ကျွန်မ၏ချစ်သူများ

ဝတ္တုတိုတစ်ပုဒ်တင်မလို့ စာအုပ်ထဲကကူးရိုက်နေရင်း ပျင်းလာတာနဲ့..ကွန်ပျူတာရှေ့ ဒီတိုင်းငုတ်တုတ်ထိုင်နေလိုက်တယ်.. နောက်သိပ်မကြာခင်တော့ ပြီးသွားမှာပဲလေ.. ရိုက်လို့ပြီးတဲ့ အချိန်တင်တာပေါ့.. အေးဆေးဆိုပြီး.. ထိုင်နေရင်း ကိုယ့်ဘလော့ဂါဘ၀ကိုယ် ပြန်စဉ်းစားမိသွားသည်.. ကျွန်မ ပထမဆုံး ဘလော့စရေးတာ Andy ရဲ့ဘလော့မှာ.. ပိုက်ဆံအကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ စာလိုလို ကဗျာလိုလိုတစ်ပုဒ်.. အဲဒိကတည်းကတော့ အဲဒိကောင်က တိုက်တွန်းနေသားပဲ.. နင့်ဘာသာနင် ဘလော့ရေးပါလားတဲ့.. “ငါမအားပါဘူးဟာ ရေးစရာလည်းမရှိပါဘူး”လို့ ပြန်ပြောလိုက်ပေမယ့် သူများတွေရေးထားတာတွေလိုက်ဖတ်ရင်း အားကျလာပါသည်..

စက်တင်ဘာ ၂၀၀၈ မှာ.. nangnye.blogspot.com လိပ်စာဖြင့် ကျွန်မ ဘလော့စရေးပါသည်.. နန်းညီအကြောင်း အနည်းငယ်မိတ်ဆက်ထားခြင်း.. ဓာတ်ပုံလေးလည်း စမ်းပြီးတင်လိုက်၏.. နောက်တော့ အဲသည့်လိပ်စာနဲ့ ပို့စ် ၄ ၅ ခုလောက်ရေးအပြီးမှာ.. Andy ကပဲ တိုက်တွန်းသဖြင့် Co.Cc ဒိုမိန်းကို ကျွန်မပြောင်းယူလိုက်သည်.. ဒိုမိန်းပြောင်းတဲ့ကိစ္စတွေကိုလည်း Andy နဲ့ ဂါးထွန်းလို့ ကျွန်မကခေါ်တဲ့ တခြားသူငယ်ချင်းတစ်ယောက်ပေါင်းကာ ပြောင်းပေးခြင်းဖြစ်ပါသည်.. www.random-random.co.cc ဆိုတဲ့နာမည်လေးနဲ့ အရှေ့ကဘလော့စပေါ့ကြားမှာ တစ်ရက်ကျော်ပျောက်နေသေးသည်.. ဘယ်တစ်ခုကိုဖွင့်ဖွင့်ကျမလာသောအခါ ကျွန်မက အသားလွတ်စိတ်ပူမိသလောက် သူတို့နှစ်ယောက်ကလည်း “အဲဒါ သွားပြီ.. အဲလိုပဲ ပျောက်သွားတတ်တယ်.. နင့်ပို့စ်တွေတော့ သွားပါပြီဟာ” ဆိုပြီး စနောက်ကြ၏.. ဘယ်လောက်မှ မများသေးသော ကျွန်မပို့စ်လေးများကို ကျွန်မနှမျော၍ မဆုံးနိုင်.. အဲသည့်ကတည်းက ကျွန်မသိသင့်ပါသည်.. ဘလော့သည် သံယောဇဉ်တွယ်လွယ်သော.. စွဲလမ်းလွယ်သော အရာတစ်ခုဆိုတာ.. ..

နောက်တော့လည်း အဆင်ပြေပြေဖြစ်သွားတာပါပဲ.. ခုချိန်ထိ ပို့စ်ပေါင်း ၆၀ ကျော်.. ၇၀ နီးပါး.. ဘန်နာတွေလျှောက်ပြောင်းတာက ၈ ခုလောက်နဲ့.. ကျွန်မ ရန်ဒန်လေး ပျော်ပျော်ရွှင်ရွှင်ချီတက်နေဆဲ.. စိတ်ကူးတည့်ရာလေးတွေ လျှောက်ရေးလိုက်.. ပန်းချီအကြောင်းတွေ အနည်းငယ်ရွှီးလိုက်.. ကိုယ်ဆွဲထားသမျှ ပန်းချီကားလေးတွေ ဂရပ်ဖစ်ပုံလေးတွေ တင်လိုက်.. tag game တွေမှာ ပါဝင်ပျော်ရွှင်.. သူများအိမ်တွေလည်.. စာတွေဖတ်.. ထင်ရာတွေဝင်ပြီး ဝေဖန်ချက်ပေး.. စီဗုံးတွေမှာအော်.. ပျော်စရာပဲ.. ကျွန်မအကျင့်က စီဗုံးတွေမှာဆို လျှောက်ဖတ်တတ်ပြီး.. comment ပေးတဲ့အခါတွေကျ ကိုယ့်အရှေ့လူတွေ ဘာတွေပြောသွားလည်း ဖတ်လေ့မရှိပါ.. ကိုယ်ထင်ရာ ကိုယ်ခံစားမိသလိုသာ ရေးပစ်လိုက်တတ်တာ.. တစ်ခါတလေ သူများနဲ့ အတိုက်အခံဖြစ်သွားတာမျိုးတွေလည်း ရှိမှာအမှန်ပဲ.. သို့သော် ဘယ်တုန်းကမှ ဘယ်သူကမှ “ငါ့ကိုကန့်လန့်တိုက်တယ်”ရယ်လို့ မကျေမနပ်ဖြစ်တာ မကြုံဘူးသေး.. ဘလော့မောင်နှမတွေ အချင်းချင်း အဲသည်လိုစိတ်ထားမျိုးတွေ မထားတတ်ဘူးထင်ပါသည်.. အဲလိုသိရပြန်တော့ ကျွန်မ ပိုလို့ ပျော်ရွှင်ရသည်..

တစ်နေကုန် အလုပ်မှာ ဒီဇိုင်းရေးလိုက်.. ဘလော့လည်လိုက်လုပ်ပြီး အိမ်ပြန်ရောက်ရင်လည်း ဇာတ်လမ်းက မပြီးသေး.. တစ်ချို့ပို့စ်ရှည်ရှည်တွေ.. ရုံးမှာဖတ်ရတာ ဘယ်လိုမှခံစားလို့မရသဖြင့် Notepad ဖြင့် Copy ကူးယူလာကာ အိမ်မှာဖတ်တတ်သည်.. အေးအေးဆေးဆေး မန့်.. နောက်နေ့မှ အဲဒါကို ကော်ပီပြန်ကူး.. သူ့ပို့စ်မှာ သွားတင်.. ကျွန်မဘာသာတော့ ဟုတ်နေတာပါပဲ.. အိမ်မှ အမေအဖေတွေကိုလည်း ဘလော့မှာတော့ ဘယ်လိုဘယ်ညာ.. ဘယ်သူက ဘယ်လိုတွေရေးတာ.. ဘယ်သူကတော့ စာတွေမှာ မန့်တာ သိပ်ကောင်းတယ်.. ဒီနေ့ စီဘောက်စ်မှာ ဘယ်သူက ဘယ်လိုလာအော်တော့ ဘယ်လိုတွေဖြစ်တာ..စသဖြင့် မမောမပန်းနိုင် ပြောမဆုံးနိုင်.. ကျွန်မ မိဘတွေ.. အထူးသဖြင့် ကျွန်မ အမေက.. အမြဲစိတ်ဝင်တစားနားထောင်ပါသည်.. ကိုဂျဲ.. အန်ဒီ.. ကိုဗီ.. မမေရာ.. မတု.. မခေါင်.. ကိုအိပ်မက်ရှင်..ပီဘွိုက်ဇ်.. နောက်ပြီး ကိုညီလင်းဆက်တို့ ကိုညီမင်းစံတို့.. မနိုင်းနိုင်းစနေ.. နောက်ပြီး ချစ်စရာမိသားစုလိုက်ဖြစ်နေသည့် ဦးနော် တီငယ်နဲ့ ကလေးလေးတို့.. အကုန် အကုန်.. ကျွန်မအမေက အကုန်မှတ်မိသည်.. အန်ဒီတို့ မမေရာတို့ဆို အိမ်ကိုပါ ၀င်ထွက်သွားလာနေသူမို့.. အမေနဲ့ အတော်တောင်ခင်မင်နေပါပြီ..

ငပေါများဂေဟာကိုလည်း ကျွန်မနဲ့ အန်ဒီ တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်း စပြီးလုပ်ဖြစ်သွားသည်.. ကိုဗီနဲ့ကိုဂျဲက ဦးဆောင်ပြီး သီးသန့်ဘလော့တစ်ခုလုပ်ရင်းက အခုဆို ကျွန်မတို့ Crazyvilla လေး အတော်လေး အောင်မြင်နေပြီ.. သဘာပတိတွေ နာယကတွေ ဘာတွေနဲ့.. ကတ်ဘိနက် ၈ ယောက်.. ၀န်ကြီးတွေ စုံစုံလင်လင်.. အသင်းသားတွေနဲ့ ဟုတ်လို့နေတာပါပဲ..

ကျွန်မဘလော့ကို အရင်ဆုံးရောက်လာတာက ဟိုနှစ်ကောင်.. အန်ဒီနဲ့ ဂါးထွန်းပါ.. တခြား ဘလော့ဂါတွေအနေနဲ့ ပထမဆုံးလာတာကတော့ ကိုဖြိုးငယ် (www.phyonge1985.blogspot.com).. ပြီးတော့ မခေါင်.. ဘလော့ရေးရင်း ကျွန်မမှာ အစ်ကို အစ်မတွေ.. မောင်လေးတွေ ညီမလေးတွေရော.. ဦးလေးတွေ အဒေါ်တွေရော အမျိုးအဆွေတွေ တိုးပွားလာလိုက်တာ.. သူတို့ကို ကျွန်မသိပ်ချစ်သည်.. ကျွန်မ စီဗုံးမှာ ပေါ်လာဖူးသမျှ နာမည်တွေရော.. မရောက်လာပေမယ့် ကျွန်မကသွားသွားအော်တတ်တဲ့ အိမ်ရှင်တွေရော.. နောက်ပြီး သွားဖတ်ပြီးတိတ်တိတ်ပြန်လာတတ်တဲ့ အိမ်ရှင်တွေရော.. တစ်ယောက်မကျန် ကျွန်မချစ်သည်..
ကျွန်မနဲ့ တကယ့်မောင်နှမအရင်းလိုဖြစ်သွားတဲ့.. ကျွန်မက ကိုကိုလို့ခေါ်တဲ့ ကိုဂျဲ . . . .
အွန်လိုင်းသူငယ်ချင်းအဖြစ် စခင်ပြီးမှ အခု ပြောမနာဆိုမနာ ရင်းနှီးချစ်ခင်နေတဲ့ အန်ဒီကောင် ..
ပြီးတော့ ဂါးထွန်း..
ကျွန်မ အစ်မ.. မေရာ.. မတု..
ညီရေ့ ညီရေ့နဲ့ ခေါ်ခေါ်ခိုင်းတတ်သော (အစ်ကိုပီသသူ) ကိုဗီ ..
ကျွန်မရဲ့ အစ်ကိုတွေလည်းဟုတ် မြင်ဆရာ သင်ဆရာတွေလည်း ဟုတ်တဲ့
ကိုညီမင်းစံ ..ကိုညီလင်းဆက်..
စာတွေသေချာဖတ်ပြီး ခံစားချက်တွေပြန်ဖွင့်ပြပေးတတ်တဲ့ ကိုအိပ်မက်ရှင် ..
ဘလော့ဂါမဟုတ်ပေမယ့် ကျွန်မစာတွေ ပုံမှန်အမြဲသည်းခံဖတ်ပေးတဲ့ ချစ်သူငယ်ချင်းတစ်ဦး ..
နောက် little brook နဲ့ အိဖူး ... phocho ..

နောက်..
အမြဲလာအားပေးနေတဲ့ မနော်
ခဏခဏ ကတိဖျက်မိတဲ့ မိုးသား
ပုံပြင်တွေပြောပြတတ်တဲ့ ကိုနိုင်နိုင်
မကြာခဏ လာ အာဘွားပေးတဲ့ ကလေးလေးရယ်.. ဦးနော်နဲ့တီငယ်
စားစရာတွေခေါ်ကျွေးတတ်တဲ့ မဆုမွန်
ငပေါလေး အောင်ပြည့်..
ကျော်ဟိန်းလို့ခေါ်ရင်စိတ်ဆိုးတဲ့ Craton..
ဓာတ်ပုံတွေရိုက်လေ့ရှိတဲ့ ကေလာ..
ခြံပေးမရောင်းတဲ့ ကပ်စေးနဲ ကိုဥယျာဉ်မှူး. . .
သရဲလာလာခြောက်တတ်တဲ့
ကို freshup
သူ့စီပုံးနဲ့တင် သူပတ်ရှုပ်နေတတ်တဲ့ ပီဘွိုက်ဇ်. . . .
မျက်စိနောက်စရာ ခပ်ညံ့ညံ့ကောင်ဂျန်ဝသူ . . . .
ပေါ်တော်မူကြီး ကိုကဗျာမွှေ
ချကား မပီဒဲ့ တီDream
ကြေးအိုးကိုအရွက်တွေမကြိုက်တဲ့ ကိုရုပ်ဆိုး
လင့်ပေးဖို့တွန့်တိုတဲ့ပိစိ
ရော့ကာကြီး ကိုPHYO
ကယ်ရီကေးချားဆွဲတဲ့ ကိုထိုက်
ကဗျာကြွေးခုထိမဆပ်တဲ့ နေ့အိပ်မက်..
တူမရေလို့ခေါ်တတ်တဲ့ဦးငယ်..
ဘန်နာအတင်းတောင်းပြီး မတင်တဲ့ ကိုမောင်မျိုး . .


ပြီးတော့..
ကိုသက်ပိုင်
မKom..
မဆင်ဒလာ..
မဗေဒါ..
သံလွင်ဟီးရိုး . . .
ညခင်းနဲ့လမင်း..
ဂျူလိုင်အိပ်မက်..
ကိုအောင်..
ကိုတောင်ပေါ်သား
ဆောင်းယွန်းလ
norman
မပုလဲ
ဧဏီမင်း
မ၀ါဝါခိုင်မင်း
flower.poem
ကိုအောင်ဦး
မအေးမြတ်မြတ်ကို
တီတီတန့်တန့်
ကိုညီမင်း
ပန်းခင်းလေး
မပန်ဒိုရာ
ကိုသူရိန်
စပ်မိစပ်ရာ
ကိုစိုင်းခမ်းထွန်း
ကိုဟိန်းညီ
နဲ့ အားလုံး..

အင်း.. လူတွေသိပ်တော့ကျန်ခဲ့မယ်မထင်ပါဘူး.. လာလည်သူက ဒီလောက်များတာမှမဟုတ်တာနော့.. ကျန်ခဲ့တယ်ဆိုရင်လည်း လက်ကကျန်ခဲ့တာပါ.. ကျွန်မ စိတ်ထဲမှာတော့ ချစ်ခင်ဆဲ ကျေးဇူးတင်မြဲပါပဲနော်..

(ကျော်ခွတင်တော့ကာ လင့်တွေထည့်မရဘူး.. ရသလိုထည့်တားတယ်.. မပါတဲ့သူတွေလည်း ချိတ်ချိုးနဲ့.. နားလည်လက်စနဲ့ နားလည်ပေးကြ.. . ကျေးဇူးတင်လက်စနဲ့ ကျေးဇူးထပ်တင်လိုက်မယ်.. နော့် နော် နော်)

10 comments:

  1. အေးကွယ် လိမ်မာသိတတ်တဲ့ ကလေးမပေပဲ
    အများကြီးတိုးတက်အောင်မြင်ဦးမယ်။
    အဟမ်း အဟမ်း လူကြီးအသံမပေါက်ပေါက်အောင်
    ပြောသွားတယ်။ ကျေးဇူးတင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။
    နောက်များလဲ မကြာခဏ ဘန်နာတွေ
    မျက်စိနောက်လောက်အောင် ပြောင်းနိုင်ပါစေ။

    ချစ်ကို

    ReplyDelete
  2. ချစ်သူများဆိုလို့အမြန်လာကြည့်တာ
း)

    ReplyDelete
  3. အဟိ.. နာ့နာမည်ပါဒယ်ဟ.....
    ဂျူးရေးတဲ့ "ကျွန်မချစ်သောယောက်ျားများ" စာအုပ်ခေါင်းစဉ် ကြည့်တုံးကတစ်ခါ၊ ဒီပို့်ခေါင်းစဉ်ကြည့်ပြီးတစ်ခါ.. မျက်လုံးပြူးသွားတယ်...။

    ReplyDelete
  4. အင်.... တားတားရဲမပါဘူး။ သွား ထော်တော့ဘူး

    ReplyDelete
  5. အင်း သိတတ်တဲ့ ကလေးပဲ
    :)

    ReplyDelete
  6. အော့....ထည့်လိုက်ပြီပဲး) ကျေးဇူးပါ
    ဘန်နာက မသုံးတက်လို့မဟုတ်ဘူး ဘလော့သာရေးနေတာ ဘာမှမတက်တော့ ပြောင်းပေးမယ့်သူက မအားသေးလို့တဲ့ဗျ ဘန်နာ ဒီဇိုင်းဆြာမရေ့ ။ ချစ်သူများနှင့်ပျော်ပါစေ 14 ရက်နေ့ရောက်တော့မယ် ။

    ReplyDelete
  7. ကိုယ့်စီဘောက်မှာ ဘာတွေ ရှုပ်မိတာပါလိမ့်.. ကိုယ်တောင် ကြောင်သွားတယ်။ အမြန်လာဖြေရှင်းပါ နန်းညီ။ နုမော်ဒယ်နှင့်တစ်ကွ...။ ဟိ

    ReplyDelete
  8. သူရဲ့ ချစ်တူများ(ပို့စ်)မှာ နာလည်းပါဘူး အဟင့်

    ReplyDelete
  9. ဟုတ်တယ် ... ညီ

    ဘလောက်ဂါသမားတစ်ယောက် ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ ဘ၀အစဟာ ကန္တာရထဲမှာ နေဒဏ်၊ လေဒဏ်ကြားက မရမက ပွင့်လန်းနိုင်ဖို့ အားယူရတဲ့ ပန်းကလေး တစ်ပွင့်လိုပါပဲ ... ပူပြင်းခြောက်သွေ့တဲ့ ပတ်ဝန်းကျင်မှာ အားခဲပြီး အနိုင်နိုင်ပွင့်အားဖို့ ကြိုးစားခဲ့ရတာ ... သူ့ဘ၀ရဲ့ အလှပဲ။

    ဒါပေမယ့် နောက်ဆုံးမှာ ပွင့်လန်းလာတော့လည်း ကန္တရကြီး တစ်ခုလုံး သူ့မွှေးရနံတွေ သင်းထုံမွှေးပျံပြီး ကြည်နူးဖွယ်ရာ လှပနေတော့တာပဲ မဟုတ်လား ...။

    ကဲ ... အခုကြည့်
    နန်းညီဆိုတဲ့ ပန်းကလေး Random ပန်းဥယျာဉ်ကြီးထဲမှာ ပွင့်လန်းနေလိုက်တာ ...သိပ်ကို ပနံရ ကျက်သရေရှိလှတယ် ခံစားမှုအရောင်အသွေးတွေ၊ အနုပညာမွှေးရနံတွေနဲ့ ...လေအဝှေ့မှာ ယိမ်းယိမ်းလွင့်လွင့် ... ။

    ဒီပန်းကလေး သိပ်ကံကောင်းတယ် ... သူ့ဆီမှာ အမြဲ တယုတယ၊ ဂရုတစိုက်နဲ့ အမြဲရေလောင်းပေါင်းသင်ပေးမယ် ဥယျာဉ်မှူးတွေ ရှိနေတာ မြင်လိုက်ရလို့ ... ။

    တကယ့်တော့ သူ့ချစ်သူများဆိုတာ ... သူ့ဥယျာဉ်မှူးတွေ ပါပဲ လားလို့ ... တွေးနေမိရင်း ... ။ :)

    ReplyDelete

your comment please

Powered by Blogger.