ပို့စ် ၁၀၀၊ အိဖူးနှင့် ညီမင်းစံ

၁..ပန်းပွင့်မယ့်နေ့
by အိဖူး

၁၀၀ ပြည့်ပြီလား
ဟုတ်ပါပြီ
၁၉၉၁ ကစလို့ အခုထိများစွာသော အမှတ်တရတွေရှိပါတယ် ..
အော်ကြီးဟစ်ကျယ်ရန်ဖြစ်ခဲ့တာတွေလည်း ရှိပါတယ် ..
နှစ်ယောက်လုံးပေကျစ်ကျစ်နဲ့ စိတ်ဆိုးခဲ့တာတွေ
ပေါက်ကရတွေ
ဟိုဟိုဒီဒီလျှောက်ဒိုးတာတွေ
ငါပြောချင်တာက မွေးနေ့ကျရင် လက်ဆောင်ပေးပါ
လခထုတ်ရင် မုန့်ဖိုးပေးပါ
မှားရင်လည်းမှားမယ်
တောင်းပန်တယ်
တောင်းပန်တိုင်းလည်း မင်းမှန်တာမဟုတ်ဘူး
အဲ့တော့ ကိုယ့်ကိုကိုယ်သိပ်မချစ်နဲ့
ရူးသွားမယ်
ရင်ထဲမှာပန်းတွေပွင့်တဲ့တစ်နေ့
မင်းအတွက်အရင်ဆုံးခူးပေးမယ် ....
............................................................................
၃.. Untitled
by ညီမင်းစံ

ကျွန်တော်ဘလော့ရေးပါတယ်...။ ဘလော့ရေးရင်း သူငယ်ချင်းတွေလည်း ရလာတယ်..။ ကျွန်တော့်ဘလော့လေး စလုပ်တော့ ဘာရယ်ညာရယ်တော့မဟုတ်ဘူး ကျွန်တော် သိထား လုပ်ထား ဖန်တီးထားတာလေးတွေ သူငယ်ချင်းတွေကို မျှဝေပေးချင်တာ..။ နောက်တော့ ကျွန်တော့်စာတွေဝင်ဖတ် ကျွန်တော့်ပုံတွေ ၀င်ကြည့်တဲ့သူငယ်ချင်းတချို့ရလာခဲ့တယ်..။
တစ်ရက် ကျွန်တော့်ဘလော့မှာ နာမည်သစ်တစ်ခုနဲ့ comment တက်နေတာ တွေ့တယ်..။ ကျွန်တော့်ကိုသူ ဝေဖန်ထားတော့ ကျွန်တော်သူဘာဆိုတာ သိချင်လာတယ်..။ သြော်.. ငယ်ငယ်ရွယ်ရွယ် ပန်းချီဆရာမပေါက်စလေးပဲလို့ တွေးရင်းပြုံးမိတယ်..။ အနုပညာကို ချစ်စိတ်ရှိတဲ့ကျွန်တော် သူ့ကို ခင်မင်သွားခဲ့တယ်..။ ကျွန်တော် ဘာဘာညာညာ သိပ်မပြောပေမယ့် ကျွန်တော်နဲ့သူ ရင်းနှီးသွားတယ်လို့ ထင်မိတယ်..။ နန်းညီ ဆိုတဲ့ ကျွန်တော့်ညီမလေး ဖြစ်လာတယ်..။ ညီမလေးမှာ အနုပညာအစွမ်းအစရှိတယ်..။ ပေါ့ပါးသွက်လက်ပြီး ယုံကြည်ချက်ခိုင်မာတယ်...။ လုပ်ချင်တာကို ဖြစ်အောင်လုပ်နိုင်စွမ်း သူ့မှာရှိတယ်..။ ခင်မင်တတ် ရိုးရှင်းပွင့်လင်းတဲ့ စိတ်နေစိတ်ထားရှိတယ်..။ တစ်ခါတလေ ကြောင်တောင်တောင် ထ လုပ်တတ်တာက လွဲရင် သူ့မှာ အပြစ်ဆိုစရာ သိပ်မရှိလှဘူး..။
ကျွန်တော့်ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်..။ အနုပညာသမားတွေနဲ့ အပေါင်းအသင်းလုပ်ရတာ အတော်လေးကောင်းတယ်..။ ဒီလူတွေက ကိုယ့်ကိုဘယ်တော့မှ နောက်ကျောဓားးနဲ့ ထိုးမယ့်လူစားတွေ မဟုတ်ဘူးတဲ့..။ တကယ့်အနုပညာသမားအစစ်တွေကို ဆရာဆိုလိုချင်ဟန် တူပါရဲ့ဗျာ..။ ကျွန်တော် သူ့ကို အပြင်မှာတွေ့တော့ ရင်းနှီးမှု အတိုင်းအတာတစ်ခု ပိုရလာတယ်..။ သူဖန်တီးတဲ့ စာလေးတွေ ဖတ်ဖြစ်တော့ သူ့စိတ်ကူးလေးတွေ ကောင်းတယ်ဆိုတာ သတိထားမိတယ်..။ သူရိုက်တဲ့ ပြင်တဲ့ ဓါတ်ပုံလေးတွေကို ကြည့်ရင်း သူ့အနုပညာအစွမ်းအစကို ခန့်မှန်းကြည့်မိတယ်..။ သူဘာအမျိုးအစားတွေ ဖန်တီးနေတယ်ဆိုတာ မသိပေမယ့် သူ့ရဲ့ဖန်တီးမှုလေးတွေက သူ့နေရာနဲ့သူ ဘောင်ဝင်နေတယ်..။ တကယ်ဆို ကျွန်တော့်ထက်ကို သာတယ်ဆိုတာ ကျွန်တော်ဝန်ခံရတယ်..။ ညီမလေးအောင်မြင်ပါစေ ဆုတောင်းရင်း...

8 comments:

  1. ညီမလေး အောင်မြင်ပါစေ...
    ဝင် ဖောသွားတယ်...:P

    ReplyDelete
  2. ပို့စ် ၁၀၀ပြည့်မှာ လာရောက်ဂုဏ်ပြုသွားပါတယ်.။

    ReplyDelete
  3. ဒေါ်အိဖူးရဲ့ ဆုံးမစာများအတွက် ကျေးဇူးအထူး တင်ရှိပါတယ်.. ဆုံးမစာ လိုချင်သေးသူများ http://page-of-ep.blogspot ကိုသွားပါ..

    ကိုမင်းစံ .. ကြောင်တောင်တောင် ညီမလေးအတွက် ၀င်ဝင်ခေါင်းစားပေး စဉ်းစားပေးတာတွေ လမ်းညွှန်မှုတွေအတွက်ရော.. ဒီပို့စ်လေးအတွက်ရော အားလုံးအတွက် ကျေးဇူးအထူးပါ..

    ReplyDelete
  4. အိဖူးလေးက အငယ်ဆုံးလေး၊ချစ်စရာ ညီမလေး၊ပြောလိုက်ဦး..

    မှားရင်လည်းမှားမယ်
    တောင်းပန်တယ်
    တောင်းပန်တိုင်းလည်း မင်းမှန်တာမဟုတ်ဘူး...တဲ့ အဲ့နားလေးအခိုက်ဆုံးပဲ..

    mirror

    ReplyDelete
  5. ညီမလေးရေ ၁၀၀ နောက်မှာ မရေမတွက်နိုင်တဲံ သုညပေါင်းများစွာ ပြည့်တဲ့အထိ ဆက်လက်ရေးသားနိုင်ပါစေ :)

    ReplyDelete
  6. ငါလဲသူတို့ပြောတဲ့အတိုင်းပဲ

    ReplyDelete
  7. နန်းညီရေ
    ဒီပို့စ်လေးတွေဖတ်ရင်း နန်းညီကို မမြင်ဖူးပေမယ့် ပုံဖော်လို့ တော်တော်ရသွားတယ်။
    ခပ်ဆိုးဆိုးလေးဖြစ်ရင်တောင် ချစ်စရာကောင်းတဲ့ လူဆိုးဖြစ်ပဲ။

    ReplyDelete
  8. တကယ်ဆို ကျွန်တော့်ထက်ကို သာတယ်ဆိုတာ ကျွန်တော်ဝန်ခံရတယ်..။
    ညီမလေးအောင်မြင်ပါစေ ဆုတောင်းရင်း..

    မှန်တယ် ညီက တော်တယ်း)

    ReplyDelete

your comment please

Powered by Blogger.