အခုတော့ဟာသ တချိန်တုန်းကဒုက္ခ

၂၀၀၇ ခုနှစ်ရဲ့ မိုးသည်းထန်စွာ ရွာသွန်းနေသော ညနေတစ်ခု.. ..
နန်းညီရယ်.. အယ်ရှားရယ်.. အိဖူးရယ်.. သစ်လွင်ရယ်.. ၄ ယောက်သား အင်္ဂလိပ်စာ သင်တန်းတစ်ခုကနေ ပြန်လာကြတာပေါ့.. သင်တန်းက ၆ နာရီခွဲလောက်မှာဆင်းပေမယ့် အဆင်းမှာ ဘာညာပွား.. ဟိုဒီသွား လုပ်နေတာနဲ့.. ဘတ်စ်ကားပေါ်ကို ၇ နာရီထိုးခါနီးလောက်မှ ရောက်သွားပါတယ်.. အဲ့သင်တန်းက နန်းညီတို့ အိမ်နဲ့သိပ်မဝေးလှဘူး.. စက်ဘီးနဲ့နင်းတောင် ရောက်တယ်.. ဒါပေမယ့် ကားစီးရင်ကျတော့ ၃ ဆင့်တောင် ပြောင်းပြောင်းစီးရတယ်.. အသွားဆိုရင် ၄ ယောက်တူတူ ဘတ်စ်နဲ့ပဲသွားပေမယ့် အပြန်ဆိုရင် ကားပြောင်းရတဲ့ ဒုတိယအဆင့်နေရာမှာ နန်းညီရဲ့ အစ်ကို.. အဖေ.. အမေ..တစ်ယောက်ယောက်က ကားနဲ့လာကြိုပေးပါတယ်..

အဲဒိနေ့ကလည်း မိုးကရွာ.. ထီးက ၂ ချောင်းပဲပါပြီး.. ဒုတိယမြောက်ကားပေါ်ကဆင်းလိုက်ချိန်မှာပဲ လူတွေက အတော်လေး ရွှဲစိုနေခဲ့ပြီ.. အဲဒိနေ့က လာကြိုတာက နန်းညီတို့ ကိုကြီးပါ.. ဂျစ်ကားနဲ့.. ဖြစ်ချင်တော့ ကားက ပျက်နေတယ်တဲ့.. ဂျစ်ကားရှေ့ခန်းလေးမှာ မိုးတွေကပက်လို့ သူထိုင်နေတယ်.. အိမ်ကနေ ဒီလိုပဲထွက်လာ ခဲ့တာမို့ ပိုက်ဆံလည်းမပါဘူး.. နန်းညီတို့ဆီကနေ ပိုက်ဆံတောင်းတယ်.. နန်းညီတို့ကလည်း ချမ်းသာပုံများ.. ၄ ယောက်ပေါင်းမှ ၁၀၀၀ ကျော်ကျော်လေးလား ကျန်တော့တယ်.. အဲဒါလေးနဲ့ပဲ ဆီချူဖို့ ဆီလိုက်ရှာ ၀ယ်ကြပါ တော့တယ်.. ကိုကြီးနဲ့ ကိုသစ်က ဆီပုံးလေးကိုင် ထီးလေးဆောင်းပြီး ထွက်သွားကြတော့ နန်းညီတို့ ၃ ယောက်က ကားနောက်ခန်းလေးထဲဝင်ထိုင် ကျန်ခဲ့တယ်.. ကားက လမ်းမကြီးဘေးမှာ ရပ်ထားတော့ ဘေးက ကားတွေ ဖြတ်တိုင်း လျှံနေတဲ့ရေတွေက တဗွမ်းဗွမ်းနဲ့ လာလာ စဉ်ပါတယ်.. ဂျစ်ကားဆိုတော့ မလုံမခြုံနဲ့လေ.. နန်းညီတို့မှာ ချမ်းကချမ်း.. ၇ နာရီကျော်ဆိုတော့ ဗိုက်ကဆာ.. မုန့်စားဖို့ ပိုက်ဆံကလည်းမရှိ.. အဲ့တုန်းက အိမ်ကို ဖုန်းပြန်ဆက်လို့လည်းမရ.. မှတ်မိသလောက် အဲ့နေ့က အိမ်မှာ လူကြီးတွေကခရီးသွားတာလားဘာလား.. နန်းညီတို့ မောင်နှမတွေချည်းပဲ ကျန်ခဲ့တာပါ..

ဆီသွားရှာတဲ့ ၂ ယောက်အဖြစ်ကလည်း ဆိုးချက်ကရင်နင့်စရာ.. လမ်းအဝေးကြီးလျှောက်ပြီးမှ ဟိုးဘက် ကားလမ်း ခပ်ဝေးဝေးမှာ ပုံးလေးကိုင်ထားတဲ့ ကုလားတစ်ယောက်တွေ့ပါသတဲ့.. အဲဒါနဲ့အားရ၀မ်းသာ လှမ်းခေါ်တော့ အဲ့လူကလည်း လာသတဲ့.. သူတို့ကလည်း အဲ့လူနားလျှောက်သွားတာပေါ့.. နောက် မျက်နှာချင်း ဆိုင်တွေ့တော့မှ ဆိုင်မှာဆီမရှိတော့လို့ သိမ်းပြီးပြန်တဲ့လူဖြစ်နေပါသတဲ့.. မိုးကလည်း တအားရွာနေတော့ ဆီကိုပြန်မယူပေးပါဘူး.. အဲဒါနဲ့ တခြားနေရာတွေထပ်သွား ရှာမှ ရပြီးပြန်လာပါတယ်.. သူတို့ပြန်လာချိန် နန်းညီတို့ ၃ ယောက်က အတော်လေး ချမ်းနေပြီ.. အဲ့တုန်းကတော့ ချမ်းပေမယ့် ပေါက်ကရတွေ လျှောက်ပြော လျှောက်စနေပြီး.. နည်းနည်းပျော်နေပါသေး..

နောက်တော့ ကားကိုကလိ .. ဆီချူ.. တွန်းနိုး.. မိုးရွာကြီးထဲ ကားတွန်းနေကြရင်း. ဇော်ပိုင်ရဲ့မြို့အ၀င်ည ဗီစီဒီကိုပြေးမြင်ပြီး စနေကြသေးတယ်.. ဘယ်လိုလုပ်လုပ် နန်းညီတို့ဂျစ်စုတ်လေးက နိုးမလာဘူး.. ရွှေစိတ်တော်က ကြီးပါတယ်.. အဲဒါနဲ့ နောက်ဆုံး.. ကားကို ထားခဲ့ဖို့ကြံရပါတယ်.. အဲ့အချိန်ဆို ၈ နာရီတောင် ခွဲနေလောက်ပါပြီ.. အမှန်တော့ အဲ့ထက်ကောင်းတဲ့နည်းလမ်းတွေလည်း ရှိမှာပါ.. ၂ ယောက်လောက် အရင်ပြန်သွားတာဖြစ်ဖြစ်.. ဒါပေမယ့် အဲ့ဒိတုန်းကတော့ မစဉ်းစားမိပါဘူး.. ပိုက်ဆံမရှိတာလည်းပါတယ်.. ဟိ.. ကားကိုထားခဲ့မယ်ဆိုပြန်တော့လည်း ဒီတိုင်းထားခဲ့လို့မရ.. ဂျစ်ဆိုတော့ ပိတ်စရာကာစရာလည်း ရှိတာ မဟုတ်တော့ စိတ်မချရဘူးလေ.. အဲဒါနဲ့ အဲ့နားက ရုံးဝင်းတစ်ခုထဲဝင် အကူအညီတောင်းရပါတယ်.. ကားထားခဲ့ပါရစေပေါ့နော်.. မနက်မှ ၀ပ်ရှော့သမားနဲ့လာပြန်ယူပါ့မယ် ဘာညာပေါ့..

သူတို့ကလည်းခွင့်ပြုလို့တော်သေးတယ်.. ကြည်ကြည်သာသာပါပဲ.. ပိုပြီးကံကောင်းတာက အဲ့က လူတစ်စုက နန်းညီတို့အိမ်ဘက်ကို သွားမှာတဲ့.. လမ်းကြုံတယ်ပေါ့.. တောင်းအေ့စ် အမိုးဖွင့်ကားနဲ့.. လိုက်ခဲ့လို့ ရတယ်ဆိုတာနဲ့ ပျော်သွားကြသပေါ့.. လိုက်မယ်.. ရတယ်.. မိုးရွာထဲလည်းမထူးဘူး.. စိုနေပြီဆိုပြီး... သို့ပေသိပေါ့ဗျာ.. ကံကဆိုးချင်ရင် ဆက်တိုက်မဟုတ်လား.. အဲ့လူတွေက အရက်သောက်နေကြတာပါ.. ပြီးအောင်စောင့်ပါ.. ခဏလေးပါ.. ဘာညာနဲ့ဆိုတော့ လူတွေက မိုးကစို.. ချမ်းကချမ်း.. ဗိုက်ကလည်းဆာဆိုတော့ .. တခြားလှုပ်ရှားရမှာ မလုပ်ချင်ပဲ အပျင်းကြီးပြီး သူတို့ကိုပဲ ပေကပ်စောင့်နေလိုက်ကြပါတယ်.. ၅ ယောက်သား.. ရုံးကင်းတဲလေးမှာ စုထိုင်လို့.. မိုးကစိုစိုကို ဆေးပေါ့လိပ်လေး တလှည့်စီဖွာလို့.. ခြင်ကကိုက်.. လက်က ပဲကြီးရေ တွေတွန့်လို့.. ဟိုလူတွေကို လှမ်းကြည့်လိုက်.. မြန်မြန်စားတာမဟုတ်ဘူး ဆဲလိုက်.. ကားစုတ်ကို ကျိန်ဆဲလိုက်.. ပေါက်ကရတွေလျှောက်ပြောလိုက် ရယ်လိုက်နဲ့ပဲ.. အဲဒိနေ့က အိမ်ကို ၉ နာရီကျော်မှ ပြန်ရောက်သွားပါတယ်.. တောင်းအေ့စ်လေးနဲ့သွားရတဲ့ လမ်းတစ်လျှောက်လည်း လေကတိုးလို့ ချမ်းလိုက်တာပြောမနေပါနဲ့..

ခုပြန်တွေးတော့လည်း အဲ့ဒိထက်အဆင်ပြေတဲ့ နည်းလမ်းတွေ အများကြီးပေါ်လာပါတယ်.. အဲ့ဒိတုန်းကတော့ မိုးရေထဲမှာ ကားတွန်းရတာကပဲ ပျော်စရာတစ်ခုလိုဖြစ်နေတာ.. ဒုက္ခရောက်နေရင်းနဲ့ကို ရယ်နေကြတာ အတောမသတ်ပါပဲ.. အဲဒိနောက်ပိုင်းတော့.. “မြို့အ၀င်ည” ရိုက်ကြမလားမေးတာက နန်းညီတို့ ၅ ယောက်ရဲ့ အထာစကားလေးဖြစ်သွားတော့တယ်လေ..

စာတွေရေးနေတယ်ဆိုတဲ့ ကိုbee tag ထားတာလေးပါ.. ကိုbee ရေ.. ဆင်ပြေပါတယ်ဟုတ်? .. နန်းညီအလှည့်ပြီးတော့ ကိုသူ.. မမေရာ.. လင်း.. အိဖူး တို့.. လုပ်ကြဦးလေ..

8 comments:

  1. အော် ပျော်ပျော်ပါးပါးဆိုတော့
    ဒုက္ခလို့ မမြင်တော့ဘူးပေါ့လေ

    ReplyDelete
  2. မိုးရွာကြီးထဲ ပျော်ပျော်ပြားပြား၊ မော်တော်ကားကြီး တွန်းလို့ပေါ့.......ဟိ

    sin dan lar

    ReplyDelete
  3. ပထမဆုံးရေးပေးလို့ ကျေးဇူးကမ္ဘာ ပါ ညီရေ. ပျော်စရာကောင်း တဲ့
    “မြို့အ၀င်ည” ဒုက္ခ လှလှ လေးပေါ့ဗျာ။ လေးစားလျက် .......း)

    ReplyDelete
  4. နန်းညီရေ..
    မြို့အဝင်ညလေးက ပျော်စရာ အမှတ်တရလေးနော်.. :P

    ReplyDelete
  5. လာမယ်..နဲနဲတော့ကြာမယ်ထင်ရဲ့..။
    ခမ်းခြောက်နေတဲ့ ဦးဏှောက်နဲ့ နှလုံးသားကို စိုစွတ်အောင်လို့ အရင်ဆုံးညီ့ရဲ့
    ဒီပိုစ့်ကိုတော့ ဖတ်သွားတာပဲ..။:)

    ReplyDelete
  6. ပေါ့ပေါ့ပါးပါးနဲ့ ပျော်စ၇ာလေးတွေရေးလို့ လာလာဖတ်တယ် နန်းညီရေ..

    ReplyDelete
  7. ရေးပြီးကြောင်းပါ....

    ReplyDelete
  8. ပျော်စရာကြီးပဲ။ ချမ်းတော့ တော်တော်ချမ်းမှာနော်။

    ReplyDelete

your comment please

Powered by Blogger.