ကျောင်းတော်ပုံပြင် ၃

နန်းညီတို့ကျောင်းက ပွဲတော်ကျောင်းကြီးလို့ ပြောလို့ရတယ်.. ကျောင်းတက်လတွေမှာ တစ်လမှပွဲမလွတ်ဘူးလေ..

ကျောင်းက နိုဝင်ဘာဆိုစဖွင့်ပြီ.. ကျောင်းစဖွင့်တုန်းကတော့ တွေးမိတယ်.. ဒီကျောင်းက ဘယ်လိုလဲဟ.. လူကလည်း နည်းလှချည်လားပေါ့.. အမှန်က နိုဝင်ဘာဆို အတန်းကြီးတွေက ဆပ်ပလီတွေဖြေနေတုန်းမို့ ကျောင်းမှာလူနည်းနေသေးတာ.. နယ်ကျောင်းသားကျောင်းသူတွေကလည်း မလာကြသေးတော့လေ.. နိုဝင်ဘာ လလည်လောက်မှာတော့ ကျောင်းကြီးက တကယ်ကို စပြီးစည်ကားလာတာပဲ.. အတန်းကြီးကျောင်းသားတွေ စမြင်ရပြီလေ.. သူတို့စရောက်လာတာနဲ့ ပထမဆုံးစလုပ်တာကတော့ ပိုက်ဆံကောက်တာပဲ... fresher welcome အတွက်ဆိုပြီး မေဂျာအလိုက်လုပ်ကြဖို့ တစ်တန်းဝင်တစ်တန်းထွက်နဲ့ ပိုက်ဆံလည်းကောက် ကျောင်းသူသစ်လေးတွေကိုလည်း လေ့လာကြနဲ့.. သူတို့ကိုပဲ မျက်စိနောက်စရာ.. အဲဒါက နိုဝင်ဘာနော်.. fresher welcome လပေါ့..

နောက်.. ဒီဇင်ဘာကျတော့

တစ်ခါ လူစာရင်းလိုက်ကောက်ပြန်ရော.. အဲဒါကတော့ ကျိုက်ထီးရိုးတက်ကြဖို့ပေါ့.. ကျောင်းတစ်ကျောင်းလုံး စုပြီးသွားကြတာ.. မေဂျာမခွဲဘူး.. လူစာရင်းအတိအကျရရင် ပိုက်ဆံကောက်.. ကားငှား.. ကျောင်းသားခေါင်းဆောင် ၂ ယောက်လောက်က ကြိုသွားပြီး နေစရာဘာညာ သွားစီစဉ်ပြီးမှ ရက်သတ်မှတ်ပြီးသွားကြတယ်.. အဲဒိလမှာပဲ နောက်တစ်ခုရှိတာက.. ဘွဲ့ယူဖို့လေ.. ဘွဲ့က ဒီဇင်ဘာမှာပေးတာများတယ်.. တစ်ချို့ ဘွဲ့ယူမယ့်ကျောင်းသားတွေက နယ်ကပြန်တက်လာပြီး ကျိုက်ထီးရိုးလည်းလိုက်.. ဘွဲ့လည်းယူလုပ်တတ်ကြတယ်..

ဇန်န၀ါရီ ဖေဖော်ဝါရီမှာတော့ ဘောလုံးပွဲပေါ့.. မေဂျာအလိုက် ဘောလုံးအသင်းအတွက် လူစု.. ၀တ်စုံအတွက် ပြင်ဆင်ကြ.. ထရိန်နင်ဆင်းကြနဲ့ ရှုပ်ရှက်ခတ်နေတာ..


(၀ဲမှယာ) သစ်လွင်(စာပေအသင်း)၊ နန်းညီ (မိန်းကလေးပန်းချီ)၊ အယ်ရှား (ယောက်ျားလေးပန်းချီ)၊ မိလှိုင် (စာပေအသင်း)

ပန်းချီ ယောက်ျားလေးမိန်းကလေး ၂ သင်း.. ပန်းပု ၂ သင်း.. ဂီတ ၂ သင်း.. သဘင် ၂ သင်း.. ရုပ်ရှင် ၂ သင်းနဲ့.. စာပေဌာနအတွက် ယောက်ျားလေး ၁ သင်း .. စာပေအတွက် အသင်းက မေဂျာအားလုံးက ကျောင်းသားတွေပေါင်းထားတာ.. နောက် ကျောင်းသားဟောင်း ယောက်ျားလေး ၁ သင်းပေါ့.. ယောက်ျားလေးအသင်းတွေက ပိုများတယ်.. မိန်းကလေးတွေကတော့ မနည်းတွန်းထိုးထုတ်မှ ၄ သင်းထဲရယ်.. ပတ်လည် ကန်ရတာပေါ့.. ယောက်ျားလေးအသင်းတွေကတော့ အုပ်စွဲခွဲ.. ဘာညာ .. အစီအစဉ်တကျလုပ်ပြီး ကန်ကြတယ်.. ဘောလုံးကွင်းက ကျောင်းအလည်မှာ... ပျော်စရာကောင်းတယ်... ကိုယ့်မေဂျာအလိုက်တွေ အားပေးကြတာ.. တခြား ကျောင်းအနီးတစ်ဝိုက် ရပ်ကွက်တွေကလည်း လာကြည့်ကြတယ်.. ကျောင်းဆင်းချိန်က ၄ နာရီခွဲ.. ဘောလုံးပွဲရက်တွေဆို ၃ နာရီကတည်းက ကွင်းထဲရောက်နေကြပြီ.. ၃ နာရီခွဲဆို စကန်ကြပြီပေါ့..
ဖိုင်နယ်ပွဲတွေနေ့ဆို အကြီးအကျယ်ပဲ.. ဘောလုံးကွင်းပတ်လည် လူတွေမှ ပြည့်လို့.. အသံတွေကလည်း ကျောင်းအပြင်ဘက်နေတောင် ကြားနေရတယ်.. ဟေးကနဲ ဟားကနဲအသံတွေ..


ဒါကတော့ ၂၀၀၈ မှာ ဒိုင်းရသွားတဲ့ ပန်းပုအသင်း

မတ်လ လဆန်းပိုင်းဆို ဘာအတွက် အလုပ်ရှုပ်ကြပြန်လဲဆိုတော့.. စတုဒီသာ ရေသဘင်ပွဲအတွက်ပေါ့.. စတုဒီသာဆို မေဂျာတစ်ခုစီက မုန့်တစ်မျိုးစီကျွေးတယ်.. သီချင်းဆိုတာ ကတာ.. အဲဒါတွေအတွက် stage ထိုးပေးတယ်.. ဆိုမယ့်ကမယ့်သူတွေက စာရင်းပေးရတယ်.. ကျောင်းသားတွေက မိန်းကလေးလိုဝတ်ပြီး မော်ဒယ်ရှိုးလျှောက်တာ ရှိသေးတယ်.. အဲဒိနေ့ဆို တခြား အပြင်သူငယ်ချင်းတွေပါ ခေါ်လာတတ်ကြတယ်.. တခြားတက္ကသိုလ်တွေက လူတွေပေါ့.. ရေတွေလောင်း.. မုန့်စား.. သီချင်းဆိုတာအားပေး.. မနက် ၉ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိ.. အိမ်အပြန်လမ်းမှာ ကိုယ်တွေပဲ ရေတွေ စိုရွှဲနေလို့ သူများတွေ ၀ိုင်းကြည့်တာခံရတဲ့ ခံစားမှုကလည်း တစ်မျိုးပဲ..

မတ်လ ၁၅ ရက်လောက်ဆို တကယ့်အကြီးဆုံးပွဲကြီးရှိတယ်.. စာမေးပွဲလေ.. မိုင်နာဘာသာတွေဆို မနက် ၉ နာရီကနေ ၁၂ နာရီ.. မိုင်နာတွေ ဖြေပြီးလို့.. မေဂျာဘာသာနေ့တွေရောက်ပြီဆိုရင် မနက် ၉ - ၁၂ က စာဖြေ.. ၁ - ၆ နာရီက လက်တွေ့ပေါ့.. ပန်းချီဆိုရင် ပုံဆွဲရတာလေ.. ဂီတဆို တီးရတဲ့နေ့ဆို တီးပြ ဆိုရတဲ့နေ့ဆို ဆိုပြ .. တစ်နေကုန်ပဲ.. ပင်ပန်းပေမယ့် လက်တွေ့ဖြေရတာတွေက စိတ်ပေါ့ပါးပါတယ်.. Drawing နေ့ဆို.. အဲဒါနဲ့ပတ်သက်တာဆွဲပြ.. ခန္ဓာဗေဒနေ့ဆို လူပုံ.. အဲလိုပေါ့နော် .. စာမေးပွဲတွေအားလုံးပြီးရင် ကျောင်းတစ်လပိတ်တယ်.. အေပရယ်တစ်လလုံး.. လကုန်ရက်လောက်မှာ အောင်စာရင်းထွက်.. မေလဆန်းလောက်မှာ ဆပ်ပလီတွေဖြေ.. မေလလည်လောက်ဆို ကျောင်းသားတွေပြန်စုံလာပြီး Second Semester ပြန်စပြီပေါ့.. second semester
ပွဲတွေအကြောင်းကတော့ ကျောင်းတော်ပုံပြင် ၄ မှာပြောမယ်လေ..

4 comments:

  1. ကိုကို တခါမှ ကျောင်းမပျက်ဖူးဘူး။
    နေမကောင်းတောင် ဆေးသောက် အနွေးထည်ဝတ်ပြီး
    ရောက်အောင်သွားတယ်။ အဲ့လိုကြိုးစားတာ
    ကျောင်းတက်သက်တမ်းက ၆နှစ်လားပါပဲ။ ဖြစ်ပုံကို
    ပြီးမှပြောပြတော့မယ်။ ကျောင်းသားဘ၀ အတွေ့အကြုံလေးတွေက
    အခုတော့ လွမ်းစရာတွေ ဖြစ်ကုန်ပြိနော်

    ReplyDelete
  2. အေးဗျာ အခုလိုကျောင်းသားတွေပျော်နေတာတွေ့ရတော့ ကျနော်တောင် ကျောင်းသားဘ၀ကို ပြန်လိုခြင်သွားတယ်ဗျာ

    ReplyDelete
  3. မောင်နှမတွေလို့မပြောရဘူး။ ဟိဟိ။
    မယ်ဒေါ်နန်းညီ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သည်။ :)

    ReplyDelete
  4. ဓါတ်ပုံလေးတွေကြည့်ပြီး ကျောင်းသားဘ၀ကိုပြန်လွမ်းမိတယ် နန်းညီရယ်...

    ReplyDelete

your comment please

Powered by Blogger.