စိတ်အားလျော့ငယ်

ဘာကိုမဆို မမျှော်လင့်ဘဲ အလိုက်သင့် အသားကျနေထိုင်နိုင်ဖို့ကို
မျှော်လင့်မိပြန်ပြီလေ..
သေးဖွဲသည်ဖြစ်စေ ကြီးကျယ်သည်ဖြစ်စေ.. ရိုက်ချိုးခံရသော
မျှော်လင့်ချက်တိုင်းသည် လူကို ထိခိုက်နာကျင်စေသည်မှာတော့ အမှန်ပင်..
အေးချမ်းငြိမ်သက်သော မျှော်လင့်ချက်အချို့ကို အစိုင်ခဲလိုက်
ကြီးမားထုထည်ဖြစ်လာစေသည်မှာ ဘယ်အချက်တွေများလဲ.. မသေချာ မရေရာခြင်း
သဘောကို သိပါလျက်နဲ့ ဘာကိုများ စိတ်ချယုံကြည်စွာ မျှော်လင့်နေမိတာလဲ..
ပြန်မေးမိတော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာသည်..
ညနေတို့သည် တိတ်ဆိတ်အေးစက်စွာ ကိုယ့်ကို ဖြတ်ကျော်သွားကြစမြဲ..
ဒီလိုရက်နေ့တွေကို ကိုယ်အရင်က သဘောကျခဲ့ဖူးသည်.. ခုတော့ ကိုယ့်ကို ဘာက
ပြောင်းလဲလိုက်ပြီလဲမသိ.. ကြီးရင့်လာခြင်းလား.. ငြီးငွေ့ခြင်းလား..
တွယ်တာခြင်းကြောင့်လား.. ကိုယ့်ပတ်လည်မှာ ဘာကြောင့် မေးခွန်းတွေပဲ
ဝိုင်းလည်နေသလဲကွယ်..
မယုံကြည်တတ်သော စိမ်းကားအေးစက်သော နှလုံးမနွေးထွေးသော ယခင်က ကိုယ် ပြန်ဖြစ်လိုပါ၏..

8 comments:

  1. မယုံကြည်တတ်သော စိမ်းကားအေးစက်သော နှလုံးမနွေးထွေးသော ယခင်က ကိုယ် ပြန်ဖြစ်လိုပါ၏..



    ပေါက်

    ReplyDelete
  2. ဘာကိုမဆို မမျှော်လင့်ဘဲ အလိုက်သင့်
    အသားကျနေထိုင်နိုင်ဖို့ကို
    မျှော်လင့်မိပြန်ပြီလေ..။


    ပေါက်

    (အပေါ်အောက် ဇောက်ထိုး ခံစားသွားတယ်)

    ReplyDelete
  3. ဒီလို အနေကြာရင် နှလုံးသား မနွေးထွေးသူ ပြန်ဖြစ်သွားမှာ ခဏလောက့်စောင့်လိုက်

    ReplyDelete
  4. အေးချမ်းငြိမ်သက်သော မျှော်လင့်ချက်အချို့ကို အစိုင်ခဲလိုက်
    ကြီးမားထုထည်ဖြစ်လာစေသည်မှာ ဘယ်အချက်တွေများလဲ..
    ( အဖြေ= မေးခွန်းများ ) ဘယ်နှမှတ်ရလဲဟင် ?
    N/A

    ReplyDelete
  5. (မယုံကြည်တတ်သော စိမ်းကားအေးစက်သော နှလုံးမနွေးထွေးသော) ကိုယ်နဲ့ တကယ် မသက်ဆိုင်လေတဲ့လူတွေ အပေါ်မှာပဲ ထားပေါ့။

    ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်တဲ့ လူတွေ အပေါ်မှာ ဘာလို့ အဲလို သဘောထားရမလဲ။

    ReplyDelete
  6. တိုက်ရိုက်ပတ်သက်တဲ့လူကမှ ကိုယ့်ကို နာကျင်အောင် ပိုလုပ်နိုင်တာလေကွာ

    ReplyDelete
  7. ကိုယ်သည်ပဲ နာကျင်မှု ကို ချစ်မြတ်နိုးတတ်သူဖြစ်နေပြီလား....
    ကိုယ့်ကို ကြင်နာ သူ ကို ကိုယ်က မကြင်နာ နိုင် ကိုယ့် ကို နာကျင်စေသူကိုတော့ ကိုယ်က မနာကျင်စေနိုင်ပြန်
    ထိုသို့ဖြင့် ကိုယ့်ဘာသာ အဖြေရှာမရ
    မျှော်လင့်ချက်မဲ့မှုများဖြင့် ထိုသို့ သော် ဘဝမှ လွတ်ကင်းရန် မျှော်လင့်နေမိပြန်သည်......

    ReplyDelete
  8. ရိုက်ချိုးခံရသော
    မျှော်လင့်ချက်တိုင်းသည် လူကို ထိခိုက်နာကျင်စေသည်။ ။
    အလိုက်သင့် အသားကျနေထိုင်နိုင်ဖို့ကို
    မျှော်လင့်မိပြန်ပြီ။ ။
    မယုံကြည်တတ်သော စိမ်းကားအေးစက်သော နှလုံးမနွေးထွေးသော ယခင်က ကိုယ် ပြန်ဖြစ်ပါသည်။ ။

    nn

    ReplyDelete

your comment please

Powered by Blogger.