ကျောင်းတော်ပုံပြင် ၎

First Semester စာမေးပွဲတွေအားလုံးပြီးရင် အေပရယ်တစ်လလုံး ကျောင်းပိတ်တယ်.. လကုန်ရက်လောက်မှာ အောင်စာရင်းထွက်.. မေလဆန်းလောက်မှာ ဆပ်ပလီတွေဖြေ.. မေလလည်လောက်ဆို ကျောင်းသားတွေပြန်စုံလာပြီး Second Semester ပြန်စပြီပေါ့..

မေလဆို ပူကလည်းပူ.. ကျောင်းမှာကလည်း လူသိပ်မစုံသေးတော့ ပွဲငြိမ်တယ်.. မေလကုန်လောက်ဆို ဆရာကန်တော့ပွဲအတွက် အစီအစဉ်တွေ စဆွဲကြပြန်ပါပြီ.. လူကြီးတွေကလည်း အစီအစဉ်တွေလုပ်.. ကျောင်းသားတွေကလည်း.. ပြဇာတ်ကမယ့်သူနဲ့.. ဘာညာ .. ဆရာကန်တော့ပွဲဆို ပြဇာတ်တွေက တအားရယ်ရတယ်.. မကြည်တဲ့ဆရာ ဆရာမတွေဆို ပြဇာတ်ထဲထည့်ပျက်ပစ်တာပဲ.. အငြိမ့်လည်းပါတယ်.. ဆရာပူစော်တဲ့ သီချင်းတွေလည်း အသစ်စပ်ပြီးဆိုကြတယ်.. နှစ်တိုင်း နာမည်ကြီးတာကတော့ ပန်းချီပန်းပုရဲ့ ပြဇာတ်ပဲ.. ကျောင်းမှာ ဖြစ်ပျက်သမျှ .. အိမ်သာပျက်တာ.. လမ်းမကောင်းတာ.. ဘတ်စ်ကားရှားတာ.. ရိုးကောလ်တွေ အကြောင်း.. စုံလို့ပဲ.. ပါချုပ်ကအစ ကျူတာတွေအဆုံး တစ်ယောက်မှမလွတ်အောင် ဆော်တာပဲ..


ဒါကတော့ ၂၀၀၈ အာစရိယပူစော်ပွဲမှာ တစ်ကျောင်းလုံး အားပေးမှုကို ခံခဲ့ရတဲ့ “ဇာတ်ဆရာအလိုကျ” ပြဇာတ်အဖွဲ့သားတွေ.. ဇာတ်ကောင်တစ်ကောင်ခြင်းစီဟာ ဆရာ ဆရာမ ဒါမှမဟုတ် မေဂျာတစ်ခုစီကို ကိုယ်စားပြုတယ်.. ကျန်စစ်သား မဒီဒေ၀ီ ရိုမီယို ဂျူးလိယက် ရေသည်မိန်းမ ရေသည်ယောက်ျား .. အို စုံလို့


ဇွန် ဇူလိုင်ကတော့ တကယ့်အရေးကြီးလတွေပါပဲ.. ဘွဲ့ယူပန်းချီကားတွေ ရေးရတယ်လေ.. စာတမ်းတွေရေးရတယ်.. မေဂျာအလိုက် ကျောင်းဆင်းပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေကြရတာ.. သြဂုတ်လဆို ကျောင်းဆင်းပွဲ .. အမျိုးသားဇာတ်ရုံမှာ ၃ ရက်ကျင်းပတယ်.. ပန်းချီ ပန်းပုတွေက ၂ လလုံး အစွမ်းကုန် ရေးထားတဲ့ လက်ရာတွေကို ပြခန်းခင်းကျင်း.. ဂီတ သဘင်တွေက စင်တင် တင်ဆက်ပွဲလုပ်.. ၀န်ကြီးတွေ ဘာတွေပေါ့လေ .. လာကြည့်ကြတာပေါ့.. ကျောင်းသားဟောင်းတွေလည်း လာကြ.. သူငယ်ချင်းတွေ ပြန်ဆုံကြ.. စားကြသောက်ကြ.. ဒီနှစ်ကျောင်းဆင်းတဲ့ လူတွေနဲ့ နှုတ်ဆက်ကြ.. ကျောင်းမဆင်းသေးတဲ့ ပထမနှစ် ဒုတိယနှစ် တတိယနှစ်သမားတွေကလည်း ယောင်လည်ယောင်လည်နဲ့ လာကြ.. ပျော်စရာကြီးပဲ..


ဒါက နန်းညီနဲ့ အနက်ဝမ်းဆက်ဝတ်ထားတာက နန်းညီရဲ့ သူငယ်ချင်း အဖြူ.. နန်းညီကျောင်းဆင်းတဲ့ နှစ်မှာ
အမျိုးသားဇာတ်ရုံအရှေ့မှာ အမှတ်တရ ရိုက်ထားတာ.. နောက်က စာတမ်းကြီးကို မြင်ရလား

စက်တင်ဘာမှာတော့ နှစ်ဆုံးစာမေးပွဲလုပ်တယ်.. ထုံးစံအတိုင်း စာဖြေ လက်တွေ့လုပ်.. နောက်ဆုံးနှစ်သမားတွေဆို ဘွဲ့ရဖို့အတွက် ဖြေရတဲ့စာမေးပွဲဆိုတော့ အသေအလဲပေါ့.. ဘွဲ့ယူတဲ့အခါ ကျောင်းဆင်းတုန်းက တင်ထားတဲ့လက်ရာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ထည့်တယ.်.. ဥပမာ ပန်းချီဆို ကျောင်းဆင်းပွဲမှာ တင်ထားတဲ့ စာတမ်းကတစ်ဘာသာအနေနဲ့ယူတယ်.. ပန်းချီကားက တစ်ဘာသာယူတယ်.. စာတမ်းကိုအမှတ်ပေးတယ်.. ကောင်းရင် စာတမ်းဂုဏ်ထူးရတယ်.. ပန်းချီကားကိုလည်း အဲလိုပဲ.. ဆွဲတုန်းက ကြိုးစားမှုတွေ.. လက်ရာတွေ .. အိုင်ဒီယာတွေပေါ်မူတည်ပြီး တစ်ချို့က ဂုဏ်ထူးရတယ်.. တစ်ချို့အောင်တယ်.. တစ်ချို့ကျတယ်.. စာတမ်းနဲ့ ဘွဲ့ယူပန်းချီကား ကျရင်.. ဆပ်ပလီမရှိ ကျတယ်.. ကျတာတော့နည်းပါတယ်လေ.. ဘယ်သူမဆို ကျောင်းဆင်းပန်းချီကားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာကိုး..
အဲလိုနဲ့စာမေးပွဲပြီးနောက်ဆုံးနေ့ဆို နောက်ဆုံးနှစ်ကျောင်းသားတွေက နှုတ်ဆက်ညစာစားပွဲလုပ်တယ်.. ညဘက် ကျောင်းမှာပဲ ချက်စားတာဖြစ်ဖြစ်.. မှာတာဖြစ်ဖြစ်.. မေဂျာအလိုက် စာသင်ခန်းတွေမှာလုပ်တယ်.. ဆရာတွေက ညဦးပိုင်းမှာ လာစားသောက် နှုတ်ဆက်စကားပြော.. ဆုံးမစကားပြော.. ကျောင်းသားတွေက ကန်တော့.. ငိုတဲ့သူကငိုပေါ့လေ.. နောက် ဆရာတွေပြန်သွားတော့.. နည်းနည်းပါးပါး သောက်ကြ.. ဂိမ်းတွေဘာတွေကစား.. သီချင်းဖွင့်ပြီး ကချင်လည်းကနေတာပဲ.. အစွမ်းကုန်ပျော်ကြပြီး.. မိန်းကလေးတွေကို မိန်းကလေးဆောင်ကို ပြန်လိုက်ပို့ကြတဲ့အချိန်ဆို ည ၁ နာရီနီးပါး .. အမြဲပဲ.. (အဲဒိညဆို အပြင်ကျောင်းသူတွေကလည်း အဆောင်မှာပဲအိပ်ကြတယ်..) ..သူငယ်ချင်းတွေ ခွဲရတော့မှာမို့ ၀မ်းနည်းကြတာပေါ့.. ညဆိုတော်တော်နဲ့ မအိပ်ကြဘူး.. ယောက်ျားလေးတွေက အဆောင်အပြင်ကနေ သီချင်းဆိုကြသေးတယ်.. အဲလိုနဲ့ မပြီးနိုင်မစီးနိုင် နှုတ်ဆက်ကြပြီး စာသင်နှစ် တစ်နှစ်တာကုန်သွားပြန်တာပေါ့..

အောက်တိုဘာကျောင်းပိတ်ရက်မှာတော့ ထုံးစံအတိုင်း ကျောင်းသားသစ်တွေ လူတွေ့ဖြေကြ. နိုဝင်ဘာကျောင်းဖွင့် .. ပွဲတွေပြန်စ.. သံသရာလည်ပြန်ပါပြီ.. ကဲ- ကျောင်းတော်ရဲ့ အခြေခံအကြောင်းအရာတွေ ကတော့ ဒီလောက်ပါပဲ.. နောက်များမှ တခြားအမှတ်တရ အဖြစ်အပျက်တွေ ပြောပြဦးမယ်.. မျှော်နေမယ်ဟုတ်

5 comments:

  1. ညီ ကျောင်းသားဘ၀ ပျော်စရာကြီးနော်
    ဆက်ရန်ကိုမျှော်နေပါတယ်နော်..
    မြန်မြန်လေးရေးပေးပါ . . . .

    ReplyDelete
  2. အင်း အဆော်ခံရတဲ့ ဆရာတွေထဲမှာ ညီ့ဖေဖေ တော့ပါလောက်ဖူး ထင်တယ်နော် ဟဲဟဲ ပေါက်ကျော်မ ကိုကြောက်ကျ တယ်နဲ့တူတယ် ဟဲဟဲ

    ReplyDelete
  3. ငါတို့များ ကျောင်းပိတ်ခါနီးရင် မငိုကြပါဘူးဗျား... ဖြီးလို့

    ReplyDelete
  4. မေ ကတော့ ကျောင်းပိတ်ရက်တွေမျှော်တာ ဟီဟီ

    ReplyDelete
  5. ညီ့ကျောင်းဆင်း ပန်းချီကားလေးပြပါလား။ နော်လို့နော်။

    ReplyDelete

your comment please

Powered by Blogger.