ရူးပေါဂိုဏ်းကိုတည်ထောင်ခြင်း

တွေ့ကရာရှစ်သောင်းတွေရေးတဲ့ မောင်အန်ဒီလက်ဆော့လိုက်တာနဲ့ပဲ ရူးပေါပေါဂိုဏ်းကိစ္စက ကျယ်ပြန့်သွားတော့တာ..
စိတ်ဝင်တစားလာရောက်မေးမြန်းသူများကိုလည်း ကျေးဇူးတင်ပါတယ်..
ရူးပေါဂိုဏ်းဝင်ချင်သူများအနေနဲ့ ဒီ Random မှာပဲဖြစ်ဖြစ် ဂိုဏ်းချုပ် မှာပဲဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ပါတယ်.. အသင်းအမှုဆောင်များကတော့ နန်းညီ..ဗီလိန်.. အန်ဒီနဲ့ ဂျဲဂျယ်တို့ပါပဲ.. စည်းကမ်းချက်ကတော့ အမှန်တကယ်ရူးရပေါရမယ် ဆိုတာကလွဲပြီး ထွေထွေထူးထူးမရှိပါဘူး.. ဂိုဏ်းရဲ့ ပုံမှန် လုပ်ငန်းတွေကတော့ ကိုယ့်ဘလော့မှာ ကိုယ် စိတ်ကြိုက် ရူးခြင်းပေါခြင်းများနဲ့ တစ်ခါတရံ သူများဘလော့လည်ပေါခြင်း.. Tag Post များကို အသုံးပြုကာ သူများတကာတွေနဲ့အတူရူးခြင်းတို့ပဲဖြစ်ပါတယ်..

ဂိုဏ်းဖွဲ့စည်းပုံကတော့..

သဘာပတိ - ကိုဂျဲဂျယ်
နာယက - မတူးတူးသာ
ဥက္ကဌ - ကိုအန်ဒီ
အတွင်းရေးမှူး ၁ - ကိုဂါဒင်နာ
အတွင်းရေးမှူး ၂ - ကိုဗီလိန်
စည်းရုံးရေးအမှုဆောင် - နန်းညီ
အကြံပေးအရာရှိ - ခပ်ပိန်းပိန်းလေး
အသင်းသားချုပ်ကြီး - ခေါင်ခေါင်

အဖွဲ့ဝင် ၁ - daydreamer (ကိုယ်ပိုင်ဘလော့မရှိသော်ညား ဥက္ကဌနဲ့ အမှုဆောင်တို့မျက်နှာဖြင့် အသင်းဝင်ဖြစ်လာသူ)
အဖွဲ့ဝင် ၂ - www.punkrockmee.co.cc (မပေါဖူးပေမယ့် ပေါချင်လွန်းလို့ပါဆိုလို့ လက်ခံလိုက်ရသူ)
အဖွဲ့ဝင် ၃ -
အဖွဲ့ဝင် ၄ -

တို့ပဲဖြစ်ပါကြောင်း..

အဖွဲ့ဝင်သစ်များကို ဆက်လက် ကြိုဆိုပါ၏

12 comments:

  1. အဘယ်ကြောင့် ကျတော်က အသင်းအမှုဆောင်ဖြစ်ရပါသလဲ။ အဖွဲ.၀င်အဖြစ်သာ သင့်တို.ကို ကျွန်ုပ်နာမည်နာမရေးထိုးခွင့်ပြုတာပါ။ သင့်တို. ကျွန်ုပ်၏ရှေ.နေနဲ.အရင် ဆွေးနွေးသင့်သည်။ ပုံ/ ဂျဲဂျယ်ရဲ. ပြောရေးဆိုခွင့်ရှိသူ

    ReplyDelete
  2. ငါက ငှက်ကထ ကြီးကွ ဝါးဟားးဟားးးဟားး

    ReplyDelete
  3. ကိုဂျဲဂျယ် အမှုဆောင်မကြိုက်ရင် ကမ္ဘာငတိ လုပ်..
    ငှက်ကထ အန်ဒီကတော့ ဒီအတိုင်းပဲရှိပါစေတော့ အတွင်းရေးမှူး ကိုဂါဒင်နာကြီး ကိုလည်း ခေါ်ထားဦးဗျ.. နာယကကြီး မတူးတူးသာလည်း အသင့်ပဲ.. ကဲ ကဲ ထိပ်သီးအဖွဲ့ဝင်တွေတော့ရှိနေပြီ.. အဖွဲ့ဝင်လိုသူများ အမြန်စာရင်းသွင်းကြပါ.. အသေးစိတ်သိလိုပါက kool.arty@gmail.com ကိုဆက်သွယ်ပါ..
    ပုံ/စည်းရုံးရေးမှူး အမှုဆောင် နန်းညီ

    ReplyDelete
  4. အလို မယ်နန်းညီ ဘောက်မဲ့ကြောင့် ကျွန်ုပ်က တာဝန်များထမ်းဆောင်ရမှလဲ ဂျီးထော်နွားမကျောင်းနိုင်ပေါင်ဗျာ လစာဆင့်ကာပူငွေကြေး ၁၀၀၀၀၀၀ ပေးပါက စဉ်းစားမည်။

    ReplyDelete
  5. နာယကကြီး လာသွားတယ်ဟေ့ ... :P

    ReplyDelete
  6. ကျတော်လည်းဂိုဏ်းဝင်ချင်တယ်ဗျ
    ဒါပေမယ့် ကျတော့်မှာ ရူးပေါပေါ့လုပ်မယ့် ဘလော့မရှိဘူးဖြစ်နေတယ် ကျတော့်ဘလော့ကတခြားလိုင်းဖြစ်နေတယ် အဲဒါဘယ်လိုလုပ်ရမလဲဟင်
    ပြောကြပါဗျ
    ရူးချင်လွန်းလို့ပါ
    ဟီးးးးးးးးးး

    ReplyDelete
  7. မေ့လို့ဗျ
    ကျတော့ဘလော့က www.punkrockmee.co.cc

    ReplyDelete
  8. ဟဲလို နန်းညီ
    ကျွန်တော့ကို အတွင်းရေးမှူးခန့်တယ်ပေါ့နော်
    ကျွန်တော်က အတွင်းရေးမှူးနီးပါးလောက် ပေါရမှာပေါ့
    ပေါပါ့မယ်ခင်ဗျာ ပေါပါ့မယ်...
    ဟေဟေး မိုက်တယ်ဟေ့
    တို့ကအတွင်းရေးမှူးဆိုတော့
    တားတားလုပ်ချင်တာလုပ်လို့ရပြီ

    ReplyDelete
  9. ကျုပ်လည်းရူးချင်လို့ အဖွဲ့ဝင်တစ်နေရာလောက်များရနိုင်မလားဟင်

    ReplyDelete
  10. တယ်ဟုတ်နေကြပါလား.. မယ်ညီငါလဲ အသင်းဝင်မယ် .. အရူးတွေကို ကြည့်ကျက်ထိန်းဖို့ ငါ့ကို အကောင်းလေး တစ်ယောက်လောက်ပါမှဖြစ်မှာ.. ငါကဘာလုပ်ရမလဲ.. ကမ္ဘာငတိ ကြီးကိုသွားမေးမှနဲ့တူတယ်.. နော်..

    ReplyDelete
  11. ကျတော်ကတော် ခပ်မာမာပြောလို.ရပြီ ညီက သဘာငတိဆိုတော့ ကဗျာမွှေတို.တော့ နေရာတစ်နေရာ ရပြီကွ။ ဟင်းဟင်း ။ ဒါမှ ငါ့ညီလေးကွ။

    ReplyDelete
  12. ရူးချင်တိုင်းရူးကုန်ကြပီပေါ့.. ဟီးဟီး..
    ကောင်း၏..ကောင်း၏... ကဲ.. ဒါဆို ရူးလိုက်ကြစို့.. ဟဲဟဲ... :P :P

    ReplyDelete

your comment please

Powered by Blogger.