ပို့စ် ၁၀၀၊ လူရွေးခြင်းနှင့်အန်ဒီ
ညီညီ့ရဲ့ ပို့စ် ၁၀၀ ပြည့်အမှတ်တရ အနေနဲ့ ဘလော့ဂါမောင်နှမတချို့ကို အမှတ်တရ ရေးပေးဖို့ တောင်းဆို ထားတာလေးတွေပါ.. ညီညီ့ကိုချစ်သော ညီညီကချစ်သော မောင်နှမများပါ.. အခြားချစ်သောတွေလည်း အများကြီးရှိပေမယ့် ဒုက္ခပေးရမယ့်လူတွေ သိပ်များသွားမှာစိုးလို့ရော စာတွေအရမ်းများနေလို့ရော ဒီ ၉ ယောက်နဲ့တင် ကျေနပ်လိုက်ပါတယ်.. ဒီနေ့တော့ အန်ဒီကောင်ရဲ့ “မင်းနဲ့ကိုယ့်ရဲ့အကြောင်း” .. နဲ့ ၁၀၀ မြောက်ပို့စ် Part 1 ကိုစပါမယ်.. နောက်နေ့တွေ ဆက်တိုက် Part 2 - 5 လာမယ်နော်..း) အားလုံး Peace !!
တစ်နှစ်ကျော်နှစ်နှစ်နီးပါးရှိပါပြီ။ ကျွန်တော်ကျောင်းပြီးကာစ၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်တို့၏ ဘလော့ဂ်များကိုဖတ်ရှုအားကျပြီး ဘလော့ဂ်စာပေနယ်သို့ဝင်ရန် နောက်ဖေးလမ်းကြား၌ ထမိန်ပဲရုတ်တော့မလိုလို၊ အလစ်ပဲသုတ်တော့မလိုလိုပုံစံမျိုးဖြင့် ချောင်းမြောင်းနေတုန်းဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် အမေရိကန်စင်တာတွင် တစ်ပတ်သုံးရက်လောက် စာဖတ်ခြင်း၊ ရောတိရောယောင်နေရာတကာဝင်ပါခြင်းအမှုတို့ပြုလေ့ရှိသည်။ ထို့မှအပြန် အကြောင်းသင့်သော နေ့လည်နေ့ခင်းများတွင် ထမင်းအငတ်ခံကာ အင်တာနက်ကြည့်ခြင်းအမှုကိုလဲ ပြုလုပ်လေ့ရှိပါသည်။ ထိုစဉ်က MIRC ခေါ် ရန်ကုန်ချက်ခေတ်စားတုန်းဖြစ်သည်။ ကျွန်တော်လဲ အင်တာနက်ဆိုင်ရောက်တိုင်း ထိုMIRC ဝင်ထားပြီးသားရှိပါက Nick ပြောင်း၍အပျင်းပြေဝင်ဆော့တတ်ပါသည်။ အကြောင်းမှာ ထိုအထဲမှ သူများသုံးလေ့ရှိသည့် Burglish ခေါ် ချက်တင်းသုံးမြန်မာစာ (ကိုဗီလိန်ကတော့ Linguistic လိုမျိုးပဲတဲ့) ကိုလုံးဝနားမလည်ပဲ… အင်္ဂလိပ်လိုဝင်ရောက်ကာလူတတ်ကြီးလုပ်လေ့ရှိသောကြောင့်တည်း။
တစ်ရက်တော့ ကျွန်တော်ထုံးစံအတိုင်း “Please speak in English, in English” ဟုတအစ်အစ်အော်နေစဉ် ညီညီဆိုသော ယောင်္ကျားလေးလိုလို မိန်းကလေးလိုလိုတစ်ယောက်ရောက်ရှိလာပါတော့သည်။ ထုံးစံအတိုင်း
ညီညီ - “Hi”
ကျွန်တော် - “Hi, but if u don’t have plan to speak in English, don’t talk to me. I don’t understand Burglish.”
ညီညီ - “ok .. i'm sick of that burglish too.. ”
ဤသို့ဖြင့် နောက်ပိုင်းဂျီတော့မှတဆင့်ပြောဖြစ်ခဲ့ကြသည်။ သို့ရာတွင် သိပ်မရင်းနှီးခဲ့။ နောက်ပိုင်းမည်သို့ဖြစ်သည်မသိ… ကျွန်တော်လဲ အင်တာနက်သိပ်မသုံးဖြစ်… သူကလည်း သိပ်အွန်လိုင်းတက်လေ့မရှိ။ ဤသို့ဖြင့် ကျွန်တော့်ထုံးစံအတိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ နောက်ပိုင်း နာဂစ်မုန်တိုင်းအပြီးလောက်ထင်ပါသည်။ အမေရိကန်စင်တာရှိ လေးဘေးသင့်သူများကူညီရေး လုပ်ငန်းများလုပ်နေစဉ်အတွင်း ပုံမှန်ဘလော့ဂ်များကြည့်ခြင်း၊ အခြေအနေများလေ့လာခြင်းတို့ လုပ်ဖြစ်ခဲ့ရာ သူ့ကိုပြန်တွေ့ရပါတော့သည်။ မှတ်မိသလောက်မှာ
ညီညီ - "ဘယ်လိုလဲခြေနေ၊ ငါ့ကိုမှတ်မိသေးလား" (အင်္ဂလိပ်လိုပြောကြခြင်းဖြစ်ပါသည်။ သူနှင့်ကျွန်တော်မှာ ဟို ဂါးထွန်း ဆိုသောသူငယ်ချင်းအကောင်တစ်ကောင် နှောင့်ယှက်ခြင်းမခံရမီ လွန်ခဲ့သောငါးလအထိ အင်္ဂလိပ်လိုပင်ပြောကြသေးသည်)
စင်စစ်တော့ ကျွန်တော်သူ့ကိုမေ့နေပြီ :P သို့သော် သူကမိန်းကလေးဖြစ်နေသဖြင့် ယောက်ျားကောင်းတို့ဝတ္တရားအတိုင်း
ကျွန်တော် - “မှတ်မိတာပေါ့ဟာ… ”သို့သော်ကြာကြာမလိမ်လိုက်ရပါ… စကားသုံးလေးခွန်းပြောပြီး အလိမ်ပေါ်ပါသည်။
ညီညီ - “အေပီ အေပီ (သူကကျွန်တော့်ကို အေပီဟုခေါ်ပါသည်။) နင်ငါ့ကိုတကယ်မမှတ်မိပါဘူး၊ ငါကညီညီ ငါတို့အရင် ရန်ကုန်ချက်မှာတုန်းကတွေ့ခဲ့ကြတာ”သူပြောမှခပ်ရေးရေးပြန်မှတ်မိပါသည်။ သူအလုပ်ရသွားပြီပြောပါသည်။ သူ့အလုပ်မှာ အင်တာနက်ရှိသဖြင့် နေ့တိုင်းအွန်လိုင်းမှာ ရှိသည်ဟုပြောပါသည်။
သိပ်မကြာပါ။ သူနှင့်ကျွန်တော်နှင့်က သောက်ကျင့်ခြင်း တော်တော်နီးစပ်သည် ပြောရပါမည်။ တဖြည်းဖြည်းနှင့် ရင်းနှီးလာကြရင်း သူ့အချစ်ကိစ္စများကို ကျွန်တော့်ကို တိုင်ပင်သလိုရင်ဖွင့်တတ်သည်။ ကျွန်တော်ကလည်း ကိုယ်မစွံတာ အပထား၊ အထင်ကြီးခံရနည်းလား သဘောဖြင့်လျှောက်ပင့်သည်။ သို့နှင့်အရင်က တစ်ပတ်လျှင်နှစ်ကြိမ်မျှလောက် အင်တာနက် ဝင်ဖြစ်သောကျွန်တော်မှာ သူနှင့်ပြန်တွေ့အပြီး နေ့တိုင်းအင်တာနက်ဝင်ဖြစ်ပါသည်။ ပိုက်ဆံမရှိလျှင် ရှိအောင်ရှာကြံပြီးဝင်ပါသည်။ သူ့ကိုသဘောကျလို့လား၊ ရှားရှားပါးပါး အင်္ဂလိပ်စကားပြောဖေါ်တစ်ယောက် ရလို့လား၊ ကျွန်တော့်ဟာကျွန်တော်လုပ်စရာရှိလို့လား မပြောတတ်ပါ။ သူ့ကိုကြိုက်မိလား မကြိုက်မိလားပင်မမှတ်မိတော့ပါ။ သေချာတာကတော့ ပထမဆုံးအွန်လိုင်းသူငယ်ချင်းတစ်ယောက် ရခဲ့ပါသည်။ တဖြည်းဖြည်း သူ့ကိုပန်းချီဆရာမမှန်းသိလာခဲ့ပါသည်။ ကျွန်တော်ကထိုစဉ်က ကွန်ပြူတာသမားလိုလို၊ Social Activist လိုလို၊ နိုင်ငံရေးသမားလိုလို ရောယိ၊ ရောရာ၊ ယောဆရာဖြစ်သည်။ ဘလော့ဂ်တစ်ခုလဲ စလုပ်ထားဖြစ်သည်။ အနုပညာဝါသနာခြင်းတူကြသဖြင့် ပိုပေါင်းမိကြပါသည်။ အချစ်ရေးမှအစ အနုပညာအလည် နိုင်ငံရေးအဆုံး မျိုးစုံပြောဖြစ်ခဲ့ကြပါသည်။ ခံယူချက်ခြင်း အမြင်ခြင်းလည်း အများအားဖြင့်တူခဲ့ပါသည်။ အထူးသဖြင့် ပန်းချီအကြောင်း အများဆုံးပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်နားမလည်သော ပန်းချီအကြောင်းကို ပန်းချီဆရာမနှင့်ပြိုင်ငြင်းသည်။ ပြဒါးလင်းဂူမှ နံရံအရုပ်များကို သူကပန်းချီဟုပြောသည်။ ကျွန်တော်က ရုပ်ပုံစာတွေဟု ကပ်ဖဲ့သည်။†သူ့ပန်းချီကားတွေ ကျွန်တော့်ကိုပြသည်။ သူ့ကဗျာလိုလို စာလိုလိုတစ်ပုဒ် ကျွန်တော့်ဘလော့ဂ်မှာတင်ခဲ့သည်။ သူ့ကိုဘလော့ဂ်လုပ်ဖို့တိုက်တွန်းခဲ့သည်။ ဤသို့ဖြင့် အခုလို ကျွန်တော့်ဘလော့ဂ်ကဲ့သို့ ဗြုတ်စဗျင်းတောင်း ဟိုမရောက်ဒီမရောက်မဟုတ်ပဲ… သပ်သပ်ရပ်ရပ်နှင့် အနုပညာအဆင့်တစ်ခုရှိသည့် Random ဖြစ်လာခဲ့ပါသည်။ ဤသည်ပင် ကျွန်တော့်လက်ချက်မကင်း၍ ကျွန်တော်ကြံဖန်ဂုဏ်ယူရပါသည်။
ဒါပါပဲ။ ကျွန်တော်သိသည့်နန်းညီအကြောင်းက ဒါပဲဖြစ်သည်။ နောက်ပိုင်း သူ့နှင့်ကျွန်တော်စမ်းချောင်းထဲရှိ ရှမ်းဆိုင်တွင် ရှမ်းခေါက်ဆွဲအတူစားဖြစ်ခဲ့သည်။ တောင်ဒဂုံရှိ မြယမုံတံတားပေါ်တွင် (ဟေ့ရောင်… အရက်သောက်တာထည့်ရေးရင်ကောင်းမလားဟေ?) ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သည်။ သုံးပတ်တစ်ခါလောက်သူ့အိမ်သွားပြီး စာအုပ်တွေသွားသွားယူသည် (သူ့ဆီမှာ စာအုပ်တွေအများကြီးပဲ ကြိုက်သလောက်ငှားဖတ်လို့ရတယ်။ ဒါကြော်ငြာပေးတာ ကြော်ငြာခဘီယာတိုက်…ဟဲဟဲ)။ သူမွေးထားသောကြွက်လိုလိုအကောင်တွေကိုနှောင့်ယှက်သည်။ လက်ဘက်ရည်ဆိုင်အတူထိုင်သည်။ “ငပေါတို့ဂေဟာ” ထောင်ဖြစ်ခဲ့သည်။ အခုတော့ ကျွန်တော်အပါအဝင် သူခင်မင်သောသူများကို ပို့စ်တစ်ရာပြည့်အမှတ်တရ ရေးခိုင်းသည်။ ဘာကိုမှအမှတ်ထင်ထင်မရှိသော၊ ဘယ်သူကမှလဲ အမှတ်ထင်ထင်မရှိသော ကျွန်တော့်ကို အမှတ်ထင်ထင် အမှတ်တရတစ်ခုရေးခိုင်းသည့်အတွက်၊ ရေးခွင့်ရခဲ့သည့်အတွက် ကျွန်တော်ဝမ်းသာပါသည်။
၂.. မင်းနဲ့ကိုယ့်ရဲ့အကြောင်း
by Andy
by Andy
နန်းညီက သူ့ပို့စ်တစ်ရာပြည့်အမှတ်တရအဖြစ် ကျွန်တော့်ကို တစ်ခုခုရေးခိုင်းသည်။ လူကလည်း ခပ်ပျင်းပျင်းမို့ နောက်မှအေးအေးရေးမည်ပေါ့။ အဲဒါကိုမအေး၊ ဂျီတော့ထဲတွင် တဂျီဂျီဖြင့် အမြန်ပြီးအောင်ရေးခိုင်းသည်။ ရေးခိုင်းပြီဆိုတော့လဲ ရေးရတော့မှာပေါ့။ နောက်မှကောင်းတာမကောင်းတာက သူ့တာဝန်… (ဟီဟိ မဟုတ်ဘူးလား သူ့ဘလော့မှာတင်မှာပဲဥစ္စာ)။ ဒါပေမယ့် ဘာရေးရမှာပါလိမ့်။ အင်း… နန်းညီက နန်းညီဘလော့ဂ်ပို့စ်တစ်ရာမြောက်အမှတ်တရမှာ ရေးခိုင်းတော့ နန်းညီအကြောင်းပဲရေးရတော့မှာပေါ့။ ဟုတ်ပါသည်။ နန်းညီအကြောင်းပဲရေးပါမည်။ နန်းညီနဲ့ကျွန်တော့် အကြောင်းရေးပါမည်။
တစ်နှစ်ကျော်နှစ်နှစ်နီးပါးရှိပါပြီ။ ကျွန်တော်ကျောင်းပြီးကာစ၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်တို့၏ ဘလော့ဂ်များကိုဖတ်ရှုအားကျပြီး ဘလော့ဂ်စာပေနယ်သို့ဝင်ရန် နောက်ဖေးလမ်းကြား၌ ထမိန်ပဲရုတ်တော့မလိုလို၊ အလစ်ပဲသုတ်တော့မလိုလိုပုံစံမျိုးဖြင့် ချောင်းမြောင်းနေတုန်းဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် အမေရိကန်စင်တာတွင် တစ်ပတ်သုံးရက်လောက် စာဖတ်ခြင်း၊ ရောတိရောယောင်နေရာတကာဝင်ပါခြင်းအမှုတို့ပြုလေ့ရှိသည်။ ထို့မှအပြန် အကြောင်းသင့်သော နေ့လည်နေ့ခင်းများတွင် ထမင်းအငတ်ခံကာ အင်တာနက်ကြည့်ခြင်းအမှုကိုလဲ ပြုလုပ်လေ့ရှိပါသည်။ ထိုစဉ်က MIRC ခေါ် ရန်ကုန်ချက်ခေတ်စားတုန်းဖြစ်သည်။ ကျွန်တော်လဲ အင်တာနက်ဆိုင်ရောက်တိုင်း ထိုMIRC ဝင်ထားပြီးသားရှိပါက Nick ပြောင်း၍အပျင်းပြေဝင်ဆော့တတ်ပါသည်။ အကြောင်းမှာ ထိုအထဲမှ သူများသုံးလေ့ရှိသည့် Burglish ခေါ် ချက်တင်းသုံးမြန်မာစာ (ကိုဗီလိန်ကတော့ Linguistic လိုမျိုးပဲတဲ့) ကိုလုံးဝနားမလည်ပဲ… အင်္ဂလိပ်လိုဝင်ရောက်ကာလူတတ်ကြီးလုပ်လေ့ရှိသောကြောင့်တည်း။
တစ်ရက်တော့ ကျွန်တော်ထုံးစံအတိုင်း “Please speak in English, in English” ဟုတအစ်အစ်အော်နေစဉ် ညီညီဆိုသော ယောင်္ကျားလေးလိုလို မိန်းကလေးလိုလိုတစ်ယောက်ရောက်ရှိလာပါတော့သည်။ ထုံးစံအတိုင်း
ညီညီ - “Hi”
ကျွန်တော် - “Hi, but if u don’t have plan to speak in English, don’t talk to me. I don’t understand Burglish.”
ညီညီ - “ok .. i'm sick of that burglish too.. ”
ဤသို့ဖြင့် နောက်ပိုင်းဂျီတော့မှတဆင့်ပြောဖြစ်ခဲ့ကြသည်။ သို့ရာတွင် သိပ်မရင်းနှီးခဲ့။ နောက်ပိုင်းမည်သို့ဖြစ်သည်မသိ… ကျွန်တော်လဲ အင်တာနက်သိပ်မသုံးဖြစ်… သူကလည်း သိပ်အွန်လိုင်းတက်လေ့မရှိ။ ဤသို့ဖြင့် ကျွန်တော့်ထုံးစံအတိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ နောက်ပိုင်း နာဂစ်မုန်တိုင်းအပြီးလောက်ထင်ပါသည်။ အမေရိကန်စင်တာရှိ လေးဘေးသင့်သူများကူညီရေး လုပ်ငန်းများလုပ်နေစဉ်အတွင်း ပုံမှန်ဘလော့ဂ်များကြည့်ခြင်း၊ အခြေအနေများလေ့လာခြင်းတို့ လုပ်ဖြစ်ခဲ့ရာ သူ့ကိုပြန်တွေ့ရပါတော့သည်။ မှတ်မိသလောက်မှာ
ညီညီ - "ဘယ်လိုလဲခြေနေ၊ ငါ့ကိုမှတ်မိသေးလား" (အင်္ဂလိပ်လိုပြောကြခြင်းဖြစ်ပါသည်။ သူနှင့်ကျွန်တော်မှာ ဟို ဂါးထွန်း ဆိုသောသူငယ်ချင်းအကောင်တစ်ကောင် နှောင့်ယှက်ခြင်းမခံရမီ လွန်ခဲ့သောငါးလအထိ အင်္ဂလိပ်လိုပင်ပြောကြသေးသည်)
စင်စစ်တော့ ကျွန်တော်သူ့ကိုမေ့နေပြီ :P သို့သော် သူကမိန်းကလေးဖြစ်နေသဖြင့် ယောက်ျားကောင်းတို့ဝတ္တရားအတိုင်း
ကျွန်တော် - “မှတ်မိတာပေါ့ဟာ… ”သို့သော်ကြာကြာမလိမ်လိုက်ရပါ… စကားသုံးလေးခွန်းပြောပြီး အလိမ်ပေါ်ပါသည်။
ညီညီ - “အေပီ အေပီ (သူကကျွန်တော့်ကို အေပီဟုခေါ်ပါသည်။) နင်ငါ့ကိုတကယ်မမှတ်မိပါဘူး၊ ငါကညီညီ ငါတို့အရင် ရန်ကုန်ချက်မှာတုန်းကတွေ့ခဲ့ကြတာ”သူပြောမှခပ်ရေးရေးပြန်မှတ်မိပါသည်။ သူအလုပ်ရသွားပြီပြောပါသည်။ သူ့အလုပ်မှာ အင်တာနက်ရှိသဖြင့် နေ့တိုင်းအွန်လိုင်းမှာ ရှိသည်ဟုပြောပါသည်။
သိပ်မကြာပါ။ သူနှင့်ကျွန်တော်နှင့်က သောက်ကျင့်ခြင်း တော်တော်နီးစပ်သည် ပြောရပါမည်။ တဖြည်းဖြည်းနှင့် ရင်းနှီးလာကြရင်း သူ့အချစ်ကိစ္စများကို ကျွန်တော့်ကို တိုင်ပင်သလိုရင်ဖွင့်တတ်သည်။ ကျွန်တော်ကလည်း ကိုယ်မစွံတာ အပထား၊ အထင်ကြီးခံရနည်းလား သဘောဖြင့်လျှောက်ပင့်သည်။ သို့နှင့်အရင်က တစ်ပတ်လျှင်နှစ်ကြိမ်မျှလောက် အင်တာနက် ဝင်ဖြစ်သောကျွန်တော်မှာ သူနှင့်ပြန်တွေ့အပြီး နေ့တိုင်းအင်တာနက်ဝင်ဖြစ်ပါသည်။ ပိုက်ဆံမရှိလျှင် ရှိအောင်ရှာကြံပြီးဝင်ပါသည်။ သူ့ကိုသဘောကျလို့လား၊ ရှားရှားပါးပါး အင်္ဂလိပ်စကားပြောဖေါ်တစ်ယောက် ရလို့လား၊ ကျွန်တော့်ဟာကျွန်တော်လုပ်စရာရှိလို့လား မပြောတတ်ပါ။ သူ့ကိုကြိုက်မိလား မကြိုက်မိလားပင်မမှတ်မိတော့ပါ။ သေချာတာကတော့ ပထမဆုံးအွန်လိုင်းသူငယ်ချင်းတစ်ယောက် ရခဲ့ပါသည်။ တဖြည်းဖြည်း သူ့ကိုပန်းချီဆရာမမှန်းသိလာခဲ့ပါသည်။ ကျွန်တော်ကထိုစဉ်က ကွန်ပြူတာသမားလိုလို၊ Social Activist လိုလို၊ နိုင်ငံရေးသမားလိုလို ရောယိ၊ ရောရာ၊ ယောဆရာဖြစ်သည်။ ဘလော့ဂ်တစ်ခုလဲ စလုပ်ထားဖြစ်သည်။ အနုပညာဝါသနာခြင်းတူကြသဖြင့် ပိုပေါင်းမိကြပါသည်။ အချစ်ရေးမှအစ အနုပညာအလည် နိုင်ငံရေးအဆုံး မျိုးစုံပြောဖြစ်ခဲ့ကြပါသည်။ ခံယူချက်ခြင်း အမြင်ခြင်းလည်း အများအားဖြင့်တူခဲ့ပါသည်။ အထူးသဖြင့် ပန်းချီအကြောင်း အများဆုံးပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်နားမလည်သော ပန်းချီအကြောင်းကို ပန်းချီဆရာမနှင့်ပြိုင်ငြင်းသည်။ ပြဒါးလင်းဂူမှ နံရံအရုပ်များကို သူကပန်းချီဟုပြောသည်။ ကျွန်တော်က ရုပ်ပုံစာတွေဟု ကပ်ဖဲ့သည်။†သူ့ပန်းချီကားတွေ ကျွန်တော့်ကိုပြသည်။ သူ့ကဗျာလိုလို စာလိုလိုတစ်ပုဒ် ကျွန်တော့်ဘလော့ဂ်မှာတင်ခဲ့သည်။ သူ့ကိုဘလော့ဂ်လုပ်ဖို့တိုက်တွန်းခဲ့သည်။ ဤသို့ဖြင့် အခုလို ကျွန်တော့်ဘလော့ဂ်ကဲ့သို့ ဗြုတ်စဗျင်းတောင်း ဟိုမရောက်ဒီမရောက်မဟုတ်ပဲ… သပ်သပ်ရပ်ရပ်နှင့် အနုပညာအဆင့်တစ်ခုရှိသည့် Random ဖြစ်လာခဲ့ပါသည်။ ဤသည်ပင် ကျွန်တော့်လက်ချက်မကင်း၍ ကျွန်တော်ကြံဖန်ဂုဏ်ယူရပါသည်။
ဒါပါပဲ။ ကျွန်တော်သိသည့်နန်းညီအကြောင်းက ဒါပဲဖြစ်သည်။ နောက်ပိုင်း သူ့နှင့်ကျွန်တော်စမ်းချောင်းထဲရှိ ရှမ်းဆိုင်တွင် ရှမ်းခေါက်ဆွဲအတူစားဖြစ်ခဲ့သည်။ တောင်ဒဂုံရှိ မြယမုံတံတားပေါ်တွင် (ဟေ့ရောင်… အရက်သောက်တာထည့်ရေးရင်ကောင်းမလားဟေ?) ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သည်။ သုံးပတ်တစ်ခါလောက်သူ့အိမ်သွားပြီး စာအုပ်တွေသွားသွားယူသည် (သူ့ဆီမှာ စာအုပ်တွေအများကြီးပဲ ကြိုက်သလောက်ငှားဖတ်လို့ရတယ်။ ဒါကြော်ငြာပေးတာ ကြော်ငြာခဘီယာတိုက်…ဟဲဟဲ)။ သူမွေးထားသောကြွက်လိုလိုအကောင်တွေကိုနှောင့်ယှက်သည်။ လက်ဘက်ရည်ဆိုင်အတူထိုင်သည်။ “ငပေါတို့ဂေဟာ” ထောင်ဖြစ်ခဲ့သည်။ အခုတော့ ကျွန်တော်အပါအဝင် သူခင်မင်သောသူများကို ပို့စ်တစ်ရာပြည့်အမှတ်တရ ရေးခိုင်းသည်။ ဘာကိုမှအမှတ်ထင်ထင်မရှိသော၊ ဘယ်သူကမှလဲ အမှတ်ထင်ထင်မရှိသော ကျွန်တော့်ကို အမှတ်ထင်ထင် အမှတ်တရတစ်ခုရေးခိုင်းသည့်အတွက်၊ ရေးခွင့်ရခဲ့သည့်အတွက် ကျွန်တော်ဝမ်းသာပါသည်။
တပုဒ်လုံး ဖတ်လာလိုက်တာ စမ်းချောင်းက ရှမ်းဆိုင်ဆိုမှပဲ တအားစိတ်ဝင်စားသွားတော့တယ်။
ReplyDeleteစိတ်ဝင်စားစရာကောင်းတဲ့ ၁၀၀မြောက်ပဲ ၁၀၀(က).ဆိုတော့
ReplyDelete.(ခ)..(ဂ)တွေစောင့်နေတယ်။
လက်ဆောင်ပို့ပေးမယ်နော် ဖရီဒါရဲ့ပုံတွေ နောက်မှ
ReplyDeleteအော် သူတို့က ဂလိုတွေကိုး။
ReplyDelete'စာအုပ်တွေအများကြီးပဲ ကြိုက်သလောက်ငှားဖတ်လို့ရတယ်။'ဆိုပါလား။ ဒါဆိုငှားဖတ်ခွင့်ပြုပါ။ ဟက်ပီးပိုစ့်၁၀၀ပါ နန်းညီ။
ကြည်
ပို့စ် တစ်ရာမြောက်မှသည် ပို့စ်ပေါင်း ထောင်သောင်းသိန်းသန်းချီတဲ့ အထိ ကြုံရာကျဘမ်း (random) တွေရေးနိုင်ပါစေသော်ဝ်....
ReplyDeleteနောက်ပို့စ်တွေကို အိမ်အသစ်မှာ မျှော်နေမယ်..
ကောင်းလိုက်ကြတဲ့ သူငယ်ချင်းတွေ...
ReplyDeleteနောက်ဆက်တွဲတွေ စောင့်ဖတ်ပါဦးမည်..
ညီညီ ရေ- ၁၀၀ တောင်ပြည့်သွားပီလား။
ReplyDeleteအထူးအစီအစဉ်လေးပေါ့။ ကြုံတုန်း Gustav Klimt ရဲ့ပန်းချီတွေ ငေးသွားတယ်။ နန်းညီ လက်ရာတွေလဲ ပြပါအုံး။း)
ငါလဲ လာဖတ်တယ်...။အဲ့ ညီညီတစ်ယောက်ကတော့ အမျိုးမျိုးတွေပဲ ပြောနေတော့တာပဲ..:P
ReplyDeleteဒီလိုလဲ ကောင်းပါတယ်လေ...၊လာဖတ်တဲ့သူတွေပိုစ့်မငတ်တော့ဘူးပေါ့..;)
Mirror
သူများသားသမီးတွေများ ရေးနိုင်လိုက်ကြတာ။ ပို့စ်၁၀၀ တောင် ပြည့်ပြီ
ReplyDelete၁၀၀မှ ထောင်သောင်း သိန်းသန်းထိ ရေးနိုင်ပါစေ ညီရေ
ReplyDeleteအရက်သောက်ကြတာတော့ မပြောလည်းသိပါတယ်...
ReplyDeleteပြန်ရောက်ရင် တော့ စာအုပ်တွေ လာမ အုံးမှ ပဲ...
တစ်ချို့အချက်အလက်များ မမှန်ကန်ကြောင်းပါ readers အပေါင်းခင်ဗျား
ReplyDeleteတချို့အချက်များမမှန်ပေမယ့် ကျနော်ရေးတာတွေတော့ မှန်ကန်ကြောင်းတာဝန်ခံပါတယ် ခင်ဗျား။။။
ReplyDeleteတချို့အချက်အလက်တွေ မှန်မမှန် မသေချာပေမယ့် တချို့အချက် အလက်တွေကျန်ခဲ့တယ် .. ညီရေ အန်ဒီကောင် စာအုပ်တွေငှားငှားပြီး ပြန်မပေးတာ သတိပေးလိုက်ဦးလေ :)
ReplyDelete