စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျနေတယ်.. အကြီးအကျယ်ကြီးတော့ မဟုတ်ပါဘူး.. သေးသေးဖွဲဖွဲလေးတွေကိုပဲ အဆင်က မပြေနိုင်ဘူး ဖြစ်နေတယ်.. website တစ်ခုဆွဲနေတာကလည်း ပြင်မဆုံးနိုင်ဘူး.. ဒါက သိပ်တော့ ကိစ္စမရှိပါဘူးလေ.. ကိုယ်လုပ်ရမယ့်အလုပ်ပဲ.. ပိုဆိုးတာက

ပို့စ်အသစ်မတင်ဖြစ်တာပဲ.. ပီကာဆိုရဲ့ပန်းချီကား ဂွါရာနီကာအကြောင်း ရေးမလို့ စာအုပ်နည်းနည်းပြန်ရှာဖတ်ရမယ်.. ခုထိမဖတ်ဖြစ်သေးဘူး.. မနေ့ကတော့ ဖတ်ပြီး ရေးမလို့ပါဆို မီးက တစ်ညလုံး ပျက်နေတာနဲ့ပဲ မရေးဖြစ်ပြန်ဘူး.. ပျော်စရာဆိုလို့ ဘလော့ မောင်နှမတွေအတွက် ဘန်နာတွေလိုက်လုပ်ပေးနေရတာ တစ်ခုပဲရှိမယ်.. သူများဘလော့တွေလိုက်လည် .. စာတွေဖတ်.. ဘုမသိ ဘမသိ ၀င်မန့်.. စီဘောက်စ်မှာအော်.. ဒါလည်း ပျော်စရာတစ်မျိုးပဲ.. ဒီကြားထဲ.. ကိုဂျဲနဲ့ ကိုဗီက တစ်မှောင့်.. ကိုဗီက မိန်းမဖြစ်သွားပြီး ကိုဂျဲက သူ့ကို ချစ်ခွင့်ပန်တယ်တဲ့.. ရှုပ်နေတာပဲ.. အန်ဒီကောင်ကလည်း တစ်နေ့တစ်နေ့ တဂါးဂါးလာလုပ်ပြီး သူ့ဘာသာသူ စိတ်တိုသမျှတွေ သူများဂျီတော့မှာ လာလာပေါက်ကွဲတယ်.. မတုအတွက် ဓာတ်ပုံပြင်ဖို့ကလည်း မလုပ်ဖြစ်သေး.. ကိုဂါဒင်နာကြီးရဲ့ ဥယျာဉ်ကြီး ရောင်းစားဖို့ကလည်း ခုထိ ဈေးမတည့်သေးဘူး.. ကိုညောင်မင်းစံတစ်ယောက်လည်း သူများမနာလိုဖြစ်အောင် ပုဂံသွားပြီး ဓာတ်ပုံရိုက်နေပြန်ပြီ.. တော်ပြီ.. ဆက်မရေးတော့ဘူး.. မနာလိုရတာတွေ သိပ်များနေပြီ..
(ဒီပို့စ်က ဘာမှဟုတ်ဖူး.. ရုံးအစောကြီးရောက်နေပြီး ဘာမှလုပ်စရာမရှိသေးလို့ စိတ်ထဲတည့်ရာ random လျှောက်ရေးကြည့်တာ..)

7 comments:

  1. random ပီသပါပေ့..

    ဒါမဲ့ စိတ်တော့ မညစ်ပါနဲ့ တူမရေ့...

    ReplyDelete
  2. အောင်မာ ငါလာလာ ဂါးးးးးးးးးးးးးးးးးး လို့နင်အိပ်မငိုက်တာမျှုတ်လား

    ReplyDelete
  3. အေးပါ ဂါးအန်တီရယ်.. ကျေးဇူးတင်ပါတယ်.. ကိုအောင်သာငယ်လည်း အားပေးတာ ကျေးဇူးပါ..း) .. ဒါထက်.. တူမရေ ဆိုတော့ကာ ဦးအောင်သာငယ်လို့ ခေါ်ရမယ်နဲ့တူတယ်နော်

    ReplyDelete
  4. ညီရေ အေးဆေးလုပ် အေးဆေးလုပ် ရတယ်သိလား။ စိတ်ညစ်မခံနဲ့ ... မငိုနဲ့နော် ... (ဂလိုပဲ ဖားရတာ :P) အန်ဒီကောင် လာဂါးရင် နရင်းသာ ရိုက်ပစ်လိုက် ... ဖိုးဂျယ်နဲ့ ဗီဗီကတော့ လိုင်စင်ရထားတာဆိုတော့ ခွင့်လွှတ်လိုက်ပါဟာ နော် ... ဟီဟိ

    ReplyDelete
  5. ဘာလိုင်စင်လဲဂျ။ တားလဲတိရပါလား မတူးတူးရ။
    ညီက အကိုရယ်၊ဗီဗီရယ် ပြီးရင် ညီအလှည့်ဆိုပြီး အပြောနဲ့ အညီလုပ်တယ်ပေါ့လေ။ ဘာတွေညစ်နေလဲ ခက်တာက အကိုက ကောင်လေးချောချောလေးတွေနဲ့ မသိဘူး အကိုကိုရှိန်တော့ မခင်ရဲဘူးလေ။ အကိုနဲ့ ယှဉ်ရင် သူတို. ငုပ်သွားမှာလေ။ ဒါကြောင့်ပါကွာ။ နိုတော့ နိုနဲ့နော် တွတ်တွတ်။

    ReplyDelete
  6. ညီမတော်ရေ
    အကိုတော်ရဲ့ ဥယျာဉ်ကို မရောင်းပါနဲ့အုံးလားနော်
    စတော့ဈေးကွက်တွေ အရမ်းကျနေလို့ပါ။ အခုတော့
    အိုဘားမားက ပြန်လည်ကယ်တင်နိုင်မယ်လို့ထင်တာပဲ
    စတော့ဈေး ငြိမ်တော့မှ ရောင်းနော်
    ဟဲဟဲ ကော်မရှင် ၂၀ % ပေးရမယ်နော်
    အကိုတော် ရောင်းဖို့အတွက် ထပ်ရှာပေးမယ်သိလား
    လိန်လိန်ရဲ့ အိပ်ယာတွေ ဒီဒီရဲ့ တွေ့ကရာ ခြောက်သောင်း
    (ရှစ်သောင်းမရတော့ဘူး out of date ဖြစ်သွားလို့လေ) ကို
    လဲ ရောင်းသာရောင်းပြစ်သိလား

    ReplyDelete
  7. ညီေ၇ ဘာတွေဘာတွေဖြစ်
    ဘာမှအားမငယ်နဲ့ .... ကြီးအောင်နေ
    ဟီဟီ

    ReplyDelete

your comment please

Powered by Blogger.