by the way အတွေးများ

စကားမစပ် ပြောရဦးမယ်..
ခု နောက်ပိုင်း မော်တော်ပီကယ်တွေက အရင်လို ပိန်ညစ်ညစ် မဲကုပ်ကုပ်တွေ မပါတော့သလောက်ပဲနော်.. အရပ်ရှည်တယ်.. ရုပ်ရည်လည်း အသင့်အတင့် သန့်ပြန့်တယ်.. ကြည့်ပျော်ရှုပျော်ရှိတယ်ဆိုပါစို့.. ဆိုတော့ကာ - ဘာဖြစ်တုန်း.. ဘာမှတော့ မဖြစ်ပါဘူး.. ကောင်မလေးတွေ ကားတားပြီးစစ်ခံရရင် မျက်စိမှိတ်ပြရတာ အရင်ထက် စိတ်ပါလက်ပါရှိလာတာပေါ့လေ.. အရင်ကဆို ရုပ်ဆိုးဆိုးတွေကို မှိတ်ပြနေရတာကိုး..

ပြီးတော့ ပြောဦးမယ်..
လူတစ်ယောက်ကို တစ်ခုခု ပြောလိုက်ရင် သူ ရုတ်တရက်တုံ့ပြန်လာတဲ့ reaction ဟာ သူ့ရဲ့စိတ်ရင်းမှန်ကို ဖော်ပြတယ်ဆိုတာ တယ်မှန်တာပဲ.. အဖြစ်ပျက်ကို သေချာ ဂဃနဏ မသိသေးတဲ့အတွက် သူ့ တုံ့ပြန်မှုဟာ အကျိုးသင့် အကြောင်းသင့် ဖြစ်ချင်မှ ဖြစ်မယ်.. ဒါပေမယ့် သူ့ တကယ့် စိတ်ထားအမှန်ကိုပြနေတယ်.. အကြောင်းစုံကို သိသွားတဲ့အခါ ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်ပြီး ထပ်ပြောတဲ့ second thought တွေကတော့ အကျိုးကြောင်းသင့်ကောင်းသင့်ပေမယ့် ဒါဟာ အဲ့ဒိလူရဲ့ စိတ်သဘောထားအမှန်အတိုင်း မဟုတ်တော့ဘူး.. စဉ်းစားပြီး ဖြစ်သင့်တာကို ဦးစားပေးပြီး ပြောတဲ့ စကားတွေ ဖြစ်သွားပြီ.. သတိထားပြီး လူတွေကို လိုက်လေ့လာကြည့်ရင် အဲလိုတွေ သိရတာ ပျော်စရာကောင်းတယ်..

နောက်ထပ် မဆီမဆိုင်တစ်ခုက..
ခုနောက်ပိုင်း ရှော့ပင်းစင်တာ အကြီးကြီးတွေ ခမ်းခမ်းနားနား တောက်တောက်ပပ ပေါ်လာတာ.. လှလှပပ.. ပျော်စရာ.. ကောင်းပါတယ်.. ခက်တာက အဲ့ဒလို အဆောက်အဦ အကြီးကြီးတွေ အထဲရောက်ရင် ဖုန်းတွေ လိုင်းမမိတော့တဲ့ ကိစ္စ.. ပိုက်ဆံတွေသုံးပြီး ဈေးတွေဝယ်နေပြီးကာမှ အဆက်အသွယ်လုပ်မရတဲ့ နေရာကြီးထဲ ရောက်နေရတာ တော်တော်တော့ ဂွကျသားပဲ.. အပြင်ကလူကလည်း ဆက်ချင်ရင် (လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်) နဲ့ချည်းပဲ တိုးနေတော့ ကြာတော့ တင်းလာ.. ဘယ်တော့မှ ဧရိယာထဲကို မရောက်တော့ဘူး.. ဈေးဝယ်တာ ကြာတဲ့လူဆို ပိုဆိုး.. တနည်းနည်းနဲ့တော့ ဖြေရှင်းသင့်တယ် ထင်တာပဲလေ..

ဘာပဲဖြစ်ဖြစ်..
ဒီတစ်ပတ်ထဲ ပိတ်ရက်တွေ များတော့ ခရီးသွားဖြစ်မယ်.. စာတွေ ရေးဖို့ အကြွေးတွေ များကြီးပုံနေတာတွေလည်း ဘယ်လိုလုပ်ရမယ်မသိ.. စာက မရေးမရေးနဲ့ ရေးအားလည်းကျ လက်လည်းကျသွားတယ်.. ပြန်ကြိုးစားရမယ် မဖြစ်ချေပြီဘူးပေါ့ကွယ်.. (ဒါမျိုးပြောတာလည်း ခဏခဏရှိပါပြီ).. အမ ခိုင်စိုးလင်း ခဏစောင့်ပါ.. ရေးမယ်နော်.. :D

3 comments:

  1. ဘဲဥတွေကို မျက်စိမှိတ်ပြရတယ်တဲ့လား။ မှတ်ထားလိုက်အုံးမှ။ =)

    ReplyDelete
  2. အံမယ် လူကို ပြန်လာချင်လာအောင် လုပ်နေတယ် ပေါ့လေ

    သော့်ထ် လား ရီအက်ရှင်းလားပြော ကဲ ညုန်းမ်း

    ReplyDelete

your comment please

Powered by Blogger.