ဖေဖော်ဝါရီ ၁၃

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ပါ.. နန်းညီတို့ရဲ့ ဒုတိယဖခင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပေါ့.. နန်းညီ လေးစားချစ်ခင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ.. နောက်တစ်ခုက ဒီနေ့ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့လို့လည်း သတ်မှတ်ထားပါတယ်.. ပြီးတော့ ကလေးများနေ့လည်း ဟုတ်နေပါသေးတယ်.. အမှတ်တရတွေသိပ်များတဲ့နေ့လို့ပဲ ပြောရမလား.. နန်းညီအတွက် အဲဒါတွေထက် ပိုနေတာကတော့ နန်းညီချစ်ခင်ရသူတစ်ယောက်ရဲ့ မွေးနေ့လည်းဖြစ်နေလို့ပါ.. သူက ဘလော့ဂါမဟုတ်ပါဘူး.. သူ့နာမည်ကို ထုတ်ပြောမှာကိုလည်း သူမလိုလားပါဘူးတဲ့.. ဒီတော့ နာမည်တော့ မပြောတော့ဘူး.. သူ့မွေးနေ့ပေါ့.. အဲဒိလိုပဲ သိထားပေးပါ.. သူ့မွေးနေ့အတွက်အမှတ်တရဆိုပြီး နန်းညီ ပို့စ်တစ်ခုရေးထားပါတယ်.. ပန်းချီကားတစ်ကားလည်း သူ့ကိုလက်ဆောင်ပေးပါမယ်.. လူချင်းမတွေ့နိုင်သေးတော့ ပန်းချီကားပုံကိုပဲ မေးလ်ပို့လိုက်တယ်.. အားလုံးလည်း ကြည့်လို့ရအောင် အခုပို့စ်နဲ့အတူ တင်ထားပါတယ်.. (အောက်ကပုံထဲမှာပါတဲ့ ပန်းချီကားလေးပါ) .. မနက်ခင်းမှာ ဘုရားရှိခိုး ဆုတောင်းပေးဖြစ်တယ်.. ဗိုလ်ချုပ်ကောင်းရာသုဂတိလားဖို့ .. မြန်မာ့လူ့အခွင့်အရေး ညီမျှဖို့.. ကလေးတွေ ပျော်ရွှင်ကျန်းမာပြီး လွတ်လပ်ပေါ့ပါးစွာ ထက်မြက်စွာကြီးပြင်းလာဖို့.. ပြီးတော့ “သူ” နေကောင်းဖို့..

အားလုံးလည်း နန်းညီနဲ့အတူ ဆုတောင်းပေးကြနော်..
သူ ကျန်းမာဖို့.. သူပျော်ရွှင်ဖို့.. သူအဆင်ပြေဖို့.. သူအသက်ဆက်ရှည်နေဖို့.. သူနဲ့နန်းညီ ဆက်ပြီး ခင်မင်ပျော်ရွှင်နေနိုင်ဖို့..
Happy Birthday !! ပါလို့. ..... ...

8 comments:

  1. သူ မြန်မြန်နေကောင်းပြီး တိမ်တိုက်ကဖေးကို တက်လာနိုင်ပါစေဗျာ

    ReplyDelete
  2. သာဓုဗျာ သာဓု သာဓု

    ReplyDelete
  3. ပျော်ရွင်ဖွယ်မွေးနေ့ပါ...P

    ReplyDelete
  4. ဟက်ပီး ဘက်ဒေး.........

    ReplyDelete
  5. Happy Birthday !!! ပါခင်ဗျာ

    ပထမဆုံး က ပဲပြုတ်နဲ့ နံပြား ကြိုက်တဲ့ ဗိုလ်ချုပ်အတွက်
    ဒုတိယ က မှ ဖိနပ် အနီတစ်ဖက် အနက်တစ်ဖက်နဲ့ အကိုကြီးအတွက်

    ReplyDelete
  6. ဆုတောင်းပေးပါတယ်...
    (ဗိုလ်ချုပ်ကောင်းရာသုဂတိလားဖို့ .. မြန်မာ့လူ့အခွင့်အရေး ညီမျှဖို့.. ကလေးတွေ ပျော်ရွှင်ကျန်းမာပြီး လွတ်လပ်ပေါ့ပါးစွာ ထက်မြက်စွာကြီးပြင်းလာဖို့.. ပြီးတော့ “သူ” နေကောင်းဖို့..)

    ReplyDelete
  7. ငါလည်းဆုတောင်းတယ်...။ Happy Birthday

    ReplyDelete
  8. haPpY bIrthDay
    ဟေ့လူရေ ခြေနေ?

    ReplyDelete

your comment please

Powered by Blogger.