နန်းညီရဲ့မေမေ

ဒီဇင်ဘာ ၂၈ ရက်နေ့က ကျွန်မ မေမေရဲ့မွေးနေ့ပါ.. မနက်လင်းလင်းချင်း မျက်နှာတောင်မသစ်အားဘဲ Happy Birthday ဆိုပြီး အာဘွားပေးလိုက်သေးတယ်..

အမေတွေဟာ အံသြဖို့ကောင်းတယ်လို့ ကျွန်မထင်တယ်.. အနည်းဆုံးတော့ ကျွန်မမေမေဟာ အံသြဖို့ကောင်းလောက်အောင်ကို ကြံ့ခိုင်တဲ့မိန်းမတစ်ယောက်ဖြစ်တယ်.. ကျွန်မအတွက် မေမေဟာ ခွန်အားဖြစ်တယ်..
ဘ၀ရဲ့လုံခြုံရာလည်းဖြစ်တယ်..
နှစ်သိမ့်ကြင်နာမှုလည်းဖြစ်တယ်..
နွေးထွေးရင်းနှီးမှုလည်းပေးနိုင်တယ်..
ဘာမဆို တိုင်ပင်ဖော် ကျွန်မရဲ့ သူငယ်ချင်းကောင်းဆိုလည်း ဟုတ်တယ်.. ယုံကြည်ချက်တွေရဲ့ထောက်ခံအားပေးသူလည်းဖြစ်နေသေးတယ်..
ဘ၀မှာ ရှေ့ဆက်ဖို့ရဲရင့်မှုတွေကိုလည်းပေးတယ်..
ကျွန်မအတွက် အကောင်းဆုံးစာဖိုမှူးလို့လည်း ပြောလို့ရသေးတယ်.. ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်တတ်အောင်လည်း သင်ပေးတယ်..
ကျွန်မရဲ့ လမ်းပြဆရာသမားလည်းဖြစ်တယ်..
လေးစားရတဲ့ စံနမူနာယူစရာမိန်းမတစ်ယောက်လည်းဖြစ်တယ်..
အနှစ် ၂၀ ကျော် ကျွန်မအတွက် မေမေရှင်သန်ပေးခဲ့တယ်.. မေမေ့အတွက် ကျွန်မပြန်ပြီး ရှင်သန်ချင်ပါသေးတယ်.. အဲဒိအခွင့်အရေးအတွက်..
နောက်နှစ်ပေါင်းများစွာ ဆက်ပြီးပျော်ရွှင်ကျန်းမာစွာ ရှင်သန်နေနိုင်ပါစေ..

9 comments:

  1. Happy Birthday ပါနန်းညီမေမေ....

    ReplyDelete
  2. happy birthday.. nan nyi's may may..
    to be enjoy. happy...healthy life....
    best wishes..

    ReplyDelete
  3. A very Happy Birthday Mom....
    All the best ...

    ReplyDelete
  4. HapPy biRthDay m0m . . . .
    ညီက ဘာမှကြိုမပြောထားတာ ဘယ်သိမလဲ
    ပျော်ရွှင်စရာ ပျော်ရွှင်စရာ မွေးနေ့ပါ မားမား
    နောက်နှစ်ပေါင်းများစွာ ဒီမိသားစုနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေလို့
    ဆုတောင်းပေးပါတယ်။
    ဒီလိုတော်တဲ့ သမီးလေးဖြစ်အောင် ပြုစုပျိုးထောင်နိုင်တာ
    မားကအံ့သြဖို့ကောင်းတဲ့ အမေတစ်ယောက်ဆိုတာ သေချာတာပေါ့ ညီ
    နောက်မွေးနေ့ပေါင်းများစွာ ဒီမိသားစုနဲ့ ပျောင်ရွှင်စွာ ကျင်းပနိုင်ပါစေ. . . .
    ဆုတောင်းက ဒီလောက်ပဲပေးတတ်လို့ပါ ညီ

    ReplyDelete
  5. အမေ ဆိုတာကိုက ကြံ့ခိုင်မှုရဲ့သင်္ကေတပဲ
    ကိုယ်ကိုယ်တိုင်အမေဖြစ်လာတော့မှပိုနားလည်လာတယ်။
    ပိုကြံ့ခိုင်လာရတယ်။

    ReplyDelete
  6. ဟီး .. စောစောစီးစီး .. မာမီ့ပါးတော့ နံကုန်တော့မယ်...

    ReplyDelete
  7. ညီမငယ်နန်းညီရဲ့ မေမေ့မွေးနေ့ဟာပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေရယ်လို့ ဆန္ဒမွန်ပြု လိုက်ပါတယ်၊ အခုကျရောက်တဲ့ မွေးနေ့ရက်မြတ်မှသည် နောက်နောင် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ကျန်းမာခြင်း စတဲ့ ကောင်းခြင်းတရားများနဲ့ ပြည့်စုံကုံလုံပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်ဗျာ... နောက်ပြီး
    ယုံကြည်မှုအပြည့်နဲ့ တက်ကြွနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မိခင် အတွက် အထူးပဲ ဂုဏ်ယူနေမိပါတယ်လို့ ပြောပေးပါ ... ။

    Happy Birthday To her !!!

    ReplyDelete
  8. အခုမှ ရောက်တယ်ဗျာ ချစ်သော အမေနဲ့အတူတူပျော်၇ွှင်စွာနေနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော့်

    ReplyDelete

your comment please

Powered by Blogger.