နင်းကြမ်း

ဆိုင်ကယ်တွေ စက်ဘီးတွေပေါ်က မဆင်းတဲ့မြို့
ပွင့်လင်းပေမယ့် ဆန်းပြားမှုမရှိတဲ့မြို့
“မင်းကိုကိုယ် နက်နက်ချိုင်းချိုင်းကို ရှစ်ပါတယ်ကွာ..
ချုပ်ချုပ်ချက်ချက်တွေလည်း မလုပ်ပါဘူး” ဆိုတဲ့မြို့..
ရုတ်တရက်အဆင့်မြင့်မားစွာ မာနကြီးလာတဲ့မြို့..
ဆိုင်ကယ်သေးသေးလေးကို လူတွေအများကြီးတက်စီးနေတဲ့မြို့..

ကဗျာဆရာ ဇော် ပြောတဲ့ ဆိုက်ကားသမားက စာစပ်တဲ့မြို့
ချောင်းတစ်ခုက မြို့ကိုနှစ်ပိုင်းခွဲတာ ခံထားရတဲ့မြို့
မန်ယူပါတဲ့ တနင်္ဂနွေညတွေနဲ့ ဘီယာဆိုင်ယဉ်ကျေးမှုကို နွေးနွေးထွေးထွေးလက်ခံထားတဲ့ မြို့
ဘယ်သူမှ စိုက်ပျိုးခြင်း မရှိခင်ကတည်းက သူ့ဟာသူ ရှင်သန်နေတဲ့ မြို့
“က” ကြီး သုံးလုံးပေါတဲ့မြို့

ကျွန်မတွေက ကျွန်တော်တွေဖြစ်နေတဲ့မြို့..
ဝါးမဖြစ်ခင်ဘဲ အချဉ်ဖောက်ခံထားရတဲ့မြို့..
တချိန်ကတော့ စိုက်ပျိုးရေး ပညာရှင်တွေ မွေးဖွားပေးခဲ့တဲ့မြို့..
မြင်းချေးနံ့နဲ့ ဖုန်နံ့တွေကို ရှူရှိုက်နေတဲ့မြို့..
“လင်းထိန်နေတာပဲ”ရယ်လို့ တခြားမြို့များက အားကျမနာလို စကားတင်းဆိုခံရတဲ့မြို့..
ရိုးအပေမယ့် လည်ချင်ယောင်ဆောင်နေတဲ့မြို့..
ငါကမသိပေမယ့် ငါ့ကိုသိတဲ့မြို့
ဘာမြို့လဲ……

No comments:

your comment please

Powered by Blogger.