ထိုသောတိမ်ဖြူ

တိမ်များကို ကိုယ်ချစ်သည်..
တိမ်တို့သည်
လှောင်ပြောင်ခြင်းကို မလုပ်တတ်..
စကားတင်းလည်းမဆို..
သရော်မော်ကားမျက်လုံးများလည်း
မရှိကြချေ။

ထို့ကြောင့်

ထိုသောတိမ်ဖြူများကို
မြင်ရနိုင်သည့် ပြတင်းပေါက်များနားမှာ
ကိုယ့် အလုပ်ခွင့် ရှိနေချင်ပါသည်..
ကိုယ့်ဆေးလိပ်ငွေ့များအား တိမ်တို့နှင့် အတူခရီးသွားပါစေလား..

ထိုသောတိမ်ဖြူတို့
ငိုကြွေးဝမ်းနည်းသောအခါ
သူတို့မျက်ရည်များကို ကိုယ် ထိတွေ့ခံယူချင်ပါသည်..
အေးစက်သော သိပ်သည်းသော သူတို့မျက်ရည်စက်များကတဆင့်
သူတို့ နာကျင်မှုများကို ကိုယ် ကူးစက်ခံစားပါရစေ..

ထိုသောတိမ်ဖြူများ
ဝန်းရံကာသည့် ဝရံတာမှာ ကြာရှည်လေးမြင့် ရပ်ငေးနေလျှင်
တားမြစ်ခြင်း မပြုစေချင်..
တိမ်များဆီသို့ ကိုယ် ခြေလှမ်းလျှင် ကိုယ်ခန္ဓာမည်သို့ ဖြစ်ကျန်ပါစေ
ကိုယ်ဂရုမစိုက်..
စိတ်ဝိဥာဉ်က သူတို့နှင့်အတူ လိုက်ပါသွားနိုင်လိမ့်မည်..

တိမ်များကို ကိုယ်ချစ်သည်..
တိမ်တို့သည်
သူတို့ကိုယ်တိုင် လေထု၏ ပြုပြင်ပြောင်းလဲမှုကိုခံယူနေရခြင်းကြောင့်
သူတပါးအား
လှောင်ပြောင်ခြင်းကို မလုပ်တတ်..
စကားတင်းလည်းမဆို..
သရော်မော်ကားမျက်လုံးများလည်း
မရှိကြချေ။

10 comments:

  1. တိမ်တွေကို ကိုယ်သိပ်ချစ်ပါတယ်... ဒါပေမယ့် တိမ်တွေဟာ တဆိတ်တော့ အပြောင်းအလဲများလွန်းတယ်... လေယူရာ ပါနိုင်လွန်းတယ်... လို့ စိတ်အချဉ်ပေါက်လာချိန်တွေမှာ တွေးမိတယ်...

    သူတပါးအား လှောင်ပြောင်ခြင်းကို မလုပ်တတ်..
    စကားတင်းလည်းမဆို.. သရော်မော်ကားမျက်လုံးများလည်း မရှိကြချေ... လို့ ဆိုပြန်တော့လည်း... ချစ်တဲ့စိတ်နဲ့ ခေါင်းညိတ်မိတာပါပဲ...။

    ReplyDelete
  2. အော်...
    တိမ်တွေ မျက်နှာများတာ..
    တိမ်တွေ ခုတမျိုး တော်ကြာတမျိုးဖြစ်တာ..
    တိမ်တွေ လှောင်ရယ်တတ်တာ..
    တိမ်တွေ အရောင်ပြောင်းတတ်တာ...
    တိမ်တွေ ပြိုမယောင်ယောင်..ငိုသယောင်ယောင်
    ဟန်ဆောင်ကောင်းတာ...
    တိမ်တွေ....
    တိမ်တွေ....
    တိမ်တွေ......
    ............
    အရင်ကတော့ တိမ်တွေကို သိပ်ချစ်ခဲ့တာပေါ့..။
    အခုတော့ ...
    ဝေးဝေးကသာ လွမ်းပါမည်..။


    ပေါက်

    ReplyDelete
  3. ခုန်ချသွားတာလား ဝရံတာကနေ ?

    ReplyDelete
  4. အေ နောပ်ဆုံးပြောရမယ်ဆိုရ်လည်း ။ ပြတင်းပေါက်ရှိတဲရုံးတက်ချင်တာရယ် ။ မိုးရေထဲထွက်နေဖို့၇ယ် ။ တိမ်တွေမြင်ရင်ခုန်ချမယ်ရယ် ။ မဟုတ်လား

    ReplyDelete
  5. မိုးတိမ်
    နေရောင် သေရည်ကို ခွက်လှည့်သောက်သုံး
    ကောင်းကင် ခရီးသွား
    လျှပ်စစ် ခရင်းခွ မကြောက်တဲ့သူတွေ...။း)
    [ မှတ်မိထားတဲ့ တိမ် နဲ့ အတွေးတွေ....း) ]

    ReplyDelete
  6. မှတ်မိသေးလား
    တိမ်ဘယ်နှမျိုး ရှိလဲ မေးတာ
    တိမ်မျှင်၊ တိမ်တောင်၊ တိမ် ဘာညာ
    နေဦး တီစာနည်းနည်းဘတ်ပြီး ရေးအုံးမယ် တိမ် ဘယ်နှမျိုး ရှိတဲ့ အကြောင်း

    ReplyDelete
  7. အော် ကဗျာ ကိုပြောဖို့မေ့သွားတယ်
    သိပ်ကြိုက်တာပဲ နောက်ဆုံး အပိုဒ် ကို အထူးသဖြင့် ကြိုက်တယ်

    ReplyDelete
  8. တိမ်တွေကချစ်ဖို့ကောင်းတယ်၊နနရဲ့ :)

    ReplyDelete
  9. အားနာပါးနာ မဟုတ်ဘူးညီရ။
    တကယ်ကြိုက်တာ။ ဟိုးနေ့တွေထဲကဖတ်ပြီးဘီ။
    အမ ကွန်ပျူတာ ပျက်နေတာနဲ့ ကောမန့်မပေးဖြစ်တာ။
    စာများများရေးပါကွ။

    ReplyDelete

your comment please

Powered by Blogger.