လယ်စောင့်တဲ

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့်ပနံတင့်။ ။


ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပါ.. တိုတိုရှင်းရှင်းလေးပေမယ့် ထိမိတယ်..
ကျယ်ပြန့်လွင့်မျောတဲ့ကောင်းကင်.. သန့်ရှင်းတဲ့ လတ်ဆတ်တဲ့ မိုးအနံ့.. စိမ်းစိမ်းစိုစိုနဲ့ အဆုံးအစမရှိ ကျယ်ပြန့်တဲ့ စပါးခင်းတွေ.. ကောင်းကင်ကတိမ်တွေ အရောင်ပြန်ဟပ်နေတဲ့ လယ်ကွင်းထဲကရေ.. သေးသေးကွေးကွေး ချစ်စရာ လယ်စောင့်တဲလေး.. သဘာဝကျကျ လှလှပပ ပွင့်နေတဲ့ ကြာပန်းတွေ.. မိုးလာမှ ပျော်ရတဲ့ တောသဘာဝ..
စာလုံး ၃၆ လုံးထဲနဲ့ ဖော်ပြသွားတာတွေက အများကြီးပါ.. အသက် ၈ နှစ်လောက်ကတည်းက ဖတ်ပြီး အဲ့ဒိမြင်ကွင်းတွေ အဲဒိအနံ့တွေကို ရလာတတ်တယ်.. ခုထိလည်း အဲဒိခံစားမှုကိုပေးတုန်းပဲမို့ အကြိုက်ဆုံးအဖြစ်ရွေးလိုက်ပါတယ် ကိုဂျဲရေ .. ...

5 comments:

  1. အစ်မတို့ ငယ်ငယ်က သင်ရတဲ့ ကဗျာလေးလေ .. အဲဒီကဗျာလေးကို အစ်မလည်း အရမ်းကြိုက်တယ်ညီရေ .. အမြဲရွတ်မိတဲ့ ကဗျာတပုဒ်လို့ ပြောလို့ရတယ် ...

    ReplyDelete
  2. ကဗျာတော့ သေချာမမှတ်မိပေမဲ့
    အဖေက ဖွင့်နေကျ သီချင်းဖြစ်တော့
    နားထောင်ရင်းကြိုက်မိတယ် အဖေဆိုနေကျလေ
    တွံ့တေးသိန်းတန်လား၊ စန္တရားချစ်ဆွေလား
    ဆိုတဲ့သူ ဘယ်သူလဲတော့ မသိဘူး
    ငယ်ငယ်က မိုးရေထဲ ကျောင်းတက်ရတာကို
    မျက်လုံးထဲမြင်ယောင်လို့ ကြိုက်မိတယ်။

    ReplyDelete
  3. မသင်ဖူးပေမယ့် အလွတ်ရနေတဲ့ ကဗျာလေး....ငယ်ငယ်ကတည်းက ရေဖွေးနေတဲ့ လယ်ထဲက တဲလေးသေးသေးလေးကို
    မျက်စိထဲ မြင်ယောင်လာစေတဲ့ ကဗျာလေးးးးး

    ReplyDelete
  4. ငါကတော့ ဟိုကဗျာကို ခဏခဏရွတ်မိတယ်
    ချိုးနှစ်ကောင်...ထနောင်းပင်ညီနောင်က
    လွမ်းအောင်ကူချွဲ
    ပန်းတော်ဖြူ... ပင်မြက်နေစာထူလှ
    ဖိုးတောင်သူ့တဲ...

    ReplyDelete
  5. ဘ၀ အနိမ့်အမြင့် တွေကြား
    ရှေ့ဆက်ရမယ့် ခရီးမှာ
    ကိုယ့် မိသားစု
    သားတစ်ယောက် သမီးတစ်ယောက်နဲ့
    လှပ တင့်တယ်နေတယ်တဲ့

    ဟီးး ခံစားမိတာလေး ၀င်ဖောသွားတာ.. မိုက်တယ် အဲကဗျာလေး

    ReplyDelete

your comment please

Powered by Blogger.