Alpine Music Tour

ည ၁၂ နာရီ အိမ်ကို မောင်နှမသုံးယောက် ပြန်ရောက်လာတဲ့အခါ.. ချဉ်စုတ်စုတ်ချွေးနံ့တွေ.. အရက်နံ့ ဆေးလိပ်နံ့တွေနဲ့ တူးခါးလို့.. .. အမေက နှာခေါင်းကိုပိတ်နေပြီး ဘဂျမ်းလေးကတောင် အနားမကပ်ဘူး.. အဲ့ဒိအချိန်ကြီးကျမှ ရေအေးအေးတွေလောင်းချိုး.. ဗိုက်ဆာဆာနဲ့ instant ကြာဇံထုပ်တွေ ပြုတ်စား.. ရေမြေခြားနေသော သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လို့ နည်းနည်းပါးပါး ကြွား.. ပွားပြီး .. ပင်ပန်းလွန်းအားကြီးစွာ အိပ်ပျော်သွား.. ခုမနက်ကျတော့ အသံတွေဝင်.. လည်ချောင်းနာ.. ကျောတွေတောင့်.. ခြေထောက်က သွေးကျလွန်းလို့ ကိုက်ခဲနေပြီး.. ဒူးကချောင်.. အလုပ်ကို မနည်းအားတင်း တရွတ်ဆွဲပြီးလာရတယ်..

ဒါပေမယ့် ပျော်ပါတယ်.. ညနေ ၅ နာရီလောက်ကတည်းက ကန်တော်ကြီးမျှော်စင်ကျွန်းကိုရောက်.. ဘဲလေးတွေဘာတွေ ငမ်းပေါ့လေ.. ကွင်းထဲဝင်တာနဲ့ BOB သီချင်းသံက ပျံ့လွင့်လို့.. သစ်ပင်တွေပေါ်မှ လူပဒေသာပင်တွေ.. ကွင်းထဲက ချဉ်စုတ်စုတ်အနံ့တွေနဲ့လူတွေ.. ၆ နာရီဆိုပေမယ့် ၆ ခွဲကျော်ကျော်မှာမှ လေးဖြူရဲ့ “အမဲလိုက်အက” နဲ့ စပါတယ်.. နောက် မျိုးကြီးရဲ့ “လေပြေ”.." နိစ္စဓူဝ " နောက်တော့ နန်းညီ၏ အသည်းကျော်ကြီး အငဲရဲ့ “နတ်မိမယ်”.. နောက် ၀ိုင်းဝိုင်းက .. လမင်းနဲ့ပင်လယ်ထဲက ဟိုသီချင်းလေ.. “မနက်ဖြန်ဆိုတာ ရှိနေသေးသမျှ ချစ်ခွင့်ရှိသေးတယ်” အဲ့ဒါ..

သီချင်းအပုဒ်ပေါင်း ၄၀ ကျော်နဲ့ Alpine Music Tour ပထမဆုံးပွဲက အောင်မြင်သွားတယ်ပြောရမှာပဲပေါ့.. ထုံးစံအတိုင်း တစ်ပုဒ်နဲ့တစ်ပုဒ်အကူးမှာ လေးဖြူ လေးဖြူလို့ အော်ဟစ်ကြတာက အကျင့်ပါနေလို့ပဲလား... ဘယ်လောက်ပဲ သူ့နာမည်အော်အော် ဆိုတာကတော့ ထုံးစံအတိုင်း အစဉ်လိုက် ၂ ပုဒ်ဆီဆိုတာပါပဲ.. အငဲလာလာ မျိုးကြီးဆိုဆို ၀ိုင်ဝိုင်းပဲဖြစ်ဖြစ်.. လိုက်ဆို အော်ဟစ် ခုန်ပေါက်.. အားပေးကြပေမယ့် .. အကျင့်ပါနေတဲ့ ပါးစပ်တွေက တစ်ပုဒ်ပြီးလိုက် လေးဖြူ လေးဖြူ.. နောက်တစ်ယောက်ဆိုပြီးလိုက်.. လေးဖြူ လေးဖြူ လေးဖြူ.. အားပါး.. နန်းညီရဲ့ ကိုကြီးငဲ ကွ ဆိုတဲ့အော်သံက တိုးတောင်မပေါက်..

လူလည်းတော်တော်များတယ်.. အပြည့်အလျှံ.. လက်မှတ်တွေကို အရင်လို အပေါက်ဖောက်ပြီး ပြန်ပေးတာမျိုးမလုပ်ဘဲ အ၀င်ဝကရဲတွေက အကောင်းအတိုင်းလေးတွေ သိမ်းပါတယ်.. ကန်တော်ကြီးရှေ့ဝင်ပေါက်က ၈၀၀၀ တန်မှောင်ခိုတွေဟာ ဒီရဲတွေဆီကပဲ ပြန်လှည့်သွားသလား တွေးစရာပဲ.. လက်မှတ်ကလေးသိမ်းမယ် စဉ်းစားထားတာ.. အခုတော့ မရတော့ပါ..

စုန်းမ.. စာမျက်နှာ ၁၅.. ၀ိရောဓိ.. မလုပ်နဲ့.. အရေးမကြီးဘူး.. သတိမေ့သွားတဲ့ည.. နဲ့များစွာက လေးဖြူ
အပြာရောင်ည.. ရှတနေ့ရက်များ.. လမိုက်ည.. ရင်ခုန်သံအရင်းနှီးဆုံး.. ကျောက်စာများ.. နဲ့များစွာက မျိုးကြီး
အကြည့်.. ကမ်းမရှိတဲ့အချစ်.. အချစ်ဦးပုံပြင်.. ဟောင်းသွားပြီလား.. အလွမ်းခရီးသည်.. နဲ့များစွာက အငဲ
တယ်လီဖုန်း.. အမှိုက်.. အိမ်လွမ်းသူ... မိုးသည်းထဲမှာ နဲ့များစွာက ၀ိုင်ဝိုင်း
ထုံးစံအတိုင်း ဒီဇင်ဘာညကိုလည်း ဆိုရဲ့.. မောလား မေးလိုက်.. မမောဘူးဖြေလိုက်.. နောက်ဆုံးတော့ ၀ိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် ကို အားလုံးပူးပေါင်းသီဆိုရင်း “ဆရာတို့က မမောသေးဘူး ဆိုပေမယ့် ကျွန်တော်တို့က ကျသွားပြီ.. မဆိုနိုင်တော့ဘူး.. ဒီညတော့ ပြန်တော့နော်” ဆိုတဲ့ အငဲရဲ့စကားနဲ့ပဲ ပြန်ခဲ့ရပါတယ်..

ဒီနေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ မနေ့ညက နန်းညီဘယ်လောက်တောင်ကဲထားလည်း မှန်းလို့ရလောက်ပြီထင်ရဲ့.. ကိုယ်ကခုန်.. ကိုယ်ခုန်တော့ သူများက နင်းမိမှာစိုးတော့သူများကလည်းခုန်.. သူတို့ခုန်ပြန်တော့ သူတို့နင်းတာခံရမှာစိုးလို့ ကိုယ်ကလိုက်ခုန်.. ရစ်သမ်ကိုမိလို့.. ဓာတ်ပုံတွေလည်း သတိရရင် ရသလိုရိုက်ထားပေမယ့်.. လက်ကတုန်.. လူတွေကခုန်.. မီးကမှောင်.. ကင်မရာက မကောင်းနဲ့. ပုံကောင်းတွေတော့ မရခဲ့ဘူး.. အခု ရသလောက်တင်မယ်ဆိုပြန်တော့လည်း ကျော်ခွရတာဆိုတော့ကာ ပုံတင်လို့ရပါ့မလားမသိ.. လုပ်ကြည့်ကြသေးတာပေါ့..


ဒါကတော့လက်မှတ်တွေပေါ့


အယ်လ်ပိုင်းစင်မြင့်



ကွင်းထဲက ဘော်ဒါများ


စင်ပေါ်က ဘော်ဒါများ

ကဲကျေနပ်လောက်ပြီလို့ ထင်ပါတယ်း) ၀ိုင်းပျော်ပေးပါဦးဗျ


13 comments:

  1. ဟိုက်......
    ရှိုးပွဲအတွေ့အကြုံလေးပါလား။
    မိုက်သပ မိုက်သပ .........
    ကျနော်ကတော့ အတယ်ပဲပြောပြော ရှိုးပွဲတစ်ခါမှ မကြည့်ဖူးဘူးဗျ။

    အင်း.... ဒါနဲ့ မျိုးကြီးက နားနားပြီးပြော ဆိုတဲ့သီချင်း မဆိုဘူးလားဗျ ။အဲဒီ သီချင်းအရမ်း ကြိုက်... ။
    ပြီးတော့ ကိုလေးဖြူ ရဲ့ အဖေ သီချင်းတို့ ။ အရမ်း ကြိုက် ။

    ကြုံရင်တော့ ဓါတ်ပုံလေးတွေ တင်ပေးပါအုံးဗျ ( ရှိုးပွဲ ဆိုတာ မမြင်ဖူး လို့) :)

    ReplyDelete
  2. မိုက်တယ်ကွာ.... ရှိုးပွဲေ၇ာက်သွားသလိုပဲ... စုန်းမတစ်ကောင်လည်း တွေ့လိုက်သလားလို့...... ခွိ ... ခွိ (၇ယ်သံ)

    ReplyDelete
  3. ပျော်ပါတယ်... ပျော်ပါတယ်...
    ဓာတ်ပုံတွေ ဒီထက်ပိုကြည့်ချင်သေးတယ်...

    ReplyDelete
  4. မနာလိုဘူး ..း(
    ပြောသာပြောတာ
    တကယ်တမ်းကျအဲလိုလူမတိုးနိုင်ဘူး

    ReplyDelete
  5. ပျော်ထား ပျော်ထား
    ငယ်တုန်းပျော်ရတာ
    ကိုယ်တွေလို အသက်ကြီးသွားရင် သိပ်မပျော်တတ်တော့ဘူး ဖြစ်လာလိမ့်မယ်

    ReplyDelete
  6. အန်တီနော်ကိုထောက်ခံပါ၏.. နာလိုဘူးး(
    ဟုတ်တယ်.. လူမတိုးနိုင်တာလည်းအခက်သား..
    ၂၀၀၇ သင်္ကြန်းတုန်းက တစ်ခါပဲ IC မဏ္ဍပ်မှာရေပက်ဖူးလို့ IC Show ဆိုတာ
    ကြည့်ဖူးတာ.. ရန်ကုန်မှာတုန်းက ရှိုးပွဲတွေသိပ်မသွားဖြစ်ပါဘူး.. လူများရင်
    မနေတတ်လို့။ ဘာပဲဖြစ်ဖြစ် ပျော်ခဲ့တယ်ဆိုလို့ကောင်းတာပေါ့။း)

    ReplyDelete
  7. မိုင်ကုန်ကဲခဲ့တယ်ထင်ပါ့..။
    တခါတစ်လေ..စိတ်ရဲ့ကြိုးတွေကိုလွှတ်ပြီးပျော်ရတာ...သိပ်မိုက်တယ်..။
    မသွားရပေမယ့်....ခုလိုကြည့်ရတာနဲ့ပဲ...စိတ်ဖြေလိုက်ပြီ..။8-:(

    ReplyDelete
  8. ပီအိုက် မအား သေးဘူး. လည်လည်သွားနေတယ တဲ့် နန်းညီ..။ ရှမ်းကယ်ရိုဆင်းသီချင်းသွားဆိုတယ်တဲက။

    ReplyDelete
  9. ကဲ သာ ကဲ..ကဲ သာ ကဲ.. :P
    ဘဲလေးတွေတောင် ငမ်းလိုက်သေးဆိုဘဲ..ဒီလောက်ချဉ်စုပ်စုပ် အနံ့ ရနေတာကို...
    IC Show ကိုတော့ ဓါတ်ပုံလေး ကြည့်ရင်း စိတ်ကူးယဉ်သွားတယ်ဟာ.. မယ်ညီရာ..

    ReplyDelete
  10. မိုင်ကုန်ကဲခဲ့တယ်ထင်ပါ့..။
    တခါတစ်လေ..စိတ်ရဲ့ကြိုးတွေကိုလွှတ်ပြီးပျော်ရတာ...သိပ်မိုက်တယ်..။
    မသွားရပေမယ့်....ခုလိုကြည့်ရတာနဲ့ပဲ...စိတ်ဖြေလိုက်ပြီ..။8-:(

    ReplyDelete
  11. မိုင်ကုန်ကဲခဲ့တယ်ထင်ပါ့..။
    တခါတစ်လေ..စိတ်ရဲ့ကြိုးတွေကိုလွှတ်ပြီးပျော်ရတာ...သိပ်မိုက်တယ်..။
    မသွားရပေမယ့်....ခုလိုကြည့်ရတာနဲ့ပဲ...စိတ်ဖြေလိုက်ပြီ..။8-:(

    ReplyDelete
  12. ပီအိုက် ပြန်လာပြီ...။ ရောက်ရောက်ချင်း ညောင်ညောင့်ဆီလာတာ...။ မနာလို ဖြစ်မိပါသည်...။
    မကျေနပ်ပါ...။ အသေသတ်ချင်နေသည်။
    လေးဖြူ စင်ကာပူလာရင် အားခဲကြည့်မည်...။ နေနှင့်ဦးပေါ့ကွာ...။

    ReplyDelete
  13. ကြည့်ချင်လိုက်တာ.
    မနာလိုဘူး.ဓါတ်ပုံတွေဘဲကြည့်ရတာ.

    ReplyDelete

your comment please

Powered by Blogger.