စားသောက်ဆိုင်ညွှန်း။ ဗီယက်နမ်စာ Golden Pho
ယောမင်းကြီးလမ်း (ရှေးခေါ် ယောက်လမ်း)နားတဝိုက်မှာပဲ ယောင်လည်လည် ဖြစ်နေတဲ့ သကာလ.. ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရွှေတိဂုံဘုရားလမ်းဘက်နီးတဲ့ဘက်နားက ဗျက်နမ်စားသောက်ဆိုင် Gloden Pho` ဆိုတဲ့ဆိုင်မှာ နေ့လည်စာ စားဖြစ်ပါတယ်..
ဗျက်နမ်စာတွေကို ကြိုက်ပါတယ် (များများတော့လည်း မစားဖူးပါဘူး).. ဒါပေမဲ့ စားဖူးသလောက်မှာ သူတို့အစားအသောက်က အဆီနည်းတယ်.. အရသာပေါ့တယ်.. အချဉ်ကဲပြီး အရည်များများသောက်ရတဲ့ဟာမျိုးကို ဦးစားပေးတာ သတိထားမိပါတယ်.. ပြောရရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်သည်ပေါ့..
နေ့ခင်းနောက်ကျမှ ရောက်သွားတော့ ဗျက်နမ်စာထဲမှာ နာမည်ကြီးဖြစ်တဲ့ spring roll ခေါ်တဲ့ ကော်ပြန့်လိပ်တွေ မရတော့ပါဘူး.. ကုန်ပြီ.. rice roll တော့ရသေးပေမဲ့ မစားချင်လို့ မမှာဖြစ်ဘဲ ခေါက်ဆွဲမှာစားပါတယ်.. ကြက်သားလုံးခေါက်ဆွဲ နဲ့ အမဲသားခေါက်ဆွဲမှာတယ်.. စားလိုက်တဲ့အချိန်မှာ သိသာတာက အချိုအရသာပါ.. ဟင်းရည်က အမဲသားခေါက်ဆွဲမှာ ပိုပြီး ချိုတာသိသာပါတယ်.. လေးလေးပင်ပင်ရှိပါတယ်.. အမဲသားစားတယ်ဆိုရင် အမဲသားခေါက်ဆွဲကို မှာစားဖို့ တိုက်တွန်းချင်ပါတယ်..

dried noodle ဆိုပြီးမှာလိုက်တဲ့ဟာက မုန့်ဖတ်သုတ်လိုမျိုးပါ.. ဝက်သား pork stew နဲ့မှာစားကြတာပါ.. သူ့ခေါက်ဆွဲအရသာကို ပြင်ဆင်ထားတာက ပေါ့ပါတယ်.. ဒါပေမဲ့ ပေါ့တယ်ဆိုပြီး ကိုယ့်အကြိုက်အရသာရအောင် ဟိုထည့်ဒီထည့်တွေ ထပ်မထည့်ဖို့ (စကားနားထောင်မယ်ဆိုရင်) မှာချင်ပါတယ်.. ဘာလို့လဲဆိုတော့ pork stew ကို အသားနယ်ထားတာက အရမ်းကို အရသာလေးပါတယ်.. သူက ဒါကြောင့်လည်း ခေါက်ဆွဲပြင်တာမှာ အရသာကိုပေါ့ထားတာလည်းဖြစ်နိုင်ပါတယ်.. နည်းနည်းလေးပဲ မြည်းပြီး ပေါ့တယ်ဆိုပြီး ခေါက်ဆွဲထဲမှာ ဟိုဒါဒီဒါတွေ ဖြည့်ထည့်လိုက်ရင် တကယ်အသားနဲ့ တလုတ်စီတွဲစားတဲ့အခါ အရမ်းအီသွားပါလိမ့်မယ်..
မြင်တဲ့အစားစာထမင်းကြော်.. စီးဖုထမင်းကြော် ကတော့.. သူကတော့ ဗျက်နမ်စတိုင်လို့ပြောထားပေမဲ့ ပသျှူးထမင်းကြော်ကဲ့သို့ ခပ်ဆင်ဆင်တူပါတယ်.. starter အဖြစ်မှာစားတဲ့ ဝက်သားလုံးကင်ကတော့ portion နည်းတော့ အုပ်စုလိုက်သွားတဲ့ nN တို့ အဖွဲ့အတွက် ဘယ်ချောင်မှတောင် မကပ်ဘဲဖြစ်သွားပါတယ်.. အရသာကတော့ ထုံးစံအတိုင်း ခပ်ပြင်းပြင်းပါပဲ.. ဒါပေမဲ့ အရသာကောင်းပါတယ်.. အထူးသဖြင့် pickled vegetable တွေက အရသာ တော်တော်အဆင်ပြေပါတယ်.. pickled vegetable တွေနဲ့ ညှပ်ထားတဲ့ အသားညှပ်ပေါင်မုန့်က တော်တော်ကောင်းတယ်ပြောပါတယ်.. မစားခဲ့ဘူး လို့..

နောက်တော့ အအေးသောက်ပါတယ်.. ပဲနီ အအေးက ပဲနီအရသာတော်တော်လေး ဆိမ့်ပြီး သောက်လို့ကောင်းလို့ ညွှန်းချင်ပါတယ်.. တစ်ခုထပ်ပြီးပြောချင်တာက တော်တော်ဗိုက်ပြည့်အောင် စားခဲ့သောက်ခဲ့သော်လည်း တခြားဟာတွေစားသလို အီဆိမ့်အိပ်ငိုက်တာမျိုး မရှိဘဲ သက်တောင့်သက်သာလေး နေလို့ကောင်းပါတယ်.. ဒါကြောင့် ဒီဆိုင်ရယ်လို့ မဟုတ်ဘဲ ဗျက်နမ်စာဆိုရင် စားသင့်တဲ့အစားပဲလို့ ဦးနှောက်မှာ မှတ်ထားလိုက်ပါကြောင်း......
~nN

No comments:
your comment please