ထူးမခြားနား

အရင်ကဆိုရင်လေ ရုံးကစက်တွေက ဘလော့တွေ မပိတ်ဘူးဗျ.. အေးဆေး သွားလို့ရတယ်.. ခုတော့.. ထူးမခြားနား ဘ၀ကိုရောက်သွားပြီ.. ပိတ်ချက်က co.cc တွေပါ.. ကောင်းကောင်းမှန်မှန် မမြင်ရတော့ဘူး.. အခုတော့ သူများကို လှောင်ခဲ့သမျှ ကိုယ်ပါကျော်ခွ နေရပါပြီ.. (ကျော်ခွနေရတော့ ကြည့်မကောင်းဘူးပေါ့ဗျာ).. ဒီကြားထဲကျော်ခွsite တွေထဲက ထီပေါက်တယ်.. ထီပေါက်တယ်နဲ့ လာလာအော်နေတဲ့ window တွေကလည်း တစ်မှောင့်.. မတော် ချော်ချက် နှိပ်မိရင် ကောင်ကောင်တွေများ ၀င်လာလေမလား စိုးရိမ်နေရ..

ပို့စ်တွေလည်းကောင်းကောင်း မရေးဖြစ်ပါဘူး.. လျှောက်ရေးနေတာနဲ့ပဲ.. လာဖတ်သူတွေကိုတောင် အားနာနေရတယ်.. ဖတ်မနေပါနဲ့တော့ဗျာ.. ကောင်းကောင်းပြန်ရေးဖြစ်တဲ့အခါ အကြောင်းကြားပါ့မယ်.. အခုကတော့ ကျော်ခွခြင်း ပထမပို့စ်ပေါ့.. စမ်းကျော် စမ်းတင်ကြည့်တာ.. အစ်ကိုတော်တစ်ပါးကလည်း သူမကျော်ရတိုင်း လာလာ ရယ်နေတယ်ဗျိုး.. ကျွတ်စ်ကျွတ်စ်တဲ့ လာလုပ်နေတယ်.. အနားနီးသူများ ဖမ်းကိုက်လိုက်စမ်းပါ..

11 comments:

  1. ပျော်၏ ပျော်၏ ကျွတ် ကျွတ်
    တနားစရာယေးပါယား
    ခွိ ခွိ ခွိ ခွိ
    ကိုက်ရင် ကိုက်တဲ့သူ သွားကျိုးမယ်နော်
    အရိုးတွေပဲရှိလို့လေ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကြီ....ကြီ..အီ....အီ..။...။

    ခိုမလေး ကျနေတာပဲ...ညည်းတတ်လိုက်တာလဲ လွန်ရော..။

    ကိုယ်ချင်းစာပါတယ်လေ...။ကြာလာရင် ကျောင်းကြီး ခိုတစ်ရာဆိုပြီး
    တို့တွေ ၀ိုင်းဆောက်ကြတာပေါ့..။

    ReplyDelete
  4. ကြီ....ကြီ..အီ....အီ..။...။

    ခိုမလေး ကျနေတာပဲ...ညည်းတတ်လိုက်တာလဲ လွန်ရော..။

    ကိုယ်ချင်းစာပါတယ်လေ...။ကြာလာရင် ကျောင်းကြီး ခိုတစ်ရာဆိုပြီး
    တို့တွေ ၀ိုင်းဆောက်ကြတာပေါ့..။

    ReplyDelete
  5. ကိုယ်ချင်းစာတယ်။
    အဲဒီဒုက္ခကိုကြုံဖူးသူတွေမှကိုယ်ချင်းစာနိုင်တာ။

    ReplyDelete
  6. ရေးချင်တာသာ ရေးဆိုလို့ ..အဟီး
    မရရအောင် ကျော်ခွ ရေးကွာ..အားပေးတယ်

    ReplyDelete
  7. ဖတ်မနေပါနဲ့တော့ဆိုလို့ ဘာတွေကို မဖတ်စေချင်တာလည်းသိချင်လို့
    ဖတ်သွားပါတယ်။

    ReplyDelete
  8. လျှောက်ရေးထားတဲ့ ထူးမခြားနားလေး မြည်းသွားတယ်။

    ReplyDelete
  9. ဟေ့ ညီရေ ...
    ကြက်ခြေနီကား ခေါ်ထားတယ် ... ကျော်ခွလို့ မတော်ပြုတ်ကျရင် ... အရံသင့် ဖြစ်အောင်လို့ ... ။
    တကယ်တော့ လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖ၀ါးအောက်၊ အင်တာနက်ဘန်းကြီး ယူဇာအကျော်အခွ အောက် ... တဲ့ ... ။
    လူ့စိတ်ဆိုတာ မဖတ်နဲ့ ပြောလေ ဖတ်ချင်လေပဲ ဆိုတာကို သိပ်သိနေတဲ့ ကောင်မလေး ... ။

    ReplyDelete
  10. ကိုယ်ခြင်းစာပါတယ်ညီမရေ...
    အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...

    ReplyDelete
  11. ရေးချင်ရာ ရေးကြပေတော့ဆိုတာ ရေးတဲ့တွေကို မသိမသာ သိသိသာသာ တီးလိုက်သလိုပါပဲ ညီမရယ်

    ReplyDelete

your comment please

Powered by Blogger.