မိုနာလီဇာအပြုံး

ကျွန်မကို သူငယ်ချင်းကောင်လေးတစ်ယောက်က ပြောပါတယ်.. “နင်ပြုံးတာက မိုနာလီဇာလိုပဲ လှတယ်”တဲ့..
ပထမတော့ ကျွန်မအောင့်သက်သက်နဲ့ မကျေမနပ်ဖြစ်သွားပါတယ်.. နောက်မှ သေချာ စဉ်းစားမိပြီး
ရယ်မိတယ်.. သူက မိုနာလီဇာအပြုံးလှတယ်ဆိုတဲ့ သတ်မှတ် ချက်ကိုကြားဖူးပြီး လာချီးကျူးနေတာကိုး..
အဲဒါနဲ့မေးလိုက်တယ်.. “နင် မိုနာလီဇာအပြုံးကို သေချာသိလို့လား”လို့.. သူကပြုံးပါတယ်.. မသိတဲ့
အခြေအနေကို ၀န်မခံချင်လို့ ရှောင်ပြီးပြုံးတဲ့ အပြုံးမျိုးပါ.. အဲဒိကျမှ သူက မိုနာလီဇာနဲ့တူသွားတယ်.. “နင့်ရုပ်က မအီမလည်နဲ့ မပြုံးချင်ပြုံးချင်ပါလား.. နင်မှ မိုနာလီဇာအစစ်” လို့ပြန်ပြောတော့ သူစိတ်ဝင်စား သွားပါတယ်.. “မိုနာလီဇာက မအီမလည်ပြုံးတာလား.. ငါမသိဘူး.. လုပ်စမ်းပါဦးဟ”တဲ့..


ကဲ- သူ့လိုပဲ မိုနာလီဇာအပြုံးကို သေချာနားမလည်သူတွေကို ဆရာလုပ်ပါတော့မယ်..
မိုနာလီဇာပန်းချီကားကိုရေးတဲ့သူက အီတလီပန်းချီကျော် Leonardo Da Vinci လီယိုနာဒို ဒါဗင်ချီပါ.. ၁၆ ရာစု လောက်မှာကျော်ကြားတဲ့သူပေါ့.. ဒါပေမယ့်သူ့ကို ပန်းချီဆရာရယ်လို့သတ်မှတ်ဖို့က ခက်ပါတယ်..
ဘာလို့လဲဆိုတော့ သူက သိပ္ပံ.. သင်္ချာ.. ဂီတ.. ပန်းပု နယ်ပယ်အစုံမှာ တတ်ကျွမ်းလို့ပါ.. အဲဒိလို
အမျိုးစုံသာတတ်ပေမယ့် ဘယ်တစ်ခုကိုမှ ဖြစ်ဖြစ်မြောက်မြောက် ဇောက်ချမလုပ်တဲ့အတွက်
ဘယ်တစ်ခုမှာမှ တစ်ဖက်ကမ်းခတ် ပေါက်မြောက်ထူးချွန်မလာဘူး.. သူရေးတဲ့ပန်းချီတွေမှာ
ထင်ရှားတာဆိုလို့ မိုနာလီဇာရယ်.. နောက်ဆုံးညစာ ဆိုတဲ့ ပန်းချီကားပဲရှိပါတယ်.. (နောက်ဆုံးညစာ ပန်းချီကားကို Da Vinci Code ဆိုပြီး ရုပ်ရှင်ရိုက်ထားပါသေးတယ်)

မိုနာလီဇာပန်းချီကားထဲက မိန်းမက မီလန်မြို့စားကတော်တစ်ယောက်ပါ..ပန်းချီသမိုင်းပညာရှင်တွေက အထောက်အထားတွေကြည့်ပြီး သုံးသပ်တာကတော့ ပုံတူပန်းချီဆွဲနေတဲ့အချိန်မှာ
သူ့ရဲ့သားငယ်လေးသေပြီးစအချိန်လို့ပြောပါတယ်.. သူက ပုံတူအဆွဲခံနေတဲ့အချိန်ဆိုတော့ ပြုံးပြုံးလေးကလည်း နေချင်တယ်.. ပူဆွေးသောကကလည်း ရှိနေတော့.. သူပြုံးပုံက မချိပြုံး.. ဟန်ဆောင်ပြုံးဖြစ်နေတာပေါ့.. ဒါကို ဒါဗင်ချီက မိအောင်ဆွဲနိုင်တယ်.. သူ့နှုတ်ခမ်း..သူ့မျက်လုံးတွေကို ကြည့်လိုက်တာနဲ့တင်.. သူခံစားနေရတဲ့ မိခင်တစ်ယောက်ရဲ့သောကဝေဒနာကို မြင်သွားအောင် ဆွဲလိုက်နိုင်ပါတယ်.. လက်ကလေးတွေ.. မျက်လုံးကြည့်ပုံတွေ.. အသေးစိတ်သူဆွဲတာပါ..
အဲဒိပုံတူပန်းချီကားကို ၃ နှစ်ကြာအောင် သူဆွဲပါတယ်.. ပုံတူပန်းချီကားတစ်ချပ်ကနေတဆင့်
သူဆွဲတဲ့မိန်းမတစ်ယောက်ရဲ့ အတွင်းစိတ်.. သောကတွေကို မျှဝေနိုင်အောင်ဆွဲထားတဲ့ သူ့လက်ရာကြောင့်
အဲဒိပန်းချီကားကို လှတယ်လို့သတ်မှတ်ကြတာပါ.. မိုနာလီဇာ အပြုံးလှတယ်လို့ တင်စားကြတာဟာ ဆွဲသူ
လီယိုနာဒိုဒါဗင်ချီရဲ့ လက်ရာကို တင်စားပြီးပြောတာပါ.. အဲဒိမိုနာလီဇာဆိုတဲ့မိန်းမ လှတယ်လို့ ပြောတာမဟုတ်ပါဘူး .. သီချင်းတွေတော်တော်များများမှာ ပါတယ်လေ.. မိုနာလီဇာ
အကြောင်း.. မင်းလေးဟာ ငါ့ရဲ့မိုနာလီဇာ ဆိုပြီး မျိုးကြီးကဆိုသေးတယ်မဟုတ်လား.. ဒါဗင်ချီက အဲဒိမိုနာလီဇာ ပန်းချီကားကို ၃ နှစ်အချိန်ယူပြီး အကောင်းဆုံးဖြစ်အောင်ဆွဲခဲ့
တာပါ.. သူသွားလေရာကို အဲ့ဒိပန်းချီကားကို သယ်သွားလေ့ရှိတယ်လို့ သမိုင်းတွေကပြောပါတယ်.. သူက
အဲ့ဒိပန်းချီကားကိုသိပ်မြတ်နိုးပါတယ်.. ဒါကြောင့်လည်း ခုခေတ်အချိန်ထိ ကျော်ကြားတဲ့ လှပတဲ့ စာဖွဲ့ရတဲ့
မိုနာလီဇာအပြုံး ပန်းချီကားရလာတာပါ..

ကဲ- ဒီလောက်ဆိုရင်တော့ မိုနာလီဇာ ဘာကြောင့်နာမည်ကျော်ရသလဲ အကြမ်းဖျင်းအားဖြင့်တော့
သိလောက်ပြီပေါ့နော်.. ဆရာလုပ်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်ရှင့် :P

8 comments:

  1. သြော်... ဒီလိုလား.. ခုမှပဲ နည်းနည်းသဘောပေါက်တယ်..
    အဲဒါကြောင့် ဘာမှလဲမလှပဲ ဘာလို့နာမည်ကြီးနေပါလိမ့် စဉ်းစားနေတာ..

    ReplyDelete
  2. မိုနာလီဇာ အပြုံးဘာကြောင့်နာမည်ကြီးလဲ သဘောတော့ ပေါက်ပါတယ်...ဒါပေမယ့်
    မိုနာလီဇာမှာ ဘာဖြစ်လို့ မျက်ခုံးမွှေးမပါရတာလဲ...?
    အဲဒါတစ်ခုတော့ စဉ်းစားလို့မရဘူး

    ReplyDelete
  3. အန်တီကောင်ရေ .. လီယိုနာဒိုမှာ ဆေးအနက်ကုန်သွားလို့ဖြစ်မယ်ထင်တယ်..
    အဟဲ စတာပါ.. တကယ်ဆွဲတုန်းကတော့ ပါလောက်ပါတယ် .. ခပ်ရေးရေးပဲဖြစ်ဖြစ်ပါမှာပါ.. ကြာလာတော့ ဆေးတွေမှိန်သွားလို့ မမြင်ရတော့တာ ဖြစ်မယ် (ထင်တာပဲ) အနက်က မှိန်လွယ်တယ်လေ..

    ReplyDelete
  4. သေချာတယ် မိုနာလီဆာလည်း နာရီပဲဖြစ်မှာ ဆရာမင်းသိင်္ခက ၀တ္ထုတစ်ပုဒ်ထဲမှာ နာရီဆိုတာ မချိပြုံးတဲ့။ နာလည်းနာတယ်၊ ရီလည်းရီလို့တဲ့။

    ReplyDelete
  5. အခုမှမိုနာလီဇာအကြောင်း တစ်စေ့တစ်စောင်းသိတော့်တယ်

    ReplyDelete
  6. There are other well-known paintings such as " Madonna of the rock, Saint Anne, Jhon the Baptist and Mary Magdalene " by Leonardo Da Vinci... I was a bit disapponited with your post because you did not make any research about Leonardo Da Vinci before you posted..Please do some researches ..Wikipidia is not enough by the way.. K??
    He has been kown as one of the greatest artists of centuries and how could you said that he was not well-kown for his art??

    Pls..don't give the readers wrong informations
    No offence :)

    Ashley

    ReplyDelete
  7. Check out this link ..
    http://dsc.discovery.com/news/slideshows/Leonardo-mirror.html

    Have you ever noticed that Da Vinci had hidden secret messages in almost all of his paintings??
    Discovery Channel had already claimed that Da Vinci's hidden art could be revealed by mirrior reflection.
    Thanks

    regards,
    Ashley

    ReplyDelete
  8. thz for your comment.. Ashley.. i really appreciate .. I did research on Davinci as mush as i can before i post it.. Maybe they are not enough.. Please don't mind coz i'm not very good at english reading .. So my references are all myanmar books.. And I only want to reveal Monalissa, not DaVinci..

    to all readers,..
    I'm very sorry if i gave wrong information..

    And thz anyway for your opinion Ashley.. I'll be more careful next time..

    ReplyDelete

your comment please

Powered by Blogger.