ပို့စ် ၁၀၀၊ တူးတူးသာနှင့် ဂျဲဂျယ်

၎.. ငါးဆယ် ငါးဆယ်
by တူးတူးသာ


ညီမလေး ညီရေ
ဘဝဟာ ငါးဆယ် .. ငါးဆယ် တဲ့
အလောင်းအစားဆန်လှတယ်။
တို့တတွေ ဆုံတွေ့ကြဖို့ ဆိုတာလည်း
ငါးဆယ် .. ငါးဆယ်ပေါ့ကွယ်
ကံကြမ္မာဆီမှာ အဲသလိုပဲ ထပ်ထားလိုက်မယ်။

တကယ်တော့
တခါမှ မဆုံဖူးကြပါဘဲ
သံယောဇဉ်တွေ နှောင်တည်းနေမိကြတာ
ငါးဆယ် .. ငါးဆယ် ပါ ..။

ဖိုးအောင်ကိုပြောလိုက်ပါ
ဗာဒံရွက်တွေ တခါနီတိုင်း သတိရဖို့
တပေါင်းနွေ နေပူပူအောက်မှာ
ကြံရည်အေးအေး သောက်ရင် သတိရဖို့
ကောင်မလေးနဲ့ စိတ်ကောက်တဲ့အခါ သတိရဖို့
ညီမလေးညီနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တဲ့အခါ သတိရဖို့
ညီမလေးညီဆီက စာအုပ်တွေငှားပြီး ပြန်မပေးတဲ့အခါတိုင်း … သတိရဖို့
တခါမှ မဆုံဖူးကြပေမယ့် ..
ဆုံဖူးခဲ့ကြသလို စိတ်ကူးတွေနဲ့ သတိရဖို့ပေါ့ .. ။

ညီမလေး ညီရေ
ငါးဆယ် .. ငါးဆယ်တွေထဲ ကျင်လည်နေရတာဆိုတော့
များများချစ်ကြမှဖြစ်မယ်
နည်းနည်းပဲ မုန်းကြစို့။
နေကောင်းပါစေ
စိတ်ချမ်းမြေ့ပါစေ
အတွေးတွေ အမြဲသစ်ပါစေ
ငါးဆယ် .. ငါးဆယ် တဲ့
ဘာမှ မရေရာတဲ့ အလောင်းအစားဆန်ဆန် ဘဝထဲမှာ
တို့ .. ချစ်ခြင်းမေတ္တာတွေကိုတော့
တစ်ရာ အပြည့်ဖြစ်ပစေပေါ့ကွာ .. ။ ။

.............................................................................

၇.. ကိုကို့ရဲ့ညီ
by ဂျဲဂျယ်


ရူးပေါပေါဂိုဏ်းကိစ္စက ကျယ်ပြန့်သွားတော့ နန်းညီဆိုတဲ့ ကောင်မလေးက ဘာမပြောညာမပြောပဲ ရူးပေါသဘာပတိဆိုပြီး လူအထင်ကြီးစရာ ရာထူးကြီးတစ်ခုကိုပေးလိုက်တော့ စိတ်ညစ်နေတဲ့ သူဆိုတော့ ရူးလိုက်ပေါလိုက်တာ ဟိုဖက်ကမ်းတောင် ကျော်သွားတယ်။ အဲ့ကနေ နန်းညီဆိုတဲ့ ညီမလေးတစ်ယောက် ကောက်ရလိုက်ပါတယ်။ အခုဆို ခင်တာ ၄ လ ကျော်ကျော်ဆိုပေမဲ့ တကယ့် မောင်နှမအရင်းတွေလို စနောက်၊ ကျွန်တော်က တခုပြီးတစ်ခု ဂျီကျ၊ (ကျွန်တော်က ဂျီကျတာနော်)း) ၊ အခုမှ ညီက ၁ဝဝ ပိုစ့်အတွက် ဂျီပြန်တိုက်လို့ ခန်းခြောက်နေတဲ့ ခေါင်းကို ရေ အတင်းလောင်းပြီး ရေးနေတာ.. ဒါတင်မဟုတ် key board က ခလုတ်တွေက နှိပ်မရ။ ကြံကြံဖန်ဖန် လုပ်ပြီး ရေးရတယ်။ ရေးရတာ ဒီပိုစ့် အကြာဆုံးပဲ ..ဖူး .. ပြောရင်း စိတ်တောင် ပင်ပန်းလာပြီ :)
ဒါကတော့ ညီနဲ့ ကျွန်တော်ရဲ့ ပေါပေါတောတော မောင်နှမဖြစ်ဖို့ စချက်တဲ့ ၂၉-၁ဝ-ဝ၈ က ချက်တင်လေးပါ။ NP to jeljel.lay@googlemail.com

date Wed, Oct 29, 2008 at 6:31 PM

subject Chat with NP mailed-by googlemail.com

me: ဟလို

NP: လိုဟဲ

me: ကျတော် က သဘာပတိဂျဲဂျယ်ပါ

NP: ဟုတ်ကဲ့ရှင့် သိပါတယ်း)

me: မယ်နန်းညီထင်ပါ့

NP: မှန်ပါ့ဘုရား ဟုတ်ပေါင် မှန်ပါ့ ကမ္ဘာငတိကြီး

me: အော် အေးအေး ကျန်းမာပါစ အမှုရှောင်ကြီး

NP: ဟီး ကျန်းမာပါ့ရှင် သဘာငတိကြီးရော ဘာတွေလုပ်

အဲ့ကနေ အဲလိုစခဲ့ပါကြောင်း .. ............

7 comments:

  1. နန်းညီရဲ့ ဘလော့လေး ပို့စ် တရာမှ အဓွန့်များစွာရှည်ပါစေလို့ ဆုတောင်း ပါတယ်။

    ReplyDelete
  2. အတော်ပေါကြတာဘဲ။
    ဝမ်းသာပါ၏

    ReplyDelete
  3. ကဗျာက သပ်သပ် ခွဲတင်မှာလား :P
    အဲ့လိုမှန်းသိရင် ပီးမှပေးပါတယ်။

    ReplyDelete
  4. မေ့လို့ မတူးတူးသာ ကဗျာ မိုက်တယ် ကြိုက်တယ်
    တား မမက တော်ပီးသား :) ကိုကိုမှာတော့ ပင်ပင်ပန်းရေးလိုက်ရတာ
    သူက မွေးနေ့မှ တင်မှာကိုး ထားပါလေ ပီးတာပဲ :D

    ReplyDelete
  5. ဂူးဂူးဂါးဂါး ၀ူးဝူးဝါးဝါး

    ReplyDelete
  6. ကဖိုးဂျယ်ပိုစ့်လေးက တိုတိုလေးနဲ့ရယ်...ထိမိလို့

    မကြီးတူးတူးသာ ကဗျာကတော့ ပြောဖွယ်ရာတောင်မရှိတော့ပါဘူး
    ကဗျာထဲကနေ သူတို့ရဲ့ခင်မင်မှုကို အတိုင်းသားတွေ့မြင်ရတယ်.....။

    မကြေးမုံ

    ReplyDelete
  7. ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ဘီယာဆိုင် အတူထိုင်ရင် သတိရပါ လို့ပြောဖို့ကျန်သွားတယ် ..

    နာယကဂျီး

    ReplyDelete

your comment please

Powered by Blogger.