အန်ဒီကောင်တက်ထားတဲ့ ဖြစ်သလိုစားတာ
အင်း... ခဏခဏဖြစ်သလိုစားဖြစ်ပါတယ်.. အမှတ်တရ အဖြစ်ဆုံးဖြစ်သလိုစားတာကတော့ ၂၀၀၄ ဇန်န၀ါရီတုန်းက လေ့လာရေးသွားတုန်းကပဲ.. ပန်းချီနဲ့ ပန်းပုကျောင်းသားတွေ ကျောက်ဆည်ပြဒါးလင်းဂူက ကျောက်ခေတ်နံရံပန်းချီတွေသွားလေ့လာကြတာလေ.. စသွားကတည်းက ဖြစ်သလိုဇာတ်လမ်းကြီးစတော့တာပေါ့.. ဒန်တန့်တန်..
အဲ့တုန်းက နန်းညီက ဒုတိယနှစ်ကျောင်းသူပေါ့.. ကျန်တာတွေအကုန်လုံးက တတိယနှစ်နဲ့ ဖိုင်နယ်ကျောင်းသား ကျောင်းသူတွေချည်းပဲ.. အစ်ကိုက ဖိုင်နယ်ကျောင်းသားဆိုတော့ သူနဲ့ကပ်လိုက်တာလေ.. ကျောင်းသားတွေအတွက် ရထားတွဲ ၂ တွဲ ထပ်တွဲပေးတယ်.. ကျောက်ဆည်အထိ ရထားနဲ့သွားကြမယ်ပေါ့.. ရထားက ညနေ ၆ နာရီထွက်မယ်.. တောင်ဒဂုံကျောင်းဝင်းထဲမှာ ၄ နာရီခွဲကတည်းက လူစုခိုင်းပါတယ်.. အဲ့မှာ စတော့တာပဲ. . ညနေစာဘယ်လိုစားမှာလဲပေါ့.. ရထားပေါ်မှာ အသည်တွေလာရောင်းတတ်တယ်ဆိုပေမယ့် သူတို့က ရထားတွဲနှစ်တွဲကို သီးသန့်နောက်ဆုံးမှာချိတ်ထားမှာလေ.. ကျောင်းသားတွေချည်းပဲမို့ တခြားလမ်းဘူတာသမားလည်း တက်မရအောင်.. ဈေးသည်တွေလည်း ရှုပ်ရှုပ်ရှက်ရှက်မရှိအောင်ဆိုပြီး တံခါးတွေကိုပိတ်ထားမှာလေ.. အချင်းချင်းလက်ကုပ်မေးရင်းနဲ့ ကျယ်ပြန့်သွားလိုက်တာ ..ခေါင်းဆောင်ဆရာနားအထိပေါက်သွားတယ်.. နောက်တော့ ဆရာကပိုက်ဆံစုကောက်ပြီး ထမင်းကြော်ဗူးနဲ့ပါဆယ်ဝင်မှာဖို့ ကျောင်းသားခေါင်းဆာင်ကို တာန်ပေးလိုက်ပါတယ်.. အီးစီလည်း တခြား အစ်ကိုကြီး သုံးယောက်နဲ့ ဆိုင်ကိုထွက်သွားလိုက်တာ ရထားထွက်ခါနီးမှ ထမင်းဘူး ၈၀ ကျော်သယ်.. မောကြီးပန်းကြီးနဲ့ ဘူတာကိုရောက်လာကြပြီး ထမင်းကြော်ဗူးတွေလိုက်ဝေတော့.. .. စပါပြီ ဇာတ်လမ်းက .. ဇွန်းတွေပါမလာဘူး .. ကျောင်းသားတွေဆိုတောလည်း ရေသန့်ဘူးလေးဘာလေးကလွဲလို့ တခြားတိုလီမိုလီလည်းမပါဘူးပေါ့..
အ၀တ်အိတ်. အိပ်ရာလိပ်အပြင် ကိုယ့်ပုံဆွဲစာအုပ်၊ ဆေး၊ စုတ်တံနဲ့တင် အတော်ရှုပ်နေပြီကိုး..အဲဒါနဲ့ ကော်ဖီမစ်အိတ်တွေကို ခေါက်တဲ့သူကခေါက်.. ပုံဆွဲစက္ကူတွေဖြတ်တဲ့သူကဖြတ်.. ရေခွက်အသေးနဲ့ ကော်စားတဲ့သူက စားနဲ့ ..ဖြစ်နေကြတာ ဖြစ်နေကြတာ .. အဲလိုနဲ့ ရထားပေါ်မှာ ကမြင်းကြ ဆော့ကြ ဂစ်တာတွေတီး အချင်းချင်းစနောက်နဲ့.. ဖြစ်ချင်တိုင်းဖြစ်ကြပြီး ကျောက်ဆည်ရောက်ရောဆိုပါစို့..
ရောက်ရောက်ချင်းညကတော့ ကျောက်ဆည်တိုင်းရုံးက ထမင်းဖိတ်ကျွေးလို့ ကောင်းကောင်းစားလိုက်ရတယ်.. နောက်နေ့မနက်မှာ မနက် ၅ နာရီထပြီး မနက်စာစား .. ပြီးတာနဲ့ ကားတွေပေါ်တက်ပြီး ကျောက်ဆည်မြို့ပြင်က ရွာငံဆိုတဲ့နေရာကိုသွား.. တန်းစီ.. ဆရာက မိန့်ခွန်းပြောပါတယ်.. ပြဒါးလင်းဂူက အခုကျောက်ဆည်ဘက်ကနေ သွားတယ်ဆိုပေမယ့် တကယ်က ရှမ်းရိုးမတောင်တန်းမှာရှိတာပါ.. နယ်မြေကြမ်းတယ်.. ဆင်ရိုင်းတွေဘာတွေရှိတယ်.. ငှက်ဖျားပိုးရှိတယ်.. ၁၀ ယောက်စီခွဲသွားမယ်.. တစ်ဖွဲ့ချင်းဆီမှာ လက်နက်ကိုင်စစ်သား ၂ ယောက်စီ. ကြက်ခြေနီ ၂ ယောက်နဲ့ နည်းပြဆရာတစ်ယောက်စီပါတယ်.. တောတွင်းစွန့်စားခန်းလိုလိုဘာလိုလိုနဲ့ .. ပျော်စရာကြီးပါ.. နောက်တော့ ကျောင်းသားတစ်ယောက်စီကို ရေသန့်တစ်ဗူး..ထမင်းကြော်တစ်ထုပ်စီနဲ့ ငှက်ဖျားကာကွယ်ဆေး တစ်လုံးစီ.. ဝေတယ်.. သွားကြပေရော့.. မနက် ၇ နာရီကစပြီးတောင်တက်တာ နေ့လည် ၂ နာရီမှ .. ၈ ဖွဲ့စလုံး ဂူကိုရောက်ပါတယ်.. တောထဲမှာသွားနေတုန်းလည်း အချင်းချင်း နာမည်မခေါ်ရဘူးဆိုလို့ ခုံနံပါတ်တွေနဲ့အော်ခေါ်ရတာ ရယ်စရာကြီးပါ..
ဂူရှေ့ကိုရောက်တော့ မ၀င်သေးဘဲ ခြေလက်တွေဆေး ထမင်းကြော်ထုပ်တွေဖွင့်စားကြပါတယ်.. ဖွင့်လိုက်တာနဲ့ အနံ့က ထောင်းခနဲပဲ.. သိုးနေတာလေ.. နေကပူလိုက် တောင်ပေါ်နှင်းမိုးက တဖြိုက်နှစ်ဖြိုက်ရွာလိုက်နဲ့ဆိုတော့ အကုန်သိုးကုန်တာပေါ့ .. ဒါပေမယ့် မတတ်နိုင်ဘူး စားရတာပဲ.. ဒါမှ မစားလည်း စားစရာမှမရှိတာ.. နောက်တော့ လေ့လာစရာတွေလေ့လာ ကူးဆွဲစရာတွေကူးဆွဲ ဓာတ်ပုံတွေရိုက်ပြီး ညနေမှာ ပြန်ဆင်းကြပါတယ်.. တည်းခိုတဲ့နေရာကို ည ၁၀ နာရီကျော်မှရောက်.. ညစ်ညစ်ပတ်ပတ် ဆာဆာလောင်လောင်နဲ့ပဲ အိပ်ပျော်သွားကြလေသတည်းပေါ့ရှင် ..
နောက်နေ့တွေလည်း လေ့လာရေးသွားရင်း ရောက်ရာရွာတွေမှာ စားရတော့ ဖြစ်သလိုပါပဲ.. နောက်နှစ် ပုဂံသွားတော့လည်း ဖြစ်သလိုပါပဲ..နောက်နှစ်တောင်ကြီးသွားတော့လည်း ဖြစ်သလိုပါပဲ.. ပြောရရင်လေ့လာရေးသွားတိုင်း ဖြစ်သလိုစားရတာချည်းပါပဲ.. ဒါပေမယ့် ထမင်းကြော်အသိုးတွေကို နှာခေါင်းပိတ်ပြီးတော့ မျိုချရတာတော့ ပြဒါးလင်းတစ်ခုထဲပါ ..
(ရေးရင်း ခရီးသွားဆောင်းပါးလိုလို ဖြစ်ကုန်တယ်.. ဒါပေမယ့် အန်ဒီကောင်တက်ထားတာတော့ ဖြေဖြစ်သွားပါတယ်.. အန်ဒီကောင်က ပြောတယ်.. ကိုယ့်တက်ရင်လည်းဖြေရတယ် ကိုယ်ကလည်း ဆက်တက်ရတယ်ဆိုပဲ.. ဒီတော့ ခေါင်ခေါင်.. ပီboyz.. ကိုရုပ်ဆိုး.. မမုဒိတာ..ကိုညီနေမင်း .. ကိုစိုးဇေယျ တို့ရေ.. လာထား .. )

နန်းညီရေ.. မကောင်းတဲ့ ထမင်းတွေကို ဖြစ်သလို စားခဲ့တဲ့ တက် ပိုစ့်လေး ဖတ်လို့ကောင်းတယ်..
ReplyDeleteငါတောင် သွားချင်လာတယ် အဲဒိနေရာကို...
ငါလဲရေးပေးပါ့မယ် တက် တယ်ဆိုတော့လဲ.. ခုတော့ အကြွေးမှတ်ထားဦး.. ကျောင်းရော အလုပ်ရော. ပရောဂျက် ရော. နဲ့တစ်ယောက်ထဲ ချာလပတ်တွေ ရမ်းပြီးတိုင်တွေပတ်နေလို့နော်..
ငါလဲ ပြန်တက်တယ် ..ပထမဆုံး များအကြောင်းအမြန်ဆုံး ရေးပေးပါ.. ငါ့ဆီမှာ နမူနာကြည့်ပြီးရေးလို့ရတယ် ဒါမှ မဟုတ် စိတ်ကူးတည့်ရာ တွေရေးလဲ ရတယ်
စီဗုံး ရှာမတွေ့ဘူး.. နင်ဖြုတ်ထားတာလား..
ဖတ်လို့ ကောင်းပါတယ် ညီမရေ ဗဟုသုတရတာပေါ့။
ReplyDeleteကြုံရာနေရာ ကျသလို စားရမှာပဲ.. အမတို့လဲ ဒီလိုဘဲ ဖြစ်သလို စားရတဲ့အချိန်တွေရှိတာပေါ့. ၀ါသနာတူဆိုတော့ ခင်မင်ခွင့်ရတာဝမ်းသာပါတယ် ညီမတက်ထားတာကို ရေးပေးပါ့မယ်နော်
တက်ပြီးပြီ ညီမရေ လာ ဖတ်လှည့် ဦးနော်
ReplyDeleteလာရောက် အကြံပေးလှည့်ပါ
ညီမရေ
ReplyDeleteကျောင်းတုန်းကအကြောင်းတွေပြောရင် မြန်မာပြည်ကိုလာပြီး ရှိသမျှကျောင်းတွေလိုက်တက်ချင်နေတာ ....
ဒီကကျောင်းတွေကိုပြောတာမဟုတ်ဘူးနော် ...
အခုအချိန်အထိ ကျောင်းတုန်းကအကြောင်းတွေကို သတိရနေတုန်း လွမ်းနေတုန်းပဲ အတောင်တွေစုံလို့ ကိုလိုရာကိုပျံသန်းချင်တယ်ဆိုပေမယ့် ကျောင်းဆိုတဲ့အသံကြားတိုင်း မျက်ရည်ဝိုင်းပြီး လွမ်းတုန်းပဲ ကိုညီက သူငယ်ချင်းတွေကို အရမ်းချစ်တာ .... အခုတော့ အားလုံးကိုယ့်အလုပ်ကိုလုပ်ရင်းနဲ့ ကွဲကုန်ပါပြီကွာ ..
အယ်.... တစ်ကယ့်ကိုဖြစ်သလိုပဲနော်...
ReplyDeleteသိုးနေတဲ့ထမင်းစားလိုက်ရတယ်လား.....
လေ့လာရေးသွားရတာပျော်စရာကြီးနေမယ်နော်..
:)