ပန်းချီဝသုန်ရဲ့ ၀တ္တုတို

ပန်းချီဆရာဝသုန် ကွယ်လွန်သွားပါပြီ.. ဆရာဝသုန့်ကို ဆုံးရှုံးတာ ပန်းချီဆရာတယောက်တင်မဟုတ်ဘူး ဝတ္ထုတိုရေးသူတယောက်ပါ ဆုံးရှုံးရတာလို့ ပြောကြပါတယ်.. အမှတ်တရအနေနဲ့ သူရေးတဲ့ ၀တ္တုတိုလေးတစ်ပုဒ် တင်ပေးလိုက်တယ်.. အရမ်းတော့တိုပေမယ့် ကျေနပ်ကြမယ်ထင်ပါတယ်..း)


အတိုတကာ့ အတိုဆုံးမေတ္တာစာ

လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ...
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။
“လူလေး၊ အခု မင်းဘာလုပ်သလဲ”
“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”
“ လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”
အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ . .။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။
* * *

တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။
လူဂလေး အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊ ခလေးလည်း ၄ရောက်ရပီ၊ အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး

ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။

ဝသုန်
(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)

3 comments:

  1. သြော် ဆရာ.. နည်းနည်းမှ မပြုံးနိုင်ဘူးတဲ့လား...
    ဆရာ ပျော်ရွှင်ပါစေလို့ ဒီဘ၀ အတွက်တော့ ဆုတောင်း ပေးဖို့ မမှီလိုက်နိုင်တော့

    ReplyDelete
  2. အမယ် ဒီဘီးကျဲ သေပန်းတော့ ပွင့်သားဗျ။ သူ့အကြောင်း ရိုက်ထားတဲ့ ၀သုန်ရဲ့ ကောက်ကြောင်း ဆိုတဲ့ documentary အတိုလေး ဆုရသွားသတဲ့။

    ReplyDelete
  3. ဒီပန်းချီကိုပဲ တသက်လုံး ချစ်သွားခဲ့တာ။
    အနုပညာ သစ္စာကြီးသူကြီး ကောင်းရာသုဂတိ လားပါစေ။

    ReplyDelete

your comment please

Powered by Blogger.