Pastle ပန်းချီကားရေးမယ်

ပန်းချီဆွဲတဲ့အခါ သုံးတဲ့မီဒီယံတွေ အများကြီးရှိတယ်.. တစ်ချို့ကရေဆေး တစ်ချို့ကဆီဆေး.. နောက် Arcylic.. ကျွမ်းကျင်ရာပေါ့လေ.. နန်းညီကတော့ Pastle ကို သေချာဆွဲတတ်တယ်.. သူ့သဘောတရား သူ့အနှစ်သာရမိအောင် ဆွဲနိုင်တယ်လို့ ကိုယ့်ကိုကိုယ်တော့ ထင်တာပဲ.. တခြားမီဒီယံထက်စာရင် ဒါကိုပဲပိုကျွမ်း ပိုသဘောကျတယ်.. အခုလည်း ပတ်စတယ်ဆွဲနည်းလေး နည်းနည်းပြောပြချင်လို့.. ဒါပေမယ့် ကိုယ်တိုင် ပုံဆွဲတုန်းက တစ်ဆင့်စီဓာတ်ပုံမရိုက်ထားမိတာနဲ့.. တခြားသူဆီကပဲ ပုံကို ယူလိုက်တော့တယ်.. http://www.bradleygallery.co.uk/ ဆီကပါ.. ဒါပေမယ့် ရေးနည်းအဆင့်ဆင့်ကိုတော့ နန်းညီသိသလို ပြောပြပေးပါမယ်.. အားလုံးအတွက်. .း) Peace!!

ပတ်စတယ်က သူ့စက္ကူသပ်သပ်ရှိပါတယ်.. တခြား ရေဆေးစက္ကူတို့ ဘာတို့နည်းလည်းဆွဲလို့ရတယ်ဆိုပေမယ့် ပတ်စတယ်စက္ကူက ပိုထူပြီး ပိုကျစ်ပါတယ်.. ရေဆေးစက္ကူလောက်လည်း ဗြုတ်လေးတွေမများဘူး.. အရောင်လည်းပါတတ်တယ်.. ပြာတာတာလေး.. ၀ါကျင့်ကျင့်လေး.. စိမ်းဖန့်ဖန့်လေး စသဖြင့်ပေါ့လေ.. လိုအပ်တာတွေကတော့ ပတ်စတယ်တောင့်တွေပါတဲ့ဗူး.. မီဒီယံအဖြစ် ထင်းရှူးတာပင်တိုင် ဒါမှမဟုတ် ဆီဆေးပန်းချီဆွဲရင်သုံးတဲ့ ငါးကြီးဆီကို သုံးရပါတယ်.. မသုံးချင်လည်းရတယ်.. နောက် အဆုံးသတ်သွားရင် တစ်ချို့က lacqure မှုတ်ကြတယ်.. ကားတွေ စက်ဘီးတွေမှာမှုတ်တတ်တဲ့ မှုတ်ဆေးဗူးမျိုး အကြည်ကိုပြောတာပါ.. တစ်ချို့ကလည်း မမှုတ်ဘူး.. ဘယ်လိုဖြစ်ဖြစ်ရပါတယ်..


ပထမဆုံး စက္ကူပေါ်မှာ ခဲကောက်လိုက်ပါမယ်.. ပန်းသီးပဲဆိုကြပါစို့.. ကောက်ပြီးရင် ပန်းသီးအလုံးလေးကို အရောင်ဖြည့်မယ်.. ပတ်စတယ်ရဲ့သဘောက အမှောင်ရောင် အခံရောင်တွေကို အရင်ဖြည့်ရတယ်.. ပြီးမှ အလင်းတင်တယ်.. ဒါပေမယ့်အလင်းဆုံးနေရာ ဥပမာ ဖြူနေတဲ့နေရာဆိုရင်တော့ ချန်ဆွဲလေ့ရှိကြတယ်.. ပုံကိုကြည့်မယ်ဆိုရင် မူလစက္ကူအရောင်ကိုက ၀ါဖန့်ဖန့်.. ပန်းသီးကိုခပ်မှောင်မှောင်အရင်ဖြည့်ပြီးမှ အ၀ါတွေတင်တာမြင်ရမယ်..



နောက်တော့ သူ့ပန်းသီးရဲ့အသွေးရောင်တွေရအောင် ရေးယူပါတယ်.. ခု ဒီပုံကိုယူထားတဲ့ ၀ဘ်မှာတော့ ပန်းချီဆရာက မီဒီယံသုံးတာကိုပြောမသွားဘူး.. နန်းညီကတော့ သုံးလေ့ရှိတယ်.. အရောင်တွေအရင်ဖြည့်လို့ပြည့်ပြီဆိုရင် ခြစ်ထားတဲ့ပတ်စတယ်အစင်းအစင်းတွေ ပျောက်အောင်ရယ်.. ပြီးတော့ tone အဆင့်တွေ ပြေအောင်ရယ်.. တာပင်တိုင်လေးကို စုတ်တံနဲ့နည်းနည်းစွတ်ပြီး အပေါ်ကနေပွတ်ပစ်လိုက်တယ်.. နည်းနည်းပါတယ်ဆိုရုံလေး တို့ပြီးယူရတာပါ.. ပြီးတော့ စုတ်တံနဲ့ ပတ်စတယ်တွေပေါ်မှာ အခြောက်ပွတ်ရတာပေါ့.. တာပင်တိုင်က အခြောက်မြန်တာကြောင့် အခုနောက်ပိုင်း ငါးကြီးဆီကိုပြောင်းသုံးဖြစ်တယ်.. သူကပိုဈေးကြီးတယ်.. သူ့ကိုသုံးတော့ ပိုပြီးလုပ်ရကိုင်ရကောင်းတယ်.. တစ်ခုပဲ.. အခြောက်နှေးတော့ အဲလိုပွတ်ပြီး အရောင်ဖြည့်ပြီးတဲ့အခါ ၂ နာရီလောက် အခြောက်စောင့်ပြီးမှ အပေါ်က ပတ်စတယ်ပြန်ခြစ်လို့ရတယ်..




နောက်တော့ ပန်းသီးရဲ့အရင့်ဆုံးအရောင် အနီတွေကိုဖြည့်ပါတယ်.. ထိပ်ပိုင်းနားကအစိမ်းတွေ အညှာတံအချိုင့်လေးတွေ.. နောက်ခံကအမှောင်တွေ အရိပ်တွေကို ဖြည့်တယ်.. တဆင့်ဆီဖြည့်သွားရင်းနဲ့ အလင်းတွေကိုနောက်ဆုံးတင်ပြီးတော့.. ပန်းသီးလေးရပါပြီ.. ဒီပုံထဲမှာဆိုရင် သူက နောက်ခံတွေကို လက်ချောင်းကိုသုံးတယ်ပြောထားပါတယ်.. ပတ်စတယ်တောင့်နဲ့ခြစ်လိုက် လက်လေးနဲ့ပွတ်လိုက်ဆိုတော့ အစင်းရာတွေ မပေါ်ဘူးပေါ့.. ခုနပြောသလို တာပင်တိုင်နဲ့ပွတ်ရေးလည်းရတယ်.. နောက်ခံက ပြောင်ချောနဲ့ အရှေ့ပန်းသီးလေးကသာ ပန်းသီးရဲ့သဘောဖြစ်တဲ့ အစင်းအစင်းလေးတွေ ပါနေတာမျိုး.. အားလုံးပြီးရင်တော့ လိုက်ကာမှုတ်မယ်.. သဘောကဘာလဲဆိုတော့ ပတ်စတယ်ကားဆိုတာ ဆေးတွေခြစ်ပြီးတင်ထားတာဖြစ်လို့ ပွတ်ထိပါများရင် ဆေးတွေပျက်မယ်.. ဒီတော့ အပေါ်က လိုက်ကာအကြည်မှုတ်လိုက်ရင် ကြာရှည်လည်း ထိန်းသိမ်းရာရောက်တယ်.. ဆေးလည်းမကွာ.. အရောင်တောင် ပိုတက်လာသေးလို့ နန်းညီကတော့ မှုတ်လေ့ရှိပါတယ်..





ပတ်စတယ်ရဲ့အရသာ သဘောက ဘာလဲဆိုတော့.. လေထဲမှာရှိတဲ့ ပတ်ဝန်းကျင်မှာရှိနေမယ့် အရောင်တွေကို ကူးပြီးရေးတာမျိုး.. ဥပမာ ဒီပန်းသီးပုံမှာကိုပဲ.. ပန်းသီးကိုယ်ထည်ထဲမှာ အောက်ကကြမ်းပြင်အရောင် အခံအစိမ်းရောင်လေး နည်းနည်းထည့်ခြစ်လိုက်တာဖြစ်ဖြစ်.. ပြောင်လက်နေတဲ့အလင်းဖြူဖြူလေးနားမှာ ခရမ်းရောင်လေးနည်းနည်း ဖတ်ဖတ်ဆို ခြစ်လိုက်တာဖြစ်ဖြစ်.. အဲဒါမျိုးလေးပေါ့.. တကယ်တော့ ခရမ်းရောင်ကမပါဘူး.. တကယ့်ပန်းသီးကို သွားကြည့်လည်း မပါဘူး.. ဒါပေမယ့် လေထုမှာလည်းအရောင်တွေရှိတယ်ဆိုတဲ့သဘောကို သူကဖမ်းပြီးရေးရတာမျိုး.. နန်းညီရဲ့ flame ပန်းချီကားမှာဆို လိမ္မော်ရောင် ပန်းပွင့်တွေထဲမှာ အပြာတွေထည့်ခြစ်ထားတာ.. မီးတောက်သဘောဖြစ်အောင်လည်းပါတယ်.. ပြီးတော့ အဲဒိမရှိတဲ့အရောင်ကို ထည့်ရေးတာမျိုး.. အဲလိုပေါ့လေ.. ပတ်စတယ်ကားရေးတိုင်း အဲ့အရသာလေးရအောင် ရေးလေ့ရှိပါတယ်.. နောက်ပြီး ပတ်စတယ်ရဲ့သဘောကိုက hatch လို့ခေါ်တဲ့ အစင်းခြစ်လေးတွေ.. အဲဒါလေးတွေကကြည့်လှတာ.. အဲ့ဒါလေးတွေကအရသာရှိတာ.. အစင်းခြစ်တိုင်းဟာ ထင်သလိုခြစ်လိုက်တာမျိုးမဟုတ်.. သူ့လိုင်းနဲ့ သူ့ဦးတည်ရာ direction နဲ့ အစီအစဉ်တကျလှနေတာမျိုးပါ.. နောက် သူက ဗူးထဲပါတဲ့အရောင်တွေကိုသာ သုံးရတာ.. မပါတာတွေကိုစပ်ယူဖို့မလွယ်တော့.. အရောင်တိုင်းဟာ အားရှိနေတယ်.. ပြေရောနေတာမျိုးမလာဘူး.. အစင်းခြစ်လေးတွေတစ်ခုနဲ့တစ်ခု ထပ်ပြီးမှသာ အရောင်အသစ်တစ်ခုမြင်လာရတယ်.. ဒါပေမယ့် သေချာကြည့်ရင် နောက်ကွယ်မှာ အစင်းခြစ်တွေရှိနေတာပဲ.. Hatch ဟာ ပတ်စတယ်ရဲ့အသက်လို့ပဲ ဆိုကြပါစို့..

ကဲ.. ပတ်စတယ်ဗဟုသုတနဲ့ ပတ်စတယ်ပန်းချီကားတွေ ကြည့်တတ်ပြီး ပျော်ကြပါစေ.. ..

12 comments:

  1. ညီမလေးရေ အလည်လာတယ်နော် ပုံလေးတွေသဘောကျလို့ မသွားပြီ :)

    ReplyDelete
  2. သားတို့ကတော့ ဓါးနဲ့ဆွဲတာကို သဘောကျတယ်။ ဓါးနဲ့ ဓါးနဲ့။

    ReplyDelete
  3. သေသေချာချာလေ့လာသွားပါတယ် ပို့တစ်ရာပြည့်တဲ့နေ့ကျရင် တခုတခုအမှတ်တရရေးပို့ပါရစေ

    ReplyDelete
  4. ပန်ူးသီးဘဲသဘောကျတယ။်

    ReplyDelete
  5. နားလည်သလိုလို မလည်သလိုလိုနဲ့
    ဖတ်သွားတယ် တားတို့က ဝေးတာကိုး
    ဆိုက်ကားသွားငှားလိုက်ဦးမယ်။း)
    လာပါဦး ဆရာညောင်မျိုးရေး)

    ReplyDelete
  6. ပတ်စတယ်နဲ့ ဆွဲပေးတဲ့ဗိုလ်ချုပ်ပုံတွေလဲ များလှပြီ...:(

    နားတော့မလည်ဘူးပေါ့ဟာ..သေသေချာချာတော့ ဖတ်သွားပါတယ်။
    နားလည်တဲ့သူတွေနဲ့ ဆွေးနွေးပေါ့..။
    ဒါမျိုးလေးတွေ များများဆက်ရေးပါလို့ အကြံပြုချင်ပါတယ်။

    Mirror

    ReplyDelete
  7. နန်းညီရေ... water soluble pastel colour တွေက.. အကို့ရဲ့ အကြိုက်ဆုံးအရောင်တွေပါ... သူ့အရောင်က မစိုဘူး... ခြောက်တယ်.. ယဉ်တယ်။
    အကိုက အဲဒီ pastel သုံးထားတဲ့ ပန်းချီတစ်ခုပြီးတိုင်း Lacquare သုံးလေ့ရှိတယ်... အဲဒါမှ ကာလာအမှုန်တွေ မလွင့်ကုန်မှာ. .... ပန်းချီကားကို ကြာရှည်လည်း ခံစေတယ်လေ

    ReplyDelete
  8. pastelsတွေနဲ့ စာရွက်တွေကိုလက်ဆောင်ရဖူးတယ်
    ဆွဲစေချင်လွန်းလို့ပေးတာကို တစ်ခါလားဆွဲဖြစ်တယ်
    ခုမှ နန်းညီပုံတွေမြင်ပြီး ဘယ်နားရောက်နေပါလိမ့်လို့တွေးမိတာ
း)
    ခုလောက်ဆို သုံးလို့တောင်ရပါတော့မလားမသိဘူးနော်

    ReplyDelete
  9. ကျေးဇူးပဲ နန်းညီရေ.. လေ့လာစရာ တစ်ခုတိုးလာတာပေါ့ ...
    အဆက်လေးများ ရှိနိုင်ရင် လုပ်ပါဦး .. အဟေးဟေး

    ReplyDelete
  10. ကိုယ့်စိတ်ကူးထဲက အရာတွေကို ပန်းချီနဲ့ ပုံဖော်ချင်စိတ်ရှိတယ် .. ဒါပေမယ့် မတတ်ပါဘူး .. နီးနီးစပ်စပ်လည်းမရှိဘူး .. စိတ်ဝင်တစားဖတ်သွားပါတယ် နန်းညီရေး)

    ReplyDelete
  11. အခုလိုဆိုတော့လဲ ရေးတေးတေးတော့

    ReplyDelete
  12. တော်လိုက်တာ ငါ့ညီမ... အကို့ အကြိုက်ဆုံးက အခရိုင်းလစ်၊ ဒုတိယက Oil Pastel. နောက်ကြုံမှ ပြဦးမယ် :)

    ReplyDelete

your comment please

Powered by Blogger.