ပထမဆုံးများကို ပြန်ကြည့်ခြင်း

ခေါင်ခေါင် tag ထားလို့ ဘ၀ရဲ့ပထမဆုံးတွေကိုပြန်စဉ်းစားကြည့်မိတယ်.. ပထမဆုံး အမှတ်တရတွေကို ပြန်စဉ်းစားပြီးရေးရတာ ပျော်စရာတော့ ကောင်းသားနော်.. သူများ ပထမတွေလိုက်ဖတ်ရတုန်းက ဟုတ်နေတာပဲ. ကိုယ့်အလှည့်ကျတော့မှ.. :P ကဲ- စပါတော့မယ်.. အဟမ်း အဟမ်း

ပထမဆုံးလူ့လောကကိုရောက်ခဲ့တဲ့နေ့ - ၁၆ မတ်လ ၁၉၈၈

ပထမဆုံးတက်ခဲ့တဲ့ကျောင်း - အမှတ်(၁) မူလတန်းကြိုကျောင်း၊ ဗဟန်း

ပထမဆုံးသူငယ်ချင်း မိန်းကလေး - ဖြူဖြူလား ခိုင်ခိုင်လား မသိဘူး .. တရုတ်မလေးပဲ.. သိပ်တော့မမှတ်မိတော့ဘူး.. :)

ပထမဆုံးသူငယ်ချင်း ယောက်ျားလေး - အေရွန်ဆိုတဲ့ကောင်.. ညစ်တီးညစ်ကျယ်နဲ့ ပေါလည်းပေါတယ်..

ပထမဆုံးအွန်လိုင်းသူငယ်ချင်း - ချစ်သဲဆိုတဲ့ ကောင်လေး.. ခုထိကို ခင်နေတုန်းပဲ.. ၀ါသနာတူ အကြိုက်တူ ပေါတာချင်းပါတူလို့ ..

ပထမဆုံးရတဲ့ဂစ်တာ - လက်ဆောင်ရတဲ့ အညိုရောင်ဂစ်တာလေး

ပထမဆုံးတက္ကသိုလ်ကိုရောက်တဲ့နေ့ - ၂၀၀၄ နိုဝင်ဘာ ၂ ရက်နေ့

ပထမဆုံးရဖူးတဲ့ဆု - ပန်းချီပြိုင်ပွဲမှာ ဒုတိယဆုရတာ..

ပထမဆုံးဆွဲဖူးတဲ့ပန်းချီကား - လှေပြိုင်ပွဲပုံဆွဲတာ.. ၃ တန်းတုန်းကလားမသိဘူး.. လသာ(၂) ပန်းချီပြခန်းမှာ ဆရာမကချိတ်ပေးတယ်..

ပထမဆုံးပန်းချီပြပွဲ - ၂၀၀၄ တုန်းက Feb 24 ဆိုပြီး တက္ကသိုလ်ကသူငယ်ချင်းတွေနဲ့ စုပြီးလုပ်တာ.. ဗိုလ်ချုပ်ဈေးက ပန်းချီပြခန်းမှာလေ..

ပထမဆုံးရောက်ဖူးတဲ့ တခြားမြို့ - လယ်ဝေး.. အခုတော့ နေပြည်တော်လယ်ဝေး ပေါ့နော်.. အဲမှာ အမျိုးတွေရှိတယ်.. ဟိုး ငယ်ငယ်ကထဲကသွားတာ..

ပထမဆုံးရောက်ဖူးတဲ့ တခြားနိုင်ငံ - ထိုင်း.. ဘန်ကောက်ကို နှစ်နိုင်ငံချစ်ကြည်ရေး ပန်းချီလေ့လာရေးခရီးစဉ် သွားတာ.. ၂၀၀၄ တုန်းက

ပထမဆုံးမိဘမပါဘဲခရီးသွားခြင်း - ၂၀၀၅ ပုဂံကို တက္ကသိုလ်က ပန်းချီ-ပန်းပု ကျောင်းသားတွေ လေ့လာရေးသွားတုန်းက.. (မိဘမပါပေမယ့် အစ်ကိုဝမ်းကွဲတော့ ပါတယ်.. ရှိပါစေတော့လေ)

ပထမဆုံးသောက်ဖူးတဲ့ဆေးလိပ် - ၈ တန်းတုန်းက သူများ မင်္ဂလာဆောင်ကပေးတဲ့ ဆေးလိပ်ကို သောက်ကြည့်တာ.. ဖွာပဲဖွာတတ်တာပါ.. ဒါပေမယ့် တစ်လိပ်လုံးတော့ ကုန်သွားတယ်.. သောက်လို့လည်း ကောင်းဘူး.. :(

ပထမဆုံးသောက်ဖူးတဲ့အရက် - ငယ်ငယ်ကတည်းကတော့ မက်မန်းဝိုင်တွေဘာတွေ သောက်ဖူးတယ်.. တကယ့်အရက်လိုပီပီပြင်ပြင်သောက်တာကတော့ တက္ကသိုလ်ပထမနှစ်တုန်းက Grand Royal သောက်တာ.. မူးလည်နေတာပဲ.. အဲဒိကစပြီး အရက်ကိုသောက်လည်းသောက်တတ်သွားတယ်.. ကြိုက်လည်းကြိုက်သွားတယ်.. (ဒုက္ခပဲ- မတော်တဆများ အိမ်ကလူတွေ ဖတ်မိသွားရင် နာဦးတော့မယ်.. ခေါင်ခေါင်ရေ... ခေါင်ခေါင်စတဲ့ဇာတ်လမ်းနော်.. ဖြစ်ရင်ကူရှင်း .. :P)

ပထမဆုံးထားတဲ့ရည်းစား - တက္ကသိုလ် ပထမနှစ်တုန်းကထားတာ.. ကျောင်းတုန်းကကျတော့ အချစ်တော်တွေထားတယ်.. မိန်းကလေးတွေချည်းပဲ ရှိတဲ့ကျောင်းဆိုတော့ အဲဒါတွေခေတ်စားတယ်လေ.. ပထမဆုံးအချစ်တော်ကိုတော့ ၅ တန်းတုန်းကထားတယ်..သူက ၇ တန်းကျောင်းသူ..တခြားကောင်မလေးတွေ ထပ်ရှိလာပေမယ့် အဲ့ဒိအစ်မကို သူကျောင်းပြီးသွားတဲ့အထိ တအားကိုချစ်ခဲ့တာပဲ.. (အဟီး-အဲ့တုန်းကတော့ တကယ့်ကို အသည်းအသန်ကြီးပေါ့.. ခုပြန်တွေးကြည့်တော့ ရယ်ချင်စရာကြီး)

ပထမဆုံးရဖူးတဲ့ အကြီးစားထိခိုက်ဒဏ်ရာ - လှေခါးပေါ်ကလား.. သစ်ပင်ပေါ်ကလား မသိ.. ပြုတ်ကျပြီးခေါင်းကွဲတာ .. ငယ်ငယ်တုန်းကပါ

ပထမဆုံးဝင်ငွေရတဲ့အလုပ် - ၁၀ တန်းအောင်ပြီးပြီးချင်းတုန်းက ကလေးတစ်ယောက်ကို ကွန်ပျူတာပန်းချီသင်ပေးတာ ..

ပထမဆုံးအကြိမ် animation ဇာတ်လမ်းရေးခြင်း - ၂၀၀၆ ..စီနီယာအစ်ကိုကြီးနဲ့ တွဲပြီးရေးတဲ့ သီချင်း MTV

ပထမဆုံးဖတ်ဖူးတဲ့ဝတ္တု - မစန္ဒာရဲ့ ကွက်လပ်ကလေးဖြည့်ပေးပါ.. အဲ့တုန်းက ဖတ်ပြီး ငိုရသေးတယ်..

ပထမဆုံးဝယ်ဖူးတဲ့ဝတ္တု - ထင်လင်း ဘာသာပြန်တဲ့ ပေါ်လီယာနာ

ပထမဆုံးဖတ်ဖူးတဲ့ ဘလော့ဂါ - မနိုင်းနိုင်းစနေ

ပထမဆုံးရေးတဲ့ ဘလော့ပို့စ် - အန်ဒီရဲ့ တွေ့ကရာရှစ်သောင်းမှာ ရေးတဲ့ ကဗျာလိုလို စာလိုလိုဥစ္စာ.. ပိုက်ဆံအကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ..

အတော်တောင်များနေပြီပဲ.. အိုကေ- ပထမဆုံးတွေ ဒီလောက်နဲ့တင် အဆုံးသတ်တော့မယ်.. အမှတ်တရတွေပြန်ပြီး အစဖော်ပေးတဲ့ ခေါင်ခေါင်နဲ့ ဒီtag ရဲ့ မူလပိုင်ရှင်(ဘယ်သူလဲတော့မသိ) ကို ကျေးဇူးပါ..

Can't read in Myanmar ?? Here is English Version for u.. enjoy !!

No comments:

your comment please

Powered by Blogger.