ကင်မရာတစ်လုံးနဲ့ ရှုပ်ထားသမျှ

ကိုလင်းဆက်တို့ ကိုညီမင်းစံတို့ကို အားကျလို့ ဓာတ်ပုံတွေလျှောက်ရိုက်ထားကြည့်တာ.. ထင်တာမြင်တာလေးတွေ ပြောသွားကြပါဦး..

ဒါက အိမ်နားက မြက်ပင်တွေ .. နေ၀င်ချိန်ရှုခင်းလေးပေါ့..

နန်းညီရဲ့အသည်းကျော်လေး မောင်ဘဂျမ်း.. သူက ခွေးလို့ပြောရင် သူ့ကိုပြောမှန်းမသိဘူး..

ဟမ်းစတားလေးနှစ်ကောင်.. အဖြူက အမလေး ချယ်မီ.. အမဲလေးက အထီးလေး ၀ူကီ

နန်းညီရဲ့အရုပ်ကလေးနှစ်ရုပ်.. လက်ဆောင်ရထားတာတွေ.. နင်နဲ့တူတယ်ဆိုပြီး ၀ယ်ပေးထားကြတဲ့ နှစ်ရုပ်ပေါ့..

ဒါကတော့ ကွန်ပျူတာထဲက ပလပ်..

2 comments:

  1. တူတယ် နန်းညီနဲ့...
    မောင်ဘဂျမ်းနဲ့....

    ReplyDelete
  2. (နေ၀င်ချိန်ရှုခင်း)အတွက်
    ကောင်းကင်ကြီး ၀ါလဲ့နေတယ်..။ အဲဒီအောက်က အိမ်လေး..။ မြက်ပင်တွေကြားမှာ အတန်းအတန်းလိုက်နဲ့ မီးကြိုးတွေမိုးအုပ်ထားသေးတယ်..။ ကောင်းကင်က အပိုင်းပိုင်း ပြတ်ထွက်နေသလိုပဲ..။ မြက်ပင်တွေကြားကနေ အိမ်လေးနဲ့ကောင်းကင်ပြတ်ကို ကြည့်နေသူရှိတယ်..။ သူကြေကွဲနေတာလား..။ သူ့အတိတ်တွေလား..။ ဆွေးရတဲ့ နေရီချိန်လား..။ ရသဘက်နွယ်တဲ့ ပုံလေးတစ်ပုံလို့မြင်မိတယ်..။

    (အရုပ်လေးနှစ်ရုပ်)အတွက်
    Lighting ကောင်းတယ်..။ အယူအဆလေး လှတယ်..။ နောက်က နံရံကို ကွယ်ထားချင်လို့ အဖြူတွေနဲ့ ပိတ်ထားသလားတော့ မပြောတတ်ဘူး..။ ဒါပေမယ့် color combination ကို သွားမြင်မိတယ်..။ အလင်းအမှောင်နဲ့ အရုပ်နဲ့ ဆက်စပ်နေတယ်..။ ကြိုက်ပါတယ်..။ Documentary တစ်ခုထက် သာပါတယ်..။ ဒီပုံလေးလည်း ကြိုက်တယ်..။

    cmt by NMS..

    ReplyDelete

your comment please

Powered by Blogger.