မင်းထက်မောင်ရဲ့ကမ္ဘာ,နန်းညီရဲ့ကမ္ဘာ

တစ်ခါတလေ စဉ်းစားမိတယ်.. ကိုယ်တိုင်ရှင်သန်နေရတဲ့လောကကြီးမှာ တစ်ယောက်ယောက်ကများ ကိုယ့်ကို အကွက်ချဖန်တီးနေသလားမသိဘူးလို့.. ကိုယ်လုပ်မယ်စီစဉ်မှ အကြောင်းကြောင်းကြောင့်ပျက်ဆီးသွား.. ဘာလုပ်လုပ် ရှုံးနိမ့်.. မျှော်လင့်ချက်တွေပျက်.. အိပ်မက်တွေ မျှော်လင့်ချက်တွေကို လွှတ်ပစ်ချင်လာမိတဲ့အထိ.. နှိပ်စက်တယ်.. ဖတ်ဖူးတဲ့ကဗျာလေးထဲကလိုပဲ.. .. “ကံဆိုးလိုက်ပုံများ.. ငါခေါက်မယ့်အလှည့်မှ အံစာကပျောက်သွားတယ်” တဲ့.. အခုလည်းအဲဒီလိုပဲ.. အံစာခေါက်လိုက်လို့ ဘာဂဏန်းကျကျ.. ခေါက်ခွင့်ရလိုက်တာကမှ တော်သေးတယ်.. ခုတော့ ကိုယ်ခေါက်ရမယ့်အလှည့်ကျမှ အံစာက ပျောက်သွားတယ်.. Anyway..
မဂ္ဂဇင်းထဲမှာ ဖတ်မိတဲ့ ကဗျာလေးတစ်ပုဒ်ပြန်တင်ပေးမယ်.. ရေးသူက မင်းထက်မောင်တဲ့.. ဘယ်ထဲမှာ ဖတ်မိတာလည်းတော့ မမှတ်မိတော့ပါ.. ဘာလေးလိုလိုနဲ့ တော်တော်သဘောကျဖို့ကောင်းလို့ ရေးမှတ်ထားမိတာ.. အခုပြန်တင်ပေးလိုက်ပါကြောင်း..

ကမ္ဘာ
..................................................
သူလည်း သူ့အသံနဲ့သူ
ကိုယ်လည်း ကိုယ့်အသံနဲ့ကိုယ်
အော်ကြတယ်။
ပျော်စရာမကောင်းဘူးလား ။

သူလည်း သူ့ကမ္ဘာနဲ့သူ
ကိုယ်လည်း ကိုယ့်ကမ္ဘာနဲ့ကိုယ်
ပျော်ကြတယ်။
အော်စရာမကောင်းဘူးလား ။ ။

7 comments:

  1. အော်..သူများလည်းသေမယ့်နှစ်ကျမှစစ်ထဲလိုက်မိသလိုဖြစ်နေပါတယ်
    ဆိုမှ..သူတို့ကမ္ဘာတွေနဲ့လာတိုးနေတယ်။ ကိုယ်လည်းကိုယ့်ကမ္ဘာနဲ့ကိုယ်
    အော်ဟစ်နေပါတယ်။ဘယ်သူကြားကြားမကြားကြား..း(

    ReplyDelete
  2. သူလည်း သူ့ကမ္ဘာနဲ့သူ
    ကိုယ်လည်း ကိုယ့်ကမ္ဘာနဲ့ကိုယ်
    ပျော်ကြတယ်။
    အော်စရာမကောင်းဘူးလား ။ ။
    မကောင်းဘူး လည်ချောင်းနာလို့း)

    ReplyDelete
  3. ဂြိုလ်တွေလို ကိုယ့်လမ်းကြောင်းနဲ့ကိုယ်လည်ပတ်ရင်း
    ကြယ်တွေလို ကိုယ့်အပူနဲ့ကိုယ် လောင်ကျွမ်းရင်း
    ဘ၀ကို ဘ၀နဲ့ ဂဟေဆက်မိတယ်.....

    အဲဒီကဗျာနာမည်က သူငယ်ချင်းတဲ့မိညီမ ဖရိုဖရဲဖြစ်စဉ်တွေထဲမှာတောင် အစီအစဉ်ရှိတယ် ခေးအော့စ်လေ ကိုယ့်ဟာကိုယ်လောင်ကျွမ်းနေလည်း ဂဟေဆက်ထားသူတွေနဲ့ ပျော်အောင်နေဖို့ကြိုးစား

    ReplyDelete
  4. ဘ၀ ဆိုတာဒီလိုပါဘဲ..။ကောင်လေး လည်းခဏ ခဏ အဲလို ကြုံနေရတယ်..။ နောက်ပိုင်းတော့လည်း အရေထူသွားပါတယ်..။
    ပျော်စရာလည်ကောင်းဘူး....အော်စရာလည်းကောင်းဘူး..။
    ငိုချင်တာဘဲသိတယ်..။

    ReplyDelete
  5. ပျော်နိုင်ပါစေ၊ အော်နိုင်ပါစေ၊ အကျယ်ကြီး အော်ဟစ်နိုင်ပါစေ ဗျာ။

    ReplyDelete
  6. ဟော....ဒီက
    ပဲပြုတ်.......

    ReplyDelete

your comment please

Powered by Blogger.