ကံဆိုးတဲ့ည
ခုတလောမှာ စိတ်မချမ်းသာစရာတွေပဲ ကြားနေရတယ်.. အတော်လေးကို အတွေးပွားစရာကိစ္စမျိုးတွေပါ.. သိချင်ကြလား..ပြီးခဲ့တဲ့ တနင်္လာနေ့ညက နန်းညီတို့ကျောင်းနောက်ဘက်လမ်းမှာ ကားတိုက်မှုဖြစ်တယ်.. ကျောင်းက သဘင်က ကျောင်းသားတွေပါ.. အဲ့ညက ၁၁ နာရီလောက် သူတို့က လမ်းထွက်လျှောက်ကြရင်း လမ်းဘေးလေးမှာ ထိုင်နေကြသတဲ့.. လူတွေကားတွေကလည်းရှင်း လေကလည်းအေးတော့ စကားလေးပြောရင်း အေးအေးလူလူ ထိုင်လို့.. အတော်လေး ငြိမ်းချမ်းနေခဲ့ကြမှာပါ.. နောက်တော့ သူတို့ရဲ့ ကြမ္မာဆိုးက စက်ကုန်ဖွင့် အမြင့်ဆုံးအရှိန်နဲ့ မီးမထိုးပဲ ရောက်လာပါတော့တယ်..
ကားလာနေတာကို သိသိချင်း ထပြေးဖို့ကြိုးစားပေမယ့် ထိုင်တာကြာနေတဲ့ အနေအထားက အလွယ်တကူပြင်လို့မရခဲ့ဘူးလို့ သိရပါတယ်.. ကားက လူ ၂ ယောက်လုံး တရွတ်ဆွဲပါသွားအောင်ကို တိုက်လိုက်တာပါ.. နောက်တော့ မောင်းပြေးသွားပါတယ်.. လူတွေရှင်းနေတဲ့လမ်းမကြီးမှာ ကယ်ကြပါဦး ကယ်ကြပါဦးလို့ အော်ခဲ့သေးပါတယ်တဲ့.. ဒါပေမယ့် ဘယ်သူကမှ ထွက်မလာပါဘူး.. တကြော်ကြော်အော်နေရင်း ကြောက်လန့်နေခဲ့.. အားငယ်နေခဲ့ရတာ.. ၁၁ နာရီ .. ၁၂ နာရီ.. ၁ နာရီ.. အဲ့ဒိအချိန်ကြမှ ဖြတ်သွားတဲ့ကားတစ်စီးက တွေ့ပြီး ကျောင်းထဲဝင် အကြောင်းကြားပေး.. သူတို့ကိုဆေးရုံပို့ပေး.. အဲလိုကူညီခဲ့ပါတယ်..
အခု ဆေးရုံမှာ တစ်ယောက်က ဦးနှောက်သွေးယိုနေပြီး ရှင်ဖို့လမ်းမမြင်ပါ.. နောက်တစ်ယောက်က ခြေထောက် ၃ ပိုင်းပြတ်.. သွင်သွင်ကျိုးသွားပြီး အောက်ပိုင်းသေသွားဖို့များနေတဲ့ အခြေအနေ.. သဘင်သမား အကသမားဟာ အောက်ပိုင်းလှုပ်မရတော့ဘူးဆိုရင် ဘယ်လောက်တောင် စိတ်ဓာတ်ကျသွားမလဲ.. ပန်းချီသမားတွေ မျက်စိကန်းသလို.. ပန်းပုသမား လက်မရှိသလို.. စာနာမိတယ်.. သနားလွန်းလို့ ရင်ထဲမှာ မွန်းကျပ်လာတဲ့အထိပါပဲ.. ပိုဆိုးတာက အဲဒိလို သူတို့ အော်ဟစ်အကူအညီတောင်းနေချိန် ဘယ်သူမှ ကူဖို့ကယ်ဖို့မလာတဲ့အခါ သူတို့ရဲ့အားငယ်စိတ်ဟာ ဘယ်လောက်တောင် ကြီးမားလိုက်မလဲ.. သတိလစ်မေ့မျောနေတယ် ဆိုလည်း ဟုတ်သေးတယ်.. ခုတော့ နာကျင်မှုတွေ.. ကြောက်ရွံ့မှုတွေ.. အားငယ်ထိတ်လန့်တာတွေနဲ့ ဘယ်လောက်များခြောက်ခြားနေလိုက်မလဲလို့..
ဆိုးတာက အဲ့ဒိတိုက်တဲ့ကားကလည်း သူတို့ကို ဆေးရုံခေါ်သွားပေး ကူညီပေးရင် မဖြစ်နိုင်ဘူးလား.. လမ်းမပေါ်တက်ထိုင်နေတဲ့သူတို့အမှားအတွက် အဲလိုဆေးရုံပို့ပေးခဲ့ရင်တောင် ကျေအေး ကျေနပ်ကြမှာပါ.. ဒါပေမယ့် သူကလည်းမောင်းပြေးသွားခဲ့တယ်..
ပြီးတော့ ပိုပြီးနာကျင်စရာကောင်းတာက.. အဲ့လမ်းမှာ လူနေအိမ်တွေနဲ့ဝေးလို့ အိမ်တွေကမကြားနိုင်.. ကျေုာင်းဝင်းထဲကအိမ်တွေကလည်း မကြားနိုင်.. အနားမှာ အကပ်ဆုံးရှိနေတာက ကားဝပ်ရှော့တစ်ခုပါ.. ကြားတော့ကြားနေသားပဲ.. ကယ်ကြပါ ကယ်ကြပါလို့အော်နေတာ.. ဒါပေမယ့် ထွက်မကြည့်ရဲလို့.. တဲ့.. သူတို့ကို အပြစ်တင်တာ အပြစ်မြင်တာမဟုတ်ပဲ သူတို့ဘက်ကခံစားမိပြီး ပိုလို့ နာကျင်သွားပါတယ်.. လူတွေ ဒုက္ခရောက်လို့ အကူအညီတောင်းနေသံကို ထွက်ကြည့်ကူညီဖို့ မရဲလောက်အောင်ကို သူတို့မှာ ဘာအကြောက်တရားတွေက ဖိစီးနေခဲ့ပါသလဲ.. ထွက်လိုက်လို့ ဟန်ဆောင်တာဆို ဘယ့်နှယ့်လုပ်မလဲ.. ဒုက္ခပေးမယ့်သူတွေဆို ဘယ်လိုလုပ်မလဲလို့ သူတို့စိုးရိမ်နေမိမှာပါ.. လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အဲသည့်လောက်တောင် ယုံကြည်ဖို့ခက်နေပြီလားလို့.. တွေးမိတော့ စိတ်လေးမိတယ်.. လောကကြီးက ဒီလိုသာဆို ဘယ်လိုများနေပျော်ပါတော့မလဲ.. ယုံကြည်မှုတွေ တည်ဆောက်ဖို့ .. တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တတ်ဖို့ ကျွန်မတို့ ဘာများလုပ်ပေးနိုင်မလဲ.. အသက်သေဖို့အထိ မဖြစ်သင့်ပဲ ဖြစ်သွားရတဲ့ ဒီလိုဖြစ်ရပ်မျိုးတွေ နည်းသွားအောင် ဘာတွေ ကူညီနိုင်ကြမလဲ.. စဉ်းစားကြည့်ကြရအောင်..

အိုး စိတ်မကောင်းစရာပဲ နှစ်ယောက်လုံးရဲ့ အမှားပဲ ပြောရမလိုပဲ
ReplyDeleteကားမောင်းတဲ့ သူကလဲ တော်တော် သူ့နေရာက ကြည့်ရင်
ဖြစ်လာမဲ့ ပြဿနာတွေ များတယ်လေ
ထောင်ဘယ်နှစ်နှစ် ကျမလဲ စဉ်းစားမိလို့ သူ့ အတ္တပေါ့
ခံရတဲ့ သူဖက်ကလဲ စိတ်မကောင်းပါဘူး
ရံဖန်ရံခါ ဒီလိုပဲ လူငယ်တွေက အေးအေးလူလူ
လမ်းမအလယ်မှာ တက်ထိုင်တတ်ကြတယ်
ကျွန်တော်တို့ အပါအ၀င်ပေါ့
စိတ်မကောင်းစရာ သတင်းပါပဲ
သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
လမ်းဘေးလေးမှာ ထိုင်နေကြတာလို့ရေးထားတယ်လေ...။
ReplyDeletesdl
(လူတွေ ဒုက္ခရောက်လို့ အကူအညီတောင်းနေသံကို ထွက်ကြည့်ကူညီဖို့ မရဲလောက်အောင်ကို သူတို့မှာ ဘာအကြောက်တရားတွေက ဖိစီးနေခဲ့ပါသလဲ.. ထွက်လိုက်လို့ ဟန်ဆောင်တာဆို ဘယ့်နှယ့်လုပ်မလဲ.. ဒုက္ခပေးမယ့်သူတွေဆို ဘယ်လိုလုပ်မလဲလို့ သူတို့စိုးရိမ်နေမိမှာပါ.. ... ယုံကြည်မှုတွေ တည်ဆောက်ဖို့ .. တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တတ်ဖို့ ကျွန်မတို့ ဘာများလုပ်ပေးနိုင်မလဲ.. အသက်သေဖို့အထိ မဖြစ်သင့်ပဲ ဖြစ်သွားရတဲ့ ဒီလိုဖြစ်ရပ်မျိုးတွေ နည်းသွားအောင် ဘာတွေ ကူညီနိုင်ကြမလဲ.. စဉ်းစားကြည့်ကြရအောင်)
ReplyDeleteမြန်မာ့စိတ်ရင်း ကူညီခြင်းတဲ့။ ဟတ်ဟတ်ဟတ်...။
ReplyDeleteတာဝန် .....
ReplyDeleteမနန်းရေ.. ကျောင်းနောက်ဖက်ကို ခစခဏရောက်ဖူးတယ်.. လူပြတ်လိုက်တာအရမ်း.. မှောင်ကလည်းမှောင်နဲ့.. လူနေအိမ်တွေနဲ့ဝေးတာလည်း ပါမှာပါ.. ဒါပေမယ့် ကားလမ်းမကြီးနဲ့ နီးတာပဲ.. ကားသမားက လူမဆန်လိုက်တာ.. လူက နဂိုတည်းက ငိုချင်ချင်ရယ်နော်..း(
ReplyDeleteမနန်းရေ.. ကျောင်းနောက်ဖက်ကို ခဏခဏရောက်ဖူးတယ်.. လူပြတ်လိုက်တာကလည်းအရမ်း.. မှောင်ကလည်းမှောင်နဲ့.. လူနေအိမ်တွေနဲ့ဝေးတာလည်း ပါမှာပါ.. ဒါပေမယ့် ကားလမ်းမကြီးနဲ့ နီးတာပဲ.. ကားသမားက လူမဆန်လိုက်တာ.. လူက နဂိုတည်းက ငိုချင်ချင်ရယ်နော်..း(
ReplyDeleteကြောက်တာကလည်း ကြောက်ပေါ့ ကြောက်ကြောက်နဲ့တော့ အနည်းဆုံးသွားကြည့်သင့်တယ်..(ဟိုလူတွေကိုပြောတာ)..။ သွားကြည့်ဖြစ်ခဲ့ရင် ကူညီဖြစ်မှာတော့ အသေအချာဘဲ..။
ReplyDeleteညီညီရေ- ဒီစာလေး ဖတ်ပြီး..စိတ်မကောင်း သိပ်ဖြစ်သွားမိတယ်။
ReplyDeleteဗမာ့ယဉ်ကျေးမူ မှာ..တယောက်ဒုက္ခရောက်ရင်.. ( သေလုနီးပါး.ကယ်ပါယူပါ..အော်နေတာတောင်) ထွက်မကြည့်ရဲ.. တဲ့..စိတ်ဓါတ် အကြောက်တရား..
လူသား ၂ယောက်ကို ကားနဲ့တိုက်ပြီး..ထွက်ပြေး သွားနိုင်တဲ့..တာဝန်မဲ့ စိတ်ထား..
တခုခုတော့..လိုအပ်နေပြီ..
ထပ်ပြောချင်ပါတယ်.. စိတ်မကောင်း ဖြစ်လွန်းရပါတယ်။
ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး ညီမလေးရယ်
ReplyDeleteရဲမှုရဲခင်းတွေမှာ အပြင်လူတွေ ၀င်ပါရမှာကို အတော်ကြောက်ကြပါတယ်။ အဲဒီလိုကေ့စ်တွေက အခန့်မသင့်ရင် အမှုပတ်တတ်တယ်ဆိုပဲလေ။ ဥပဒေကို သေချာ မသိတာလည်း ပါသလို ရဲတွေကလည်း ဟောက်တတ်သေးတယ်လေ။ ဒီတော့ အကုန်လုံးကို ကြောက်နေရတော့ မရှုပ်မလုပ်တွေ ဖြစ်ကုန်ကြတာပါပဲ။
ReplyDeleteဖတ်ပြီးပြီးချင်းတုန်းက ဘာတစ်ခုမှ ရေးမထွက်လို့..နန်းညီ ရေးထားတာကိုပဲ ပြန်ကူးပေးခဲ့တာ။ အဲဒီ အတွေးအခေါ်မျိုး နဲ့ အရှိကို အရှိအတိုင်းမြင်ရဲတဲ့ စိတ်ကို ကိုယ်တကယ် ချီးကျူးလေးစားပါတယ်။ ငါတို့ရွှေမြန်မာပြည်လေးက .. အစချီပြီး အိုဗာတင်းဖျော် အပိုပြောနေတာတွေကို စိတ်အချဉ်ပေါက်နေချိန်မို့လား မသိဘူး။ အမှန်ကို အမှန်အတိုင်း အားနည်းချက်ကို အားနည်းချက်အတိုင်း မြင်ရဲတာကို ကိုယ်ကြိုက်တယ်။ ခုချိန်ထိ ဘယ်သူမှ ဘာမှ မတတ်နိုင်တာ မထူမတ်နိုင်တာလဲ အမှန်တရားပဲ။ အခြေအနေက ကိုယ်ထူမှ ကိုယ်ထ ဖြစ်နေတာကိုး။ ဘာတွေလုပ်ရမလဲ ဆိုတာလဲ ကိုယ်လဲ မသိတော့ပါဘူး နန်းညီရေ.. သိလဲ လာလုပ်နိုင်တော့မယ် မထင်ပါဘူးကွယ်..လုပ်ကြမယ့် လူတွေကို တတ်နိုင်သလောက် ကူညီချင်စိတ်သာ ရှိပါတော့တယ်။ မြန်မာပြည်လေး အကြောင်း အပ်ကြောင်းမထပ်ဘဲ ကွက်လပ်တွေကို ညွှန်ပြတဲ့ ဦးနှောက်ရှိတဲ့ post ဖြစ်လို့ ကျေနပ်အားရမိပါတယ်
ReplyDeleteအားလုံးဆွေးနွေးတာ တွေးပေးတာ ကျေးဇူးပါ.. မအေးမြတ်ကို.. ကျေးဇူး
ReplyDeleteအင်း
ReplyDeleteတာဝန်လား
ဝတ္တရားလား
အကြောက်တရားကတော့သေချာတယ်
အတ္တ လား? လူမဆန်တာလား?
ကိုယ့်အတွက်လား သူ့အတွက်လား?
လူ့လောကကြီးကတော်တော်ကိုမလုံခြုံတော့တာပဲနော်