ညီမရဲ့ပန်းချီကား အစ်ကို့ရဲ့ကဗျာ
စက္ကူတဲ့
ဟုတ်တယ်လေ
ငါ့ဘ၀ကို မင်း
လိုသလို ဖြတ်တောက်ပါ။
(ဓါး မတုံးရင်တော်ပါပြီ)
ပြီးရင် ကြိုးကြာငှက်ပုံစံ ခေါက်မလား။
လုံးချေပြီး ထားခဲ့ချင်လား။
မင်းအတွက် ကဗျာအကြမ်းရေးဖို့ဖြစ်ဖြစ်
အပျင်းပြေစုတ်ဖြဲဖို့ဖြစ်ဖြစ်တော့
အသုံးဝင်မှာပါ။
ဒါမှမဟုတ်ရင် အမှိုက်ရှုပ်တာတယ်ကွာဆိုပြီး
လွှတ်ပစ်ချင်လားရတယ်လေ။
စက်ထဲက ထွက်ကာစ
စက္ကူလိုလဲ မဖြူစင်ပါဘူး။
စက္ကူတစ်ရွက်လောက်လဲ
အသုံးမ၀င်ပါဘူး။
ပြီးတော့ . . . . .
သန့်ရှင်း ဖြူစင်တဲ့ စက္ကူတွေ
အသုံးဝင်တဲ့ ခေတ်လဲ မဟုတ်တော့ဘူးလေ။
မင်းရဲ့ ဒုက္ခတွေကို သုတ်ပေးချင်နေတဲ့
ဝါကျင့်ကျင့် စက္ကူလေးတစ်ရွက်ပေါ့။
ဟုတ်တယ်လေ
ငါ့ဘ၀ကို မင်း
လိုသလို ဖြတ်တောက်ပါ။
(ဓါး မတုံးရင်တော်ပါပြီ)
ပြီးရင် ကြိုးကြာငှက်ပုံစံ ခေါက်မလား။
လုံးချေပြီး ထားခဲ့ချင်လား။
မင်းအတွက် ကဗျာအကြမ်းရေးဖို့ဖြစ်ဖြစ်
အပျင်းပြေစုတ်ဖြဲဖို့ဖြစ်ဖြစ်တော့
အသုံးဝင်မှာပါ။
ဒါမှမဟုတ်ရင် အမှိုက်ရှုပ်တာတယ်ကွာဆိုပြီး
လွှတ်ပစ်ချင်လားရတယ်လေ။
စက်ထဲက ထွက်ကာစ
စက္ကူလိုလဲ မဖြူစင်ပါဘူး။
စက္ကူတစ်ရွက်လောက်လဲ
အသုံးမ၀င်ပါဘူး။
ပြီးတော့ . . . . .
သန့်ရှင်း ဖြူစင်တဲ့ စက္ကူတွေ
အသုံးဝင်တဲ့ ခေတ်လဲ မဟုတ်တော့ဘူးလေ။
မင်းရဲ့ ဒုက္ခတွေကို သုတ်ပေးချင်နေတဲ့
ဝါကျင့်ကျင့် စက္ကူလေးတစ်ရွက်ပေါ့။
ကဗျာလေးက ကိုဂျဲဂျယ်ရေးပေးတာပါ.. ကျေးဇူးပါ ကိုဂျဲရေ..
ပန်းချီလေးကောင်းလိုက်တာဗျာ။ အိုင်ဒီယာလေး လှတယ်။ ကျွန်တော်တော့ ကြိုးကြာပဲ ခေါက်မယ်ဗျာ။ ကြိုးကြာရုပ်ခေါက်နည်း အမေ သင်ပေးထားတာ။
ReplyDeleteကဗျာလေးက အရမ်းမိုက်တယ်ဗျာ
ReplyDeleteကျတော်ကတော့ မင်းရဲ့ဒုက္ခတွေကို သုတ်ပေးချင်တဲ့ ၀ါကျင့်ကျင့် စက္ကူလေးတရွက်ပေါ့ဗျာ
ပန်းချီးကားလေးကို သဘောကျသဗျို့။
ReplyDeleteကောင်းတယ်ဗျာ... ဘယ်လိုကောင်းမှန်းကို မသိဘူး။ တော်တော် မိုက်တယ်။
ReplyDeleteကျွန်တော်ကတော့ ဇွန်လေလုပ်ပီး
ReplyDeleteလေဟာပြင်မှာအပူအပင်ကင်းမဲ့စွာ
ဝဲပျံချင်တယ်
ကဗျာလေးကောင်းတယ်
စိတ်ဆိုးနဲ့နော်
ReplyDeleteမန့်တော့မယ်
ဂျဲဂျယ်
ချီးကုန်းစက္ကူကြီး
ဟိဟိဟိ