မြန်မာရနံ့ပန်းချီ

မြန်မာရနံ့ပန်းချီဆိုတာ မြန်မာပန်းချီကားတွေ မြန်မာဆန်ဆန်ရေးဆွဲဖို့ကို ဆိုလိုပါတယ်.. မြန်မာဆန်တယ် ဆိုတာလည်း ရှေးပုဂံခေတ် အင်းဝခေတ်ပန်းချီတွေလို ရေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.. ပန်းချီကားကို မြင်တာနဲ့ ဒါမြန်မာပန်းချီပဲလို့ သိသာစေတာမျိုးကို ဆိုလိုပါတယ်.. ဂျပန်ပန်းချီ တရုတ်ပန်းချီတွေဆို ပန်းချီကားကိုမြင်တာနဲ့ သူတို့မှန်းသိသာအောင်ပဲ ဂျပန် တရုတ် အငွေ့အသက် ရနံ့တွေပါနေတယ်.. အဲလိုသိသာတဲ့ အဓိကအချက်ကတော့ ဟန်.. အရောင်နဲ့ အပြင်အဆင်တွေပဲ.. ဒါတွေကို မူပိုင်ရယူထားရမှာပါ..
မြန်မာရနံ့ပန်းချီအကြောင်း အသေးစိတ်ကိုတော့ မြန်မာပန်းချီဆရာကြီး ဦးအောင်ခင်က ရှင်းပြခဲ့ဖူးပါတယ်..

မြန်မာ့ပန်းချီကျော်တွေ အများကြီးရှိပါတယ်.. အဲ့ဒိထဲမှာမှ ဆရာကြီးဦးအောင်ခင်က နန်းညီအကြိုက်ဆုံး မြန်မာပန်းချီဆရာများထဲက တစ်ယောက်ပါ.. ဆရာကြီးဦးအောင်ခင်ကို ၁၉၂၁ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မုံရွာခရိုင် နတ်ကျွန်းအောင်မြေရွာမှာ မွေးဖွားခဲ့ပါတယ်.. သူ့ကို ပန်းချီလောကမှာ “ရောင်စဉ်အောင်ခင်” လို့လည်းခေါ်ကြပါတယ်.. အဲ့လိုခေါ်ရလောက်အောင်ပဲ သူ့ရဲ့ပန်းချီတွေမှာ အရောင်တွေ သုံးစွဲထားပုံက ထူးခြား ပါတယ်.. သူ့ရဲ့ အဓိကကျော်ကြားတဲ့အချက် ၂ ချက်ကတော့..

၁.. ပန်းချီကားကိုမြင်တာနဲ့ ဒါကုလား.. ဒါဂျပန်.. ဒါတရုတ်ရယ်လို့သိနိုင်သလိုပဲ ဒါမြန်မာပန်းချီကားလို့ သိအောင်ဖော်နိုင်တဲ့ ဟန်ကို ရှာဖွေရေးဆွဲခဲ့တယ်..
၂.. ဘုံ ၃၁ ဘုံရှိတဲ့ထဲက ဒေ၀လောက.. ဗြဟ္မာလောက.. အဲဒါတွေကို သရုပ်ပေါ်အောင် ရေးဆွဲခဲ့တယ်.. နတ်ပြည်ခြောက်ထပ်ဖြစ်တဲ့ စတုမဟာရာဇ်.. တာဝတိံသာ.. ယာမာ.. တုသိတာ... နိမ္မာနရတိ.. ၀ဿဝတီ စတဲ့ ပန်းချီကား ၆ ကားရယ်.. စကြ၀ဠာရယ်.. မနုဿဘုံရယ်.. မိစ္ဆာဒိဋ္ဌိတွေရဲ့ဘုံရယ် .. အဲဒိ မော်ဒန်ပန်းချီကား ၉ ကားကို ရေးဆွဲခဲ့ပြီး ၁၉၉၆ မေလ ၁၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်..
အဲဒီ ၃၁ ဘုံပန်းချီကားတွေကို ရေးဖို့အတွက် နတ်ပြည်နာမည်တွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေလေ့လာ.. စိတ်ကူးဉာဏ်တွေထုတ်.. သင်္ကေတတွေ အမျိုးမျိုးစဉ်းစားနဲ့ ၅ နှစ်လောက်အချိန်ယူပြီးမှ ရေးခဲ့ရတာပါ.. ၅ နှစ် အတွင်းမှာ အချိန်ရှိသမျှ အဲဒိပန်းချီကားတွေအတွက် သင်္ကေတတွေ စဉ်းစား အာရုံဝင်စားပြီး အတွေးပေါ်လာ တော့မှ စတင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်.. အဲဒိလောက် လေးလေးနက်နက် ပြင်းပြင်းပြပြ အာရုံဝင်စားပြီး ရေးထားတဲ့ ပန်းချီကားတွေကို အဓိပ္ပါယ်အကျဉ်းတွေနဲ့ တွဲပြီး တင်ပေးလိုက်ပါတယ်.. ခံစားပြီး တွေးကြည့်ကြစို့လား..


၁။ လူ့ဘုံ
(လူတစ်မျိုးထဲနေတာမဟုတ် ငရဲ..တိရိစ္ဆာန်.. ပြိတ္တာ.. အသုရကာယ်တို့ ပေါင်းပြီးနေကြတာမို့ လူ့ဘုံက ၁/၄လောက်သာ ဖြစ်မယ်လို့ သူက တွေးခဲ့ ပါတယ်)






၂။ တာဝတိံသာဘုံ
(ပထမဆုံးအဆင့်နတ်ပြည်.. မြင်းမိုရ်တောင်ထက်ဝက်ကနေ အောက်ခြေအထိရှိတယ်လို့ဆိုကြတယ်)









၃။ ယာမာဘုံ
(ဒုတိယအဆင့်နတ်ပြည်.. မြင်းမိုရ်တောင်ထိပ်မှာရှိပြီး ကောင်းကင်မှာ ပန်းဆိုင်းတွေဖြန့်ဆွဲထားသလို တည်ရှိတယ်လို့ ဆိုကြတယ်)








၎။ တုသိတာ
(တတိယအဆင့်နတ်ပြည်.. ဆင်းရဲခြင်းမှကင်းတယ်လို့ အဓိပ္ပါယ်ရတယ်)










၅။ စတုမဟာရာဇ်ဘုံ
(စတုတ္ထအဆင့်နတ်ပြည်.. စည်းစိမ်ချမ်းသာကြီးမြတ်ပြီး ၀မ်းသာနှစ်လိုဖွယ်တွေနဲ့ အပြည့်ဖြစ်တယ်လို့ အဓိပ္ပါယ်ရတယ်)











၆။ နိမ္မာနရတိ
( ပဉ္စမအဆင့်နတ်ပြည်.. အလိုအလျောက် ဖန်ဆင်းမှုတွေနဲ့ ပျော်ပါး မွေ့လျော် နိုင်တယ်လို့ အဓိပ္ပါယ်ရတယ်) ၃၁ ဘုံကားတွေထဲမှာ နန်းညီအရမ်းကြိုက်တဲ့ ပန်းချီကားပါ








၇။ ၀သ၀တ္တီ
(နတ်ပြည် ၆ ထပ်ရဲ့အပေါ်ဆုံးအဆင့်.. သူတစ်ပါးတန်ဆာဆင်တဲ့ စည်းစိမ်ချမ်းသာတွေကို မိမိက အလိုလိုရတတ်တယ်လို့ အဓိပ္ပါယ်ရတယ်)









၈။ စကြ၀ဠာ
(စကြ၀ဠာ တည်လိုက်ပျက်လိုက်ဖြစ်တာကို သရုပ်ဖော်ထားတယ်.. ပထမ မီးဖျက်တယ်.. နောက်ရေဖျက်တယ်.. နောက် လေနဲ့တိုက်ပြီးပျက်တယ်.. နောက် ကမ္ဘာပြုမိုးပြန်ရွာပြီး စကြ၀ဠာပြန်ဖြစ်လာတယ်.. အဲဒိအဓိပ္ပါယ်တွေနဲ့ ရေးဆွဲထားပါတယ်)









၉။ မိစ္ဆာဘုံ
(ကြမ်းကြုတ် ကြောက်ရွံ့ဖွယ်နေရာမှာ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ကြရလိမ့်မယ်လို့ ရည်ညွှန်းရေးဆွဲထားပါတယ်)













ပြီးတော့ ဒါကတော့ နန်းညီအရမ်းကြိုက်တဲ့ ပန်းချီကားပါ.. “အိပ်မျောလာသောအညာလှေများ” တဲ့.. ပန်းချီကား ဖွဲ့စည်းထားပုံနဲ့ အရောင်တွေသုံးထားပုံက အရမ်းလှနေတယ်.. ရေစီးအတိုင်း မျှောချလာတဲ့ လှေတွေနဲ့ ပေါင်းမိုးထဲမှာ အိပ်နေတဲ့လူတွေ.. ရေပြင်မှာပေါ်နေတဲ့ လရဲ့အရိပ်.. ပကတိငြိမ်သက်နေတဲ့ ရေပြင်က.. ကြည့်တဲ့သူကို အေးချမ်းမှုတွေ အတွေးတွေပေးနေသလို.. .. ..


(ပုံတွေက စာအုပ်ထဲက စကင်ဖတ်ထားတာဆိုတော့ သိပ်တော့ မကောင်းလှဘူး.. အပြင်မှာကြည့်ရရင်တော့ မိုက်မှာ.. နိမ္မာနရတိဆိုတဲ့ကားကို တအားကြိုက်နေတော့ ၀ယ်မိမလားမသိဘူး.. ဘယ်သူများ ၀ယ်ပေးချင်ကြသလဲ)

15 comments:

  1. ငါတော့ တော်တော်လိုသေးတယ်ဟ...မြင်ယောင်ပေမယ့် စာနဲ့ရှင်းတာတောင်ရေးရေးပဲမြင်တယ်...

    ReplyDelete
  2. အင်းပေါ့လေ ငါးနှစ်လောက်တောင်ဆွဲရတာဆိုတော့

    ReplyDelete
  3. ငါးနှစ်ဆွဲတာမဟုတ်.. ငါးနှစ်စဉ်းစားတာ.. အဲ့သင်္ကေတတွေ ကိုစဉ်းစားတာတင် ငါးနှစ်.. ဆွဲတာက ထပ်ကြာသေးတယ်..

    ReplyDelete
  4. သယ်ချင်း
    ထူးခြားတဲ့ အနုပညာတွေ လာခံစားပါတယ်။
    အားပေးလျက်ပါ

    http://winzaw-mdy.blogspot.com

    ReplyDelete
  5. တော်တော်လိုသေးတာ မဟုတ်ဘူး ကိုအင်ဒီရေ့။ အစလေးတောင် သိမလိုလိုနဲ့ မသိဖြစ်နေတာ။

    ReplyDelete
  6. ကျေးဇူးပဲနန်းညီ၊ နန်းညီရေးခဲ့တဲ့ ပိုစ်တွေထဲမှာ
    ဒီပိုစ်ကို အရမ်းကြိုက်တာပဲ။
    အရမ်းကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  7. ပန်းချီ... အင်း.. ကျနော်က တော်တော်ကို အားနည်းပါတယ်။ သရုပ်မှန် ပန်းချီလား ဘာလား မသိဘူး။ ရှုခင်း ပုံတွေ တိုက်ရိုက်ဆွဲတာ မျိုးတော့ ကြိုက်တယ်။ ဒီ ပန်းချီတွေ ကျတော့ သိပ်နား မလည်ဘူး။ မနန်းညီ ရေးပြထား လို့သာ ဘာပုံတွေ မှန်း သိတာ။ အင်းလေ.. အဲဒီလိုမျိုး လူတိုင်း နားမလည် နိုင်လို့သာ တန်ဖိုး ကြီးတာ နေမှာပေါ့။ အခုလို ပုံတွေ နဲ့ တကွ ဝေမျှတာ ကျေးဇူးပါဗျာ။

    ReplyDelete
  8. မနန်းညီရေ..ခုလိုအသေးစိတ်လေ့လာဖော်ပြပေး
    တဲ့အတွက်ကျေးဇူးပါပဲ...
    အနုပညာသမားတွေဆိုလေးစားလျက်ပါ...


    အားပေးလျက်..
    နွေသူရ

    ReplyDelete
  9. ညီမရေ့ ခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးပါပဲ..

    ReplyDelete
  10. စတုမဟာရာဇ်ဘုံပေါ်က တိမ်ကလေး ကြိုက်တယ်ဗျာ။ ဘာတွေ ဘယ်လောက်ဖိုးလောက် လုပ်လိုက်ရင် အဲ့လိုလွင့်နေမလဲ မသိဘူး။

    ReplyDelete
  11. ဘာတွေ ဘယ်လောက်ဖိုးလောက် ??
    ဟာဟ .. ၂ သောင်းဖိုးလောက်ဆို လွင့်မယ်ထင်တယ်..ပီရဲ့ cmt ကမိုက်တယ်နော် .. :)

    ReplyDelete
  12. လူက မိုက်မိတော့ cmt ပါ လိုက်မိုက်ရတော့တာ ထင်တယ်။ :P

    တကယ်ဗျာ။ လွင့်နေတဲ့တိမ်တွေမြင်ရင် အဲ့ဟာတွေပဲ သွားသွားသတိရတယ်။ အဲ့မှာ ၂သောင်းဖိုး ခုဘာတွေဘယ်လောက်ရလဲ မသိဘူး။ ကျနော်တို့တုန်းက တဟောင် (တစ်ကီလိုရဲ့ လေးပုံတပုံ)ထုပ် တစ်ထုပ် ရတယ့့်  တဲ့။ အဲ့ခေတ်ကြီး တကယ်ကို ရှိခဲ့ပါတယ်။

    ReplyDelete
  13. ဒါတွေပြောရတာ နည်းနည်းတော့ ကျောချမ်းသား.. ၂ သောင်းဖိုးဆို ဘာရမလဲ.. အထုပ်လေးသေးသေးလေး.. လွင့်တော့လွင့်မယ်
    စတုမဟာရာဇ်လောက်ထိတော့ ရောက်လောက်ပါရဲ့.. အပေါ်ဆုံး ၀ဿဝတီတော့ မသေချာဘူး.. :D
    ဒါနဲ့ P ရဲ့ link က သွားရင် ဘယ်မှလည်းမရောက်ဘူး.. ကြယ်တွေ ဆိုတာပဲ ပေါ်တယ်.. အဲဒါ ဟုတ်လား..

    ReplyDelete
  14. ပန်းချီဆိုတာ အနုပညာ ဓါတ်ခံနဲ့မှ ကြည့်လို့ရသတဲ့။ ကျနော်ကတော့ တော်တော်တုံးတယ်။ အောက်ဆုံးက အိပ်မျောလာသော အညာလှေများပဲ ကြည့်တတ်တယ်။ ကျန်တာ ကြည့်မရဘူး။

    ReplyDelete
  15. ဟုတ်တယ်။ ကျနော့်ဆီလာရင် ကြယ်တွေဆီကလွဲပြီး ဘယ်မှမရောက်ဖူး။ ငပျင်းဆိုတော့ action script လေး ၁၀ကြောင်းလောက်ရေးပြီး တခြားဘာမှကို ထပ်မလုပ်ထားတော့တာ။ ပထမတော့ ကျနော့် folio လေး တင်ထားမလို့။ ခုတော့ ပျင်းသွားပြီ။

    စကားမစပ်ဗျာ။ အားရင် gtalk ကို လာခဲ့ပါလား။ ဟိုအကြောင်း ဒီအကြောင်း အာလူးဖုတ်ကြတာပေါ့။ ကျနော့်အကောင့်က pyiphyo.win[at]gmail[dot]com ပါ။

    ReplyDelete

your comment please

Powered by Blogger.