- ခုတလော ကဗျာတွေပဲလိုက်လျှောက်ဖတ်ဖြစ်နေတယ်.. လွဲချော်သူဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို သဘောကျမိလို့ ပြန်ရေးပေးလိုက်ပါ့မယ်.. ရေးတဲ့သူက ရဲကျော်စွာနိုင်ပါ..
လွဲချော်သူ
ဘယ်ညာမှားနေတဲ့ ဘ၀တစ်စုံပေါ့
ငါ့ ကောင်းကင်ရယ်
စွတ်စိုထိုင်းမှိုင်းသွားတဲ့ အိပ်မက်
လက်တံမှားပြတဲ့ သံကြိုးတပ်နေရာ။
တိမ်ညိုတွေငိုကောင်းသရွေ့တော့
ငါလမ်းတွေ့မယ်မထင်ပါဘူး။
ဘ၀တစ်ခုဟာ တွန့်ခေါက်ကြေမွသွားခဲ့ပြီးတော့
တော ၊ တောင် ၊ ပင်လယ် ၊ ကန္တာရ ၊
မီးတောင် ၊ နံရံ ၊ ကမ်းပါး ...
ဒါဟာ ငါ့ရဲ့လမ်းပါကွဲ့..လျှောက်လှမ်းပါရစေ။
စုတ်ပဲ့နေတဲ့ ငါ့ဘ၀ အပိုင်းအစက
ငါ့ရေစီးကြောင်းကို ပိတ်ဆို့လို့
မျှော်လင့်ချက် မီးစာတောင်
ယိမ်းထိုးနေပါပေါ့လား .. ။ ။
(တိမ်ညိုတွေငိုကောင်းသရွေ့တော့ ငါလမ်းတွေ့မယ်မထင်ပါဘူး) ဆိုတဲ့စာသားကိုဖတ်ရတော့ .. မိုးသည်းသည်းထဲမှာ ညမီးရောင်အောက်မှာ လေလွင့်နေတဲ့ လူတစ်ယောက်ကိုပြေးမြင်မိသလိုပဲ .. လှတယ်နော် ..
လွဲချော်သူ
Reviewed by
NangNyi
on
2:05 PM
Rating:
5
No comments:
your comment please