တံတားကြီးပေါ်

မနေ့က တနင်္ဂနွေနေ့ဆိုတော့ နန်းညီရော အန်ဒီကောင်ရော နောက် daydreamer ဆိုတဲ့ကောင်ရော အားနေတာနဲ့.. သူငယ်ချင်းသုံးယောက် ညနေဘက် တောင်ဒဂုံပင်လုံအိမ်ရာ တံတားကြီးပေါ်ရောက်ဖြစ်ကြတယ်.. စကားလေးဘာလေးပြော.. နည်းနည်းပါးပါး စားသောက်ပြီး ဓာတ်ပုံတွေလျှောက်ရိုက်ကြတာပေါ့.. လပြည့်နေ့နီးနေလို့လား မသိဘူး နေမ၀င်ခင်ကတည်းက လကထွက်နေတယ်.. လှတယ်.. တံတားပေါ်မှာ လေလည်းတိုက်တော့ အတော်လေးအေးတယ်.. နေလို့ကောင်းလိုက်တာ .. အတော်မိုးချုပ်မှ သုံးယောက်သား ထပြန်လာကြတာ.. ဓာတ်ပုံတွေ share ပေးလိုက်တယ်.. အားရင် လာထိုင်ကြပါဦး..

နန်းညီ.. andy နဲ့ daydreamer
သူလည်းပါသေးတယ် ..

3 comments:

  1. ကင်မရာ တစ်လုံးနဲ့ တွေသမျှ လက်ကမြင်းထားတာလား .. မပြီးနိုင်တော့ဘူး ရိုက်နေတာတွေ က...

    ReplyDelete
  2. ဓာတ်ပုံတွေ မိုက်တယ်ဗျို့...။ အရောင်... အချိုးအစား... ။

    ReplyDelete
  3. ကျတော်တို. သူငယ်ချင်းတွေနဲ. တံတားမဖွင့်ခင်တည်းက နေ.တိုင်းသွားထိုင်ဖြစ်တယ်။ နေတာက ယုဇနမှာလေ ညနေဖက်ဆို စက်ဘီးလေးနဲ. ရောက်ဖြစ်ကြတယ်။ လွမ်းလိုက်တာဗျာ အဲ့အချိန်တွေကို share တဲ့အတွက် ဇူးဇူး

    ReplyDelete

your comment please

Powered by Blogger.