စက္ကူ

ပန်းချီမေဂျာကတစ်နှစ်တည်းသူငယ်ချင်းတွေ စုပြီး Feb 24 ဆိုတဲ့ပြပွဲကို ၂၀၀၆ နဲ့ ၂၀၀၇ နှစ်နှစ်ဆက်တိုက် လုပ်ဖြစ်ခဲ့တယ် .. ၂ နှစ်စလုံး ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စခဲ့တာပါ ..ဒီနှစ်တော့ လူတွေကကျောင်းပြီးသွားတော့ ကွဲကုန်တာနဲ့ .. ဘာနဲ့ .မလုပ်ဖြစ်ဘူး ... ၂၀၀၈ ထဲမှာပဲ တစ်ပွဲဖြစ်အောင်တော့ လုပ်ကြမယ်ဆိုပြီး အားလုံးကတော့ ကြိုးစားနေကြတာပဲ ..ပန်းချီကားတွေ ကြိုရေးထားရတာပေါ့ .. ဒီတစ်ခေါက်ပြပွဲမှာ အ၀ါရောင်ပန်းချီကားတွေချည်းပဲ ပြဖို့ရည်စူးထားလို့ .. အခုတစ်ကားကလည်း အ၀ါရောင်လေးပါပဲ ..ကားအဟောင်းလေးပါ .. စက္ကူ လို့အမည်ပေးထားပါတယ် .. ဝေဖန်ကြပါဦး ..

No comments:

your comment please

Powered by Blogger.