မမုန်းဘူး ချစ်တယ်

ကျွန်မရဲ့ အင်မတန်ချစ်ရတဲ့ အစ်ကိုတော်ဂျဲဂျယ်က tag ပါတယ်.. ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက် ၁၀ ချက်တဲ့.. ကျွန်မမှာ မကောင်းတဲ့ အချက် တော်တော်များများရှိတယ်.. မကောင်းဘူးမှန်းလည်း ကိုယ့်ကိုကိုယ်သိတယ်.. ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ မမုန်းဖူးဘူး.. အဲဒါကိုက မကောင်းတဲ့အချက်ပါပဲ..
ပြောရမယ်ဆိုရင် .. .. မကောင်းတဲ့အချက်အားလုံးက ကျွန်မကိုယ် ကျွန်မချစ်တာအပေါ်မှာ အခြေခံပါတယ်..

ကျွန်မက အတ္တသိပ်ကြီးတယ်..
ကျွန်မကိုယ် ကျွန်မ သိပ်ချစ်တယ်.. တကိုယ်ကောင်းဆန်တယ်.. ဘာမဆို ကျွန်မ မနာရအောင် တွေးတတ်တယ်.. သူများတွေအတွက် လုပ်ပေးကိုင်ပေးတာမျိုးရှိပေမယ့် ကျွန်မနစ်နာမယ့် ကိစ္စမျိုးဘယ်တော့မှ မလုပ်ပါ.. ကျွန်မကိုယ်ကျွန်မ အလွန်သနားတတ်ပါတယ်..

ကျွန်မက လူတွေကို မယုံဘူး..
လူတွေကို အလွယ်တကူ ချစ်တတ်ပါတယ်.. ဒါပေမယ့် ယုံဖို့ကြတော့ ခက်တယ်.. ကိုယ်ချစ်တဲ့သူတစ်ယောက်က ပြောင်းလဲသွားလည်း အစကတည်းက မယုံကြည်ထားတော့ ကျွန်မသိပ်မခံစားရဘူးပေါ့..
လူတစ်ယောက်ကို ယုံယုံကြည်ကြည်ချစ်လိုက်ရင် သူပြောင်းလဲသွားတဲ့အခါ ကျွန်မခံစားရမယ့် ဝေဒနာကို ကြောက်ပါတယ်.. အဲ့ ဝေဒနာကို ခံစားရမယ့် ကျွန်မကိုယ်ကျွန်မ သနားပါတယ်.. ဒါကြောင့် ဘယ်သူ့ကိုမှ တကယ် ၁၀၀% ယုံကြည်ပြီး မချစ်ဖူးပါ..

ကျွန်မက ဟန်ဆောင်တတ်တယ်..
ကျွန်မ ဟန်ဆောင်သိပ်ကောင်းပါတယ်.. ကျွန်မခံစားနေရတာတွေ.. ကျွန်မမှာ ဖြစ်နေတာတွေကို မဖြစ်သလို မဟုတ်သလို ဟန်ဆောင်တတ်တယ်.. ကျွန်မမှာ မရှိတဲ့ခံစားချက်တွေကို တကယ်ရှိနေသလို ဟန်ဆောင်တတ်တယ်.. အကျိုးဆက်အနေနဲ့ ဟန်ဆောင်နေတဲ့သူတွေကို ကျွန်မအလွယ်တကူ သိတတ်တယ်..

ကျွန်မက လိမ်တတ်တယ်..
ကျွန်မ လိမ်တာသိပ်တော်တယ်.. လုပ်ရပ်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်မ အမှန်အတိုင်းပြောတတ်တယ်.. လိမ်ညာမှုနဲ့တော့ ကျွန်မ ဘာတစ်ခုကိုမှ အရမယူတတ်ပါ.. ဒါပေမယ့် ခံစားချက်တွေကိုလိမ်တယ်.. ရင်းနှီးသူတွေကိုလည်း တစ်ခါတရံလိမ်တယ်.. မရင်းနှီးသူတွေကိုလည်း အလွယ်တကူလိမ်တယ်.. ဘယ်လောက်များလည်းဆို တစ်ခါတလေမှာ ကိုယ့်ကိုကိုယ်တောင် ငါလိမ်နေတာလား တကယ်လားလို့ မသိတော့တဲ့အထိပဲ..

ကျွန်မက မနာလိုတတ်ဘူး..
ပစ္စည်းတွေနဲ့ ပက်သက်ရင် မနာလိုတာနည်းပေမယ့်.. ကျွန်မလိုချင်ပေမယ့် မရနိုင်တဲ့ အခွင့်အရေး.. ကျွန်မလိုချင်ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ဘ၀ .. အဲဒါတွေကို မနာလိုဘူး.. ကျွန်မသေသွားတဲ့နောက် အသက်ရှင်ကျန်နေခဲ့မယ့် သူတွေကို မနာလိုဘူး... ကျွန်မမကြိုက်တာတွေကို စီမံနိုင်စွမ်းရှိတဲ့ ကံကြမ္မာဆိုတာကို ကျွန်မ မနာလိုပါ..

ကျွန်မက မချစ်တတ်ဘူး..
မသိတဲ့သူတွေက ကျွန်မ အချစ်ကြီးတယ်ထင်ကြတယ်.. တကယ်က ကျွန်မကိုယ်ကျွန်မကလွဲပြီး သူများကို မချစ်တတ်ဘူး.. သူများကိုချစ်တယ်ဆိုရင်လည်း အဲဒါ အကြောင်းရှိလို့.. သူ့ကိုချစ်နေရတာကို ကျွန်မကျေနပ်နေလို့ သူ့ကိုချစ်ရတာ ကျွန်မ ပျော်နေလို့.. ကျွန်မကိုယ် ကျွန်မ စိတ်ချမ်းသာအောင်ထားတဲ့အနေနဲ့ ချစ်တာ..

ကျွန်မက စိတ်အပြောင်းအလဲမြန်တယ်..
ကြောက်စရာကောင်းလောက်အောင်ကို အပြောင်းအလဲမြန်ပါတယ်.. အထူးသဖြင့် လူတွေနဲ့ပတ်သက်ရင်ပေါ့... ကျွန်မ အကြိုက်ဆုံးအစားအစာ.. အကြိုက်ဆုံးအရောင်ကပြောင်းလဲဖို့ခက်ပေမယ့် ကျွန်မအနှစ်သက်ဆုံး လူကတော့ စက္ကန့်ပိုင်းအတွင်းမှာကိုပဲ ပြောင်းသွားနိုင်ပါတယ်..
အဲဒါနဲ့ပတ်သက်ပြီး ကျွန်မပြန်ရတဲ့ စကားကတော့ “သစ္စာမရှိဘူး” ဆိုတာပါပဲ..

ကျွန်မက လူတွေကိုအထင်သေးတတ်တယ်..
လူတွေကို ကျွန်မ မချစ်ဘူး.. လူတစ်ယောက်ကို အလွယ်တကူ အထင်သေးတတ်တယ်.. အလွယ်တကူလည်း အထင်ကြီးတတ်တယ်.. ကံကောင်းစွာနဲ့ပဲ ကျွန်မအထင်သေးတဲ့သူတွေက တကယ်ကိုပဲ ကျွန်မထက် ညံ့တဲ့သူတွေဖြစ်နေတတ်ပြီး ကျွန်မအထင်ကြီးတဲ့သူတွေကလည်း အရည်အချင်းရှိတဲ့သူတွေ ဖြစ်နေတတ်တယ်..

ကျွန်မက ဂရုမစိုက်တတ်ဘူး..
သူများတွေပြောတာကို ကျွန်မ ဂရုမစိုက်တတ်ဘူး.. တစ်ခါတလေ စေတနာစကားတွေကို လျစ်လျူရှုတယ်.. သတိပေးစကားတွေကို မထီမဲ့မြင်ပြုတတ်တယ်.. ကျွန်မကိုယ် ကျွန်မပဲ ယုံတဲ့အတွက် ကျွန်မစိတ်ထဲရှိတဲ့ အတိုင်းတွေပဲ လုပ်တတ်တယ်..

ကျွန်မက ပိုက်ဆံမက်တယ်..
ပိုက်ဆံဟာ ဘ၀လုံခြုံမှုတွေထဲက အချက်တစ်ချက်ဆိုတာ ကျွန်မအပြည့်အ၀ ယုံကြည်ပါတယ်.. သက်မဲ့တွေထဲမှာ ကျွန်မအချစ်ဆုံးက ပိုက်ဆံပဲ..

ကျွန်မရဲ့ အကျင့်ဆိုးတွေပါ.. တကယ့်ကိုပဲ ၁၀ ချက်ကွက်တိပဲ စဉ်းစားလို့ရတယ်.. ကျန်တာတွေက အဲ့ဒိ ၁၀ ချက်ကနေ ခွဲထွက်လာတဲ့.. ဆင့်ပွားတွေပဲ.. အဲ့ဒီအကျင့်တွေ မကောင်းဘူး .. ကျွန်မသိပါတယ်.. ဒါပေမယ့် အဲဒိအကျင့်တွေရှိလို့ဆိုပြီး ကျွန်မကိုယ်ကျွန်မတော့ မမုန်းဖူးပါ.. ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့.. ကိုယ့်ကိုကိုယ် မသိတဲ့ သူတွေကိုတော့ ကျွန်မမုန်းပါတယ်..
ကျွန်မကိုယ်ကျွန်မကတော့ ချစ်ခင်ဆဲ နှစ်သက်ဆဲ တန်ဖိုးထားဆဲပါပဲ..

2 comments:

  1. ညီ့ထပ် အကိုက အတ္တကြီးတယ်
    လူတွေကိုတော့ မယုံဘူး၊ ဒါပေမဲ့
    ကိုယ့်သူငယ်ချင်းတွေ အပေါ်တော့ အကြွင်းမဲ့ယုံတတ်တယ်
    ဟန်ဆောင်တတ်အောင် ညီ့ဆီလာသင်ရမယ်။
    လိမ်လဲ မလိမ်တတ်ဘူး၊ လိမ်ရင် ပေါ်လွန်းလို.
    လိမ်မနေတော့ဘူးလေ။
    အူတိုချက်က ဘာပဲဖြစ် ကိုယ့်အတွက်
    လုပ်ပေးတာဆိုရင် တခုတည်းပဲရှိစေချင်။
    ချစ်တာတော့ ဆန်.ကျင်ဘက်ပဲ ဟီဟိ
    စိတ်လဲ အပြောင်းအလဲ မမြန်တတ်ဘူး ကြိုးစားရဦးမယ်။
    ဘယ်လူကိုမှ မထင်မကြီးသလို အထင်လဲမသေးဘူး။
    ဒါတော့တူတယ် ဂရုမစိုက်ချက်ကတော့ ရပ်ကွက်ထဲမှာ နာမည်ကြီးပဲ။
    နောက်ဆုံးအချက်ကတော့ လုံးဝဆန်.ကျင်ဘက်ပဲ။
    ဟီဟီ ၀င်ဖွသွားတယ်။

    ReplyDelete
  2. ယုံကြည်ချက်တွေ ခံယူချက်တွေ လူတိုင်းမှာရှိပါတယ် ဒါပေမယ့် အဲဒါတွေပေါ်မှာအစွန်း ရောက်သွားရင်တော့မကောင်းဘူး ထင်ပါတယ်။ တူညီတဲ့ အချက်တွေ ရှိခဲ့ဘူးပါတယ် ဒါပေမယ့် အချိန်ဆိုတဲ့ကာလ တစ်ခုက ပြုပြင်ပေးသွားတယ် တွေ့ကြုံခံစားခဲ့ရတာတွေက လည်း ငါဘာလို့ ဒီလိုခံယူမိပါလိမ့် လို့ နောင်မှရတဲ့ နောင်တ တစ်ခုဖြစ်စေခဲ့ပါတယ်။ ငါသာသူ့နေရာမှာ ဆိုရင် ဘယ်လိုနေမလဲ ဆိုတာလေးကို စဉ်းစားကြည့်ပါ။ ဒီအကျင့်ဆိုးတွေ (ညီပြောတာနော် ဒီလို) ကြောင့်ကိုယ့်ကိုကိုယ် မမုန်းတာကောင်းပါတယ် ဘာလို့လဲဆိုတော့ တစ်ချို့က အဲဒါတွေကြောင့် ကိုယ့်ကိုကိုယ် သိမ်ငယ်မှု အားငယ်မှုတွေ နဲ့ ဘ၀ဆိုတာကို နာကြည်းသွား တတ်ကြလို့ပါ။

    ReplyDelete

your comment please

Powered by Blogger.