ဇောက်ထိုးကမ္ဘာ

ပြောပါဦး
ဘယ်တော့မှ မဆုံးနိုင်တော့ဘူးလား..
သံပတ်တွေ တစ်ရစ်ပြီး တစ်ရစ်
နောက် တစ်ရစ်..
နောက်ထပ်
တစ်ရစ်..
အသက်ရှူတွေတောင် ကျပ်လို့.. ..

ဖြေပါဦး
ဘယ်တော့မှမဆွေးမြည့်တော့ဘူးလား
ထောက်ကန်ထားတဲ့ တိုင်တွေ
အသစ် အသစ်တွေသာတိုးလို့..
တစ်တိုင် ..
နောက် တစ်တိုင်
နောက်ထပ်
တစ်တိုင်..
တိုင်တွေကြားက ခန္ဓာကိုယ်က အခွံအတိုင်းသာကျန်..

တင်းတင်းမတ်မတ်
ရှင်သန်နေရင်း
ငါ့ ကမ္ဘာကြီး
တဖြည်းဖြည်းချင်း
စောင်းစောင်းကျလာနေတာကိုတောင်
မသိနိုင်ခဲ့..
ခုတော့
ငါ့မှာကျန်တာဆိုလို့
အသက်ရှူကျပ်နေတဲ့ ခန္ဓာကိုယ်အခွံကြီးနဲ့..
ဇောက်ထိုးကမ္ဘာတစ်ခုတည်းသာ.. ... ..

14 comments:

  1. အသက်ရှုကျပ်နေတဲ့ ခန္ဓာကိုယ်အခွံကြီးဆိုတော့ လိပ်ဘိုးဘိုးလားဟင်။

    ReplyDelete
  2. ထိတယ်....ကွဲ့။

    ReplyDelete
  3. ဇောက်ထိုးဖြစ်နေရင် ပြန်တည့်လိုက် နန်းညီရေ့း)

    ReplyDelete
  4. ဖတ်ရတာတောင် အသက်ရှုကြပ်သွားတယ်...
    ကိုယ်တောင် ဇောက်ထိုးဖြစ်သွားသလိုပဲ.....

    ReplyDelete
  5. ကောင်းတယ်....

    ReplyDelete
  6. အပ် စိုက် ဒေါင်း လေး ဖတ်သွားတယ်။

    ReplyDelete
  7. ကင်းမြီးကောက်ထောင်ပီး ဖတ်သွားပါတယ် ... မော်ဒန် လား ပို့စ် မော်ဒန် လား ...

    ReplyDelete
  8. လင်းနို့လူသား ဖြစ်မယ် :|

    ReplyDelete
  9. ကမ္ဘာကြီးက စောင်းစောင်းကျမှာပေါ့..။မျက်မှန်မှ မတပ်တာကိုး..။ပဲက အဲ့လောက်များတာ...:)

    အလကားနောက်တာပါ..။ညီက ကဗျာလဲရတာပဲ..။မိုက်တယ်။

    ReplyDelete
  10. ပြန်တည့်တော့...ခေါင်းထဲသွေးဖိအားများလို့..မနေ့ကခေါင်းကိုက်တာလေ..
    ... ... ... ... ... ... ...

    ReplyDelete
  11. ပြောမယ် ...
    ဘ၀ကို ဘယ်သူ ပင်နယံတပ်ပြီး
    သံသရာကို ဘယ်သူသံပတ်ပေးသလဲ ...
    လူတိုင်းရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ သူတို့ရဲ့ သံပတ်တွေ
    အထပ်ထပ်ရစ်ပတ်နေခဲ့ကြတာ ... ။

    အဲဘ၀နဲ့ ခန္ဒာကို ကိုင်းကန်ပေးတဲ့ထောက်တံက
    ဆန္ဒနဲ့ မျှော်လင့်ချက် ... နောက်အထူးပြုလုပ်ချက်တွေပါတဲ့
    မာန၊ အတ္တနဲ့ အပေါ်ယံ ... နောက် အလင်္ကာ၊ သိက္ခာနဲ့ အကြောက်တရား
    အဲဒါတွေက ခန္ဓာအခွံကြီးကြားမှာလေ ငွားငွားစွင့်စွင့် ... ။

    ဥခွံတစ်ခုထဲ ဘ၀ကို အထပ်ထပ်ထူးခတ်နေတာလား
    ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းပြီးသားလေ ...
    ဒီ့ထက်ပို ထပ်ဆောင်းရမယ်ဆိုရင် အားနာတတ်တာနဲ့ ခါးပါတတ်တာ နှစ်ခုပဲ ကျန်မယ်
    အသက်ရှုမကြပ်ဖို့ တံခါးတွေဖွင့်လိုက်ပါ ... ။
    ဦးနှောက်က အမြင်အာရုံနဲ့ ဆိုင်တဲ့ အာရုံကြောအစိတ်အပိုင်းတစ်ခုက
    ပုံရိပ်အစစ်ရဲ့ ပြောင်းပြန်သဘောတရားတွေကို
    အတည်ပြန်လုပ်ပေးတတ်တယ် ... အသိမှာပေါ့
    ဒါပေမယ့် တကယ်အရှိက ပြောင်းပြန်ဖြစ်နေခဲ့တာလေ ...
    နဂိုကတည်းက ... ။

    ReplyDelete
  12. ဟ...ဂွတ်လချည်လားညီ..
    ကိုယ်ကိုယ်တိုင် အသက်ရှူကြပ်နေတုန်း ...
    ဒါလေးဖတ်ပြီး ငုတ်တုပ်မေ့သွားတယ်..
    ၇ ခေါက်ထက် မနည်းပြန်ဖတ်ပြီးတော့...
    ငါ..ပါ ဇောက်ထိုးဖြစ်သွားတယ်

    ReplyDelete
  13. နေလေးကောင်းသွားပီ ဖတ်ရင်းနဲ့ဖတ်ရင်းနဲ့
    ဇောက်ထီး ပြန်ဖြစ်တွားပီ စတာ ညီရေ အရမ်းကောင်းတယ်ရေးတာကတော့ရှယ်ပဲ

    ReplyDelete
  14. အောင်မလေး ပန်းချီလဲ ဆွဲ အက်ဆေးလဲ ရေး ကဗျာလဲ မလွတ်မပေး
    အစ်ကိုတို့တော့ တေပြီ ဆရာပဲ
    အသက်ရှုမ၀ရတဲ့ အထဲ သူ့ကဗျာဖတ်လိုက်တာ
    အသက်ရှုတောင် ရပ်သွားတယ်
    အောက်က ကိုအိမ်မက်ရှင် ကဗျာကလဲ
    အရမ်းကောင်းတော်ပြီ ကဗျာသေးသေးလေးလို့တောင်
    မအော်ရဲတော့ပါဘူး ခေါင်းစဉ်ပြောင်းရတော့မယ်
    ရှက်လို့ တော်ပြီ တော်ပြီ

    ReplyDelete

your comment please

Powered by Blogger.