ရုံးမှာ ပျင်းတယ်

ရုံးမှာ ပျင်းတယ်လို့ ပြောမိတိုင်း တော်တော်များများက ပျော်စရာ ရှာလုပ်ဖို့ပဲ ပြောကြတယ်.. ဒီနေ့တော့ ထူးထူးခြားခြား သူငယ်ချင်းတစ်ယောက်က ပြန်မေးတယ်.. "အလုပ်လုပ်ဖို့ပျင်းနေတာလား.. အလုပ်လို့ ခေါင်းစဉ်တပ်ထားတဲ့ဟာတွေကို လုပ်ဖို့ပျင်းတာလား"တဲ့..

ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်တော့.. အလုပ်လုပ်ဖို့ ပျင်းနေတာ မဟုတ်မှန်းတော့ သေချာတယ်.. တခါတလေ စိတ်လေလွင့်နေပြီး စာမဖတ်ချင်.. မလေ့လာချင်.. ဒီဇိုင်းတွေမဆွဲချင် ဖြစ်တတ်တာကလွဲရင် အလုပ်လုပ်ဖို့ မပျင်းတတ်ပါဘူး.. ခုက အလုပ်လို့ သတ်မှတ်ထားတဲ့ အလုပ်မဟုတ်တာတွေ မလုပ်ချင်ဘူး ဖြစ်နေတာ..

ရုံးမှာမဟုတ်ဘဲ ပိတ်ရက်တွေလည်း ကွန်ပျူတာရှေ့ထိုင် ကလစ်ကလစ်နဲ့ ပုံတွေဆွဲ..  ဂျလိဂျလိနဲ့ စာဖတ်/ကျက်.. ရွှိရွှိဆိုပြီး အင်တာနက်စာမျက်နှာတွေပေါ် ကူးသန်းနေထိုင်.. ရုံးမှာဆိုလည်း.. ကလစ် ကလစ်.. ဂျလိ ဂျလိ.. ရွှိရွှိ.. ဒါမယ့် ရုံးမှာဆိုရင် အဲ့ဟာတွေလုပ်ရတာကိုတောင်မှ အသက်မပါဘူုးဖြစ်နေတယ်..

ယူနီဖောင်းဝတ်ရတာဟာ ဝန်ထမ်းတွေကို တူညီစေတယ်.. မကွဲမပြား တသားထဲဖြစ်စေတယ်.. ကောင်းပါတယ်.. ယူနီဖောင်း ဝတ်လိုက်တာနဲ့ "ငါဟာ အလုပ်ထဲမှာ".. "ငါဟာ တာဝန်ရှိသူတစ်ယောက်".. "ငါဟာဒီရုံးရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်".. ဆိုတာတွေပါ ပေါ်လာစေတယ်.. ကောင်းချက်များပါတယ်.. တစ်နေ့တစ်နေ့ ဘာဝတ်ရမလဲ ဆိုတာ စဉ်းစားနေဖို့လည်း မလိုတော့ ခေါင်းရှုပ်သက်သာတယ်ခေါ်ရမယ်..

မကောင်းတာက.. အဲ့ဒိ တာဝန်စိတ်တွေကြောင့်ပဲ ထိန်းချုပ်မှုတွေ စိတ်ကျဉ်းကျပ်တာတွေ ပေါ်လာတယ်.. နေ့တိုင်း နေ့တိုင်း ဒီအခန်း ဒီလူ ဒီဝတ်စုံတွေပဲ မြင်ရတာ လူပါ နမူးနထိုင်းဖြစ်လာသလိုခံစားရတယ်.. ဆန်းသစ်တီထွင်တဲ့ အလုပ်မျိုးတွေလုပ်ရတဲ့ creation သမားတွေအတွက်ပိုဆိုးမလားမသိဘူး..

(လောလောဆယ်တော့ personally .. အဲ့သလို ခံစားနေရတယ်)

2 comments:

  1. တီ့လို အလုပ်ရှာလိုက်လေ
    ရုံးမတက်ချင်ရင် အိမ်ကနေ လုပ်လဲရတယ်
    ရုံးမှာလဲ ကဒီး ကဒီး ထွက်ချင်တဲ့ အချိန် ထွက် ကော်ဖီသောက်
    ဝတ်ချင်တာကို ဝတ် ဘောင်းဘီ တို ဘာညာ အကုန်ရ
    ယူအန် အစည်းအဝေးဆိုရင်တော့ တခါတခါ အရှည်ဝတ်တယ် စိတ်မပါရင်တော့ ဒီအတိုင်းပဲသွားလိုက်တာပဲ မိုက်မှမိုက်
    ခရီရေးရှင်း အလုပ်ကတော့ ပရိုက်ဗိတ်က ပိုကောင်းမယ် လို့ထင်ပါတယ်
    ဒါမှမဟုတ် ဖရီးလန့်စ် လုပ်ပေါ့

    ReplyDelete
  2. ဒီပိုစ်. ကြိုက်တယ် ။

    ReplyDelete

your comment please

Powered by Blogger.