ပိုက်ဆံများကို မီးရှို့ပစ်ခြင်း

ရှိုက် .. ..
.. .... ..
မျက်စိစုံမှိတ်ပြီးတော့
အားရပါးရ ရှူသွင်းလိုက်..
ပြီးမှ ..
... ...
....
မျက်စိကိုဖွင့်လိုက်တော့
ဟင်
တိမ်တွေ ..
တိမ်တွေ တိမ်တွေ
ဖွာလန်ကြဲလို့..
ငါ့ဘေးပတ်လည်မှာ တိမ်တိုက်တွေပါလား.. ..


ငါပျော်လာတယ်..
အားရပါးရ ရယ်မိတော့
လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့..
(သူတို့က ငါ့လို တိမ်တွေကိုမှ မမြင်နိုင်ဘဲ)
သေချာကြည့်လိုက်တော့မှ
.. ..
အလိုကွယ်
ဘယ့်နှယ့်
ခင်ဗျားတို့ကရော ဘာထူးလဲ
ခေါင်း ၂ လုံး ခြေ ၄ ချောင်းနဲ့
ရယ်စရာလိုလို ကြောက်စရာလိုလို ..
လန်ထွက်နေတယ်..
သွား သွား
အနားမလာနဲ့.. ..

အား ..
ရယ်ရတာ ဗိုက်ဆာလိုက်တာ
ဘာရှိလဲ
ဘာစားရမလဲ
ပေးကြပါ ပေးကြပါ
ပေးကြပါဦး .. ..

ဟော
ဟိုမှာ
တရွေ့ရွေ့နဲ့ လင်းနေတာ
ကြယ်လား .. ..
ဖရိုဖရဲ အသက်ရှူလို့ ..
ကြယ်တွေမြင်တော့
P ရေ .. သတိရတယ်
မင်းသိလား
ကြယ်တွေက ညှို့တတ်တယ်..

တိမ်းမူးတာလား
မိန်းမောတယ်ခေါ်လား
စကားလုံးတွေ ရွေးမရနိုင်...

အိပ်ချင်လာတယ်
အရွက်ချွန်ချွန် စိမ်းစိမ်းလေးတွေရယ်
ကြယ်တွေရယ်
တိမ်တွေရယ်
ဝင်းဖေမြင့်ရဲ့ တိမ်တွေလား
ဦးအောင်ခင်လား..
စတုမဟာရာဇ်..
တာဝတိသာ
ယာမာ
ကမ္ဘာ
စကြ၀ဠာ.. ..
... ... .......
.. ..
ငါဘာမှ မသိတော့ဘူးကွယ်

8 comments:

  1. နင်ငါ့ကို လိမ်တယ်... ကဗျာမရေးတတ်ဘူးဆိုပဲ...

    ReplyDelete
  2. အဲဒီပုံစံတော့ ရင်းရင်းနှီးနှီးသိနေတယ်။

    ReplyDelete
  3. ကောင်းချင်တယ် ကောင်းချင်တယ်

    :D

    ReplyDelete
  4. အင်း . .ရှင်းသလိုလိုနဲ့ .. .. . စကားလုံးရွေးထားတာလေးတွေ ကြိုက်တယ်. . လှတယ်

    ReplyDelete
  5. ကောင်းနေတုန်းရေးထားတာဆိုတော့
    စာသားတွေက လန်းနေတာပေါ့

    ReplyDelete
  6. ညီညီ... ကဗျာရေးမှာလား..ပန်းချီးဆွဲမှာလား...
    ကိုယ့်အလုပ် ကိုယ်လုပ်ကွာ.. အဲဒီလိုနင်က ရေးပြနေတော့ ငါနောက်က မရေးရဲတော့ဘူးပေါ့..ဟားဟား..
    ကဗျာလေး သိပ်ကောင်းတယ်ကွ...

    ReplyDelete
  7. အင်း..
    ကိုဗီက ဖုန်းပြန်ဆက်မယ်ပဲ ပြောတယ်ကွ..တွေ့တာတော့ တွေ့ချင်တယ်..သူမအားဘူးထင်ပါတယ်ဟာ..ဘာပဲဖြစ်ဖြစ် ညီနဲ့တော့ တွေ့ချင်တယ်ကွ..ပညာလေး နည်းနည်းယူချင်လို့..ကူညီပါဦးဟ..

    ReplyDelete
  8. မန့်လို့မရလို့ ဒီမှာပဲ ရေးခဲ့တော့မယ်။ အဲကဗျာက ဆေးလိပ်သောက်တာလား ဘာပဲပြောပြော ရွေးထားသုံးထားတဲ့ စကားလုံးတွေ မိုက်တယ်။ ကြိုက်တယ်ဗျို့

    ReplyDelete

your comment please

Powered by Blogger.