၉၉ ပုဒ်မြောက်နှင့် ရှေ့လမ်းစဉ်များ

်မကြာခင် ပို့စ် ၁၀၀ ပြည့်တော့မည်.. အခု ဒီပို့စ်က ၉၉ ခုမြောက်.. ဘာလိုလိုနဲ့ ဘာတွေရေးမှန်းမသိ ရေးလာလိုက်တာ အဲ့သလောက်တောင်ရှိနေပြီ.. ပို့စ် ၁၀၀ ပြည့်မှာတော့ ခိုကပ်သောအားဖြင့် တခြားသူတွေကို ရေးပေးပါလို့ တောင်းပန်ထားသည်.. ဘလော့ဂါအကျော်အမော် ၉ ဦး၏ လက်ရာများ မကြာခင်မှာ ဖတ်ရတော့မည်.. ချစ်သော P တစ်ယောက်ကတော့ အမှတ်တရအဖြစ် ဘန်နာလုပ်ပေးမယ်ပြောထားတာ ခုထိတော့ မဖြစ်လာသေး.. အလုပ်တွေ သိပ် Jam ဖြစ်နေသည်ဆိုသည်.. အခုလောလောဆယ်တော့ အန်ဒီကောင်ဆီက ငှားထားတဲ့ သုခမိန်လှိုင်ကဗျာတွေနဲ့ အတော်လေးဇိမ်ကျနေသည်.. ဘေးက side bar မှာ ဝေေ၀ဆာဆာ ဆိုတဲ့ကဗျာ မြင်ကြမည်ထင်ပါသည်.. အတော်လေးကြိုက်မိ၏.. နောက်ထပ် ကြိုက်မိတဲ့ ကဗျာလေးနဲ့ ၉၉ ပို့စ်မြောက်ဖန်တီးလိုက်ပြီ.. ၁၀၀ ပြည့်ကတော့ အခြားသူများ လက်စွမ်းလက်စကိုသာ စောင့်ကြည့်ကြပေရော့.. ၁၀၁ ပို့စ်မြောက်ကျရင် အိမ်အသစ်မှာရေးမည်.. ဒီအိမ်လေး အဆင်ပြေ လှပသော်လည်း ပြုပြင်ရတာမလွယ်.. သံယောဇဉ်ကိုဖြတ်လို့ အိမ်အသစ်ကိုပြောင်းပါမည်..

ဟော့ဒီမှာ ကဗျာပါ .. သုခမိန်လှိုင်ရေးသော အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ စာအုပ်မှဖြစ်ပါတယ်..


လွတ်တဲ့ငါး

ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဘိုးကြီးလာ။

ငါတို့ မက်ခဲ့ကြတာ
အိပ်မက်ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲကြီးကြီး။

စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး။


စာဖတ်သူ .. ဒီကဗျာကို ဘယ်လိုမြင်ပါသလဲ.. ကြယ်တွေကြွေမှ ကောင်းကင်ကြီးကတန်ဖိုးကြီးလာ ဆိုတဲ့ အစစာကြောင်းကတင် အတော်လေး ဆွဲဆောင်မှုရှိမနေဘူးလား.. မရှိတော့မှ သိရတဲ့တန်ဖိုး.. ဗန်ဂိုးသေမှ ပန်းချီကားတွေဈေးကောင်းလာ.. ဒိုးလုံးသေမှ သူ့သီချင်းတွေ လူကြိုက်များလာ.. ဒီအဓိပ္ပါယ်တွေနဲ့ မဆင်ဘူးလား..

ကိုယ်မစားရတဲ့ စပျစ်သီးကို ချဉ်မှာပါကွာလို့ ကဲ့ရဲ့တတ်တဲ့ မြေခွေးအဖို့ .. လက်ထဲက ငါးထက် လွတ်သွားတဲ့ ငါးကပိုကြီးတယ်လို့ ထင်နေတဲ့ လူအဖို့.. တကယ်လက်လွတ်သွားတာက တစ်လောကလုံး ပိုင်ဆိုင်သမျှအကုန်လုံး ဖြစ်နေတတ်ပါတယ်..

တွေးကြည့်ကြရအောင်..

9 comments:

  1. ဟုတ်ပါ့ ညီရေ ကိုကိုကတော့ လွတ်စရာ ဘာငါးမှ မရှိသေးဘူး။ :D

    ReplyDelete
  2. လောကကြီးက မြေခွေးတွေပိုများလာတယ် ညီညီရဲ့.း)

    ReplyDelete
  3. အဟမ်း!! နိုင်တီ နိုင်းတီနိုင်း ဆိုသလို ၉၉ ပုဒ်မြောက်က တရားရစရာတွေပါလား။ မမြဲခြင်းတရားနဲ့အတူ မရှိတော့မှ လူတွေတန်ဖိုးထားတက်တာ သဘာဝပဲလားလို့ တွေးမိသား...
    (နည်းနည်း ကြီးကြီးကျယ်ကျယ်ပံဖမ်းပြေသွားသည်)

    ReplyDelete
  4. ၁။အိမ်အသစ်ဆိုတာ ဘယ်နေရာတုန်း..။
    အိမ်အသစ်ပဲ ပြောနေတယ်။နေရာကျ မပြောဘဲနဲ့..:P

    ကိုယ်လဲ အဲ့ကဗျာလေးကြိုက်ပါ့..။

    ReplyDelete
  5. ဟုတ်တယ်နော် မြေခွေးတွေပိုများလာတယ်...

    ReplyDelete
  6. မြေခွေးများဆို စပျစ်သီးတွေလဲပေါလာတာကိုးဗျ။

    ReplyDelete
  7. စိုင်းထီးဆိုင် ငယ်ချစ်သီချင်းလေးဆိုပြီး ပြန်သွားတယ်..
    ဘာမှတော့ မဆိုင်...:P

    ReplyDelete
  8. ပိုစ့်တစ်ရာမြောက်(မျောက်မဟုတ်ပါ) မျှော်နေပါသည်။
    random ဆိုသည့်အတိုင်း ရေးချင်တာတွေ ရေးထားတာ သဘောကျလို့ လာလာဖတ်ပါသည်။

    ReplyDelete
  9. နွားခြေရာခွက်ထဲက ဖားသူငယ်လို့ ပြေတာပဲ။ အိမ်နားက ရေအိုင်လေးထဲ ရှာဖွေစားသောက်နေတာ ပေါ့ပေါ့ပါးပါးပေါ့။ မုန်တိုင်းလာမှာလည်း မပူရဘူး။ အခုတော့ ပင်လယ်ပြင်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေပြီ။ (တေရော။ တေရော။)

    ReplyDelete

your comment please

Powered by Blogger.