့် :P

    ReplyDelete
  12. အပျော်လေးတွေ ကျတော့ဆီကို ကူးစက်သွားတယ်ဗျ။ ကန်ဘောင်သွားချင်တယ်ဗျာ ပြီးတော့ အနော်ရထာအိမ်ရာက ဝက်သားဒုတ်ထိုးလဲစားချင်တယ်။ ပြီးတော့ အဲ့ဒီဘေးက ခိုးကူးခွေဆိုင်က အခွေတွေလဲ ဝယ်ချင်သဗျ။ ပြီးတော့ လှည်းကလေးမှာ ဒိန်ချဉ်သောက် ..ဟားဟားမိုက်တယ်ဗျာ အဲဒီလိုသာ သွားရရင် ဘယ်လောက်ကောင်းမလဲ . ခုတော့ ပုလုကွေးတစ်ယောက် ခြင်္သေ့ကျွန်းမှာ စက်ရုပ်ဖြစ်နေတယ်ဗျာ

    ReplyDelete
  13. နာက ကောင်းမှု ကုစို လုပ်နေလို့ မလာဖြစ်တာ

    ReplyDelete
  14. အင်း .......... သတိ ၀ီရိယ လေးတော့ နည်းနည်းထား ကြနော် ။

    စေတနာ အရင်းခံဖြင့် သတိပေးခြင်း သာ....

    ReplyDelete

your comment please

Powered by Blogger.