အချစ်ဆိုတာ အတ္တရဲ့အရောင်တင်ဆီပါ
အစ်မတုတုက tag ထားလို့ အချစ်ဆိုတာရဲ့ ပို့စ်တွေကို လိုက်ဖတ်ကြည့်လိုက်တယ်.. အချစ်ဆိုတာကို ဖွင့်ဆိုထားကြတာတွေ.. တစ်ချို့ကလှတယ်.. တစ်ချို့က နာကြည်းနေသလို.. တစ်ချို့ကတော့ ကြည်ကြည်နူးနူး.. နောက်ဆုံးနန်းညီဆီရောက်လာပါပြီ.. အချစ်ဆိုတာဆိုတဲ့မေးခွန်း.. မေးတဲ့သူကမေးတော့လည်း စိတ်ထဲရှိသလိုတွေ ဖြေရတော့မှာပေါ့.. ကိုယ့်ဘာသာ ထင်သလိုဖြေတာပါ.. ဘယ်သူ့ကိုမှ ငြင်းချင်လို့တော့ မဟုတ်ပါဘူးနော် ..
အချစ်ဆိုတာ အတ္တကိုအရောင်တင်ပေးတဲ့ အထောက်အကူပစ္စည်းတစ်ခုလို့ပဲ ယူဆပါတယ်.. ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေရှိလို့ ကိုယ့်မှာ “ငါ”ဆိုတဲ့အတ္တရှိလာရတယ်.. မိဘကိုချစ်တယ်.. သူငယ်ချင်းကိုချစ်တယ်.. မောင်နှမတွေကိုချစ်တယ်.. ချစ်သူကိုချစ်တယ်.. “ငါ”က ချစ်နိုင်တာ.. “ငါ့”ချစ်သူက ငါ့ကိုသိပ်ချစ်တာ.. “ငါ”က ဘာမှမမျှော်လင့်ဘဲကို ချစ်နေတာ.. အဲဒါတွေက အတ္တတွေပါပဲ.. အချစ်က သူ့ချည်းသက်သက်ဆို သိပ်လှမှာပါ.. ဒါပေမယ့် လူတွေရဲ့ သတ်မှတ်ချက်တွေ စိတ်ကူးတွေပါလာတော့ အတ္တအတွက်အသုံးချခံပစ္စည်းတစ်ခု ဖြစ်သွားပါပြီ.. အချစ်ကို အချစ်သက်သက်ပဲ ချစ်နိုင်တာ.. (တနည်းအားဖြင့် ၅၂၈ မေတ္တာစစ်စစ်နဲ့ချစ်နိုင်တာ) ဘုရားနဲ့ ရဟန္တာတွေပဲရှိမှာပါ.. မိဘက သားသမီးကို ချစ်တဲ့ အချစ်ကတောင် ၅၂၈ မစစ်ပါဘူး.. ငါ့သား ငါ့သမီး.. သူတို့အတွက် ငါပေးဆပ်ခဲ့တာ.. အကောင်းဆုံးဖြစ်အောင် ငါလုပ်ပေးခဲ့တာ.. သူတို့တကယ်ကို ဘာမှပြန်မရဘဲပေးဆပ်ခဲ့တယ် ဆိုရင်တောင် “ငါလုပ်ပေးလိုက်နိုင်တယ်” ဆိုတဲ့ ကိုယ့်ကိုကိုယ်အရာရောက်တဲ့စိတ်နဲ့ သူတို့ကျေနပ်သွားရတာပဲလေ..
နန်းညီကချစ်သူကို သိပ်ချစ်တယ်ဆိုပါစို့.. ဒါပေမယ့် သူမရှိရင် အသက်မရှင်နိုင်ဘူးလား.. မဟုတ်ပါဘူးနော်.. သူမရှိလည်း ကိုယ်ကတော့ အသက်ဆက်ရှင်နေတာပါပဲ.. အသည်းကွဲ တဲ့ ဒုက္ခကိုခံလိုက်မယ်.. ဒါပေမယ့် ထမင်းဆက်စား..လုပ်စရာရှိတာဆက်လုပ်ပြီး အသက်တော့ဆက်ရှင်နေရတာပါပဲ.. ဘာလို့လဲဆိုတော့ သူမရှိပေမယ့်လည်း ကိုယ့်မှာ မိဘ မောင်နှမ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေ တာဝန်တွေ အလုပ်တွေ ရှိနေသေးတာကိုး .. သူတို့တွေက ဆက်ပြီး “နန်းညီ”ဆိုတာ ပီပြင်လာအောင် ထောက်ပံ့ပေးနေသေးတာကိုး.. နန်းညီကို ချစ်တဲ့ မိဘ မောင်နှမ သူငယ်ချင်းတွေကြောင့် နန်းညီရဲ့အတ္တက ပိုပြီးပီပြင်လာရတယ်လေ..
ဒါပေမယ့်လည်း အချစ်ကတော့ လောကမှာလိုအပ်နေတုန်းပါပဲ.. မဟုတ်ရင် လူတိုင်းဟာ ဘ၀အဓိပ္ပါယ်ပျောက်ကုန်မှာပေါ့.. “ငါ”ဆိုတဲ့ဖြစ်တည်မှုတွေ ပျောက်ကုန်ပြီး လူ့ဘ၀ဟာ လူ့ဘ၀နဲ့မတူတော့ဘူးပေါ့.. အခုတော့ အတ္တကြောင့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အချစ်ဆိုတဲ့အရာရှိနေလို့ လူတွေဟာ တက်ကြွနေကြတယ်.. ရှင်သန်ရတာ သူ့ဟာသူလေး အလိုက်သင့် အဓိပ္ပါယ်ရှိနေတယ်.. ဘ၀မှာနေပျော်နေတယ်.. လူတိုင်းအတွက်ပဲဖြစ်ဖြစ် နန်းညီအတွက်ပဲဖြစ်ဖြစ် အချစ်က တနည်းနည်းနဲ့တော့ အသုံးတည့်နေပါသေးတယ်..
ကဲ ကဲ. . စဉ်းစားပြီးရေးနေရင်းနဲ့ တစ်မျိုးကြီးဖြစ်လာပြီ.. တော်ပြီ.. ဒီလောက်ဆို မတုတုသလည်း ကျေနပ်လောက်ပါပြီ.. မြှောက်ပေးထားတဲ့အတိုင်း အန်ဒီကောင်ကို ဆက်တက်လိုက်မယ်.. ဖြေပေတော့ ..

ဒါပေမယ့်လည်း အချစ်ကတော့ လောကမှာလိုအပ်နေတုန်းပါပဲ.. မဟုတ်ရင် လူတိုင်းဟာ ဘ၀အဓိပ္ပါယ်ပျောက်ကုန်မှာပေါ့.. “ငါ”ဆိုတဲ့ဖြစ်တည်မှုတွေ ပျောက်ကုန်ပြီး လူ့ဘ၀ဟာ လူ့ဘ၀နဲ့မတူတော့ဘူးပေါ့.. အခုတော့ အတ္တကြောင့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အချစ်ဆိုတဲ့အရာရှိနေလို့ လူတွေဟာ တက်ကြွနေကြတယ်.. ရှင်သန်ရတာ သူ့ဟာသူလေး အလိုက်သင့် အဓိပ္ပါယ်ရှိနေတယ်.. ဘ၀မှာနေပျော်နေတယ်.. လူတိုင်းအတွက်ပဲဖြစ်ဖြစ် နန်းညီအတွက်ပဲဖြစ်ဖြစ် အချစ်က တနည်းနည်းနဲ့တော့ အသုံးတည့်နေပါသေးတယ်.....
ReplyDelete