ခိုနှစ်ကောင်နဲ့သောင်ပြင်
ကမ္ဘာမြေပြင်နဲ့လ
ဘယ်လောက်ဝေးသလဲ၊
ငါလျှောက်ခဲ့ပြီးပြီ ငါ့ညီ။
တစ်နေ့တစ်နေ့
ဖွာထွက်နေတဲ့စိတ်အမျှင်နဲ့
သောင်ပြင်ပေါ်မှာထိုင်၊
သဲတွေကို ဘယ်လိုကြိုးကျစ်ရမလဲမစဉ်းစားနဲ့။
ဖရိုဖရဲစိတ်ဓာတ်တွေနဲ့ လေးလံလာတဲ့အခါ
လာခဲ့။
လေယာဉ်ပျံတွေကို မော့ကြည့်ပြီး
ပေါ့ပေါ့ပါးပါး အော်ဟစ်ရယ်မောကြတာပေါ့။
မင်းပြောသလို
ပိုင်ဆိုင်ခြင်းမဲ့စွန့်လွှတ်ရသော လောကထဲ
ဘာကိုမှမစွန့်လွှတ်ပဲ
ရယူပိုင်ဆိုင်နိုင်တဲ့ ဘ၀တွေရောမရှိနိုင်ဘူးလား။
မြင်တဲ့အတိုင်း
အေးရာအေးကြောင်း
ချောင်းထဲကငါးတွေကလည်း
ဘာသာစကားမတူတဲ့ မိချောင်းနဲ့ပျော်ကြတယ်။
ရေရှိတိုင်း လှိုင်းရှိတာမဟုတ်ဘူးဆိုပေမယ့်
ငါတော့
ရေပေါ်မှာ ငါ့လှေမငြိမ်သေးတာကိုကြည့်ပြီး
ဆွေးတယ်ကွာ ။ ။
ဒါလေးက မင်းချမ်းမွန်ရေးတဲ့ ကဗျာလေးပါ.. ဘယ်မဂ္ဂဇင်းထဲကလည်း မသိတော့ဘူး ..တော်တော်လေးသဘောကျလို့ ..
(တစ်နေ့တစ်နေ့ ဖွာထွက်နေတဲ့စိတ်အမျှင်နဲ့ သောင်ပြင်ပေါ်မှာထိုင်၊
သဲတွေကို ဘယ်လိုကြိုးကျစ်ရမလဲ မစဉ်းစားနဲ့) တဲ့ ..
ကိုယ်တိုင်က စိတ်တွေဖွာလန်ကြဲနေပြီးတော့ တခြားဖွာလန်ကြဲနေတဲ့အရာတစ်ခုကို ကျစ်လျစ်အောင်လုပ်ဖို့
မစဉ်းစားပါနဲ့တဲ့ .. သုံးသွားတာလေး လှတယ်..
(အေးရာအေးကြောင်း ချောင်းထဲကငါးတွေကလည်း ဘာသာစကားမတူတဲ့
မိချောင်းနဲ့ပျော်ကြတယ်။) ...
လောကကြီးမှာ ဒီလိုပဲ ကိုယ်နဲ့မတူပေမယ့် အင်အားကြီးမားတဲ့သူနဲ့
အဆင်ပြေအောင်နေနေရတဲ့ ဘ၀တွေရှိပါတယ် .. ဒါတွေကို မြင်အောင်
သူရေးသွားတာလေး လှပြန်ရော ..
(ရေရှိတိုင်း လှိုင်းရှိတာမဟုတ်ဘူးဆိုပေမယ့် .. ငါတော့.. .. ရေပေါ်မှာ
ငါ့လှေမငြိမ်သေးတာကိုကြည့်ပြီး) ..
သဘောအကျမိဆုံးအပိုဒ်လေးပါပဲ .. ရေရှိတိုင်းတော့ လှိုင်းမရှိပါဘူး ..လှိုင်းငြိမ်တဲ့ အခါတွေရှိပါတယ်.. မှန်တယ်.. ဒါပေမယ့် သူ့လှေကတော့ ခုထိမငြိမ်နိုင်သေးပါဘူးတဲ့ .. ဘ၀မှာလည်း .. ဒုက္ခနည်းတဲ့ဘဝ
ဒုက္ခကင်းတဲ့ဘ၀တွေရှိပေမယ့် ဒုက္ခတွေ ဒုနဲ့ဒေးဖြစ်နေသူတွေလည်း အများကြီးပါပဲဆိုတာ .. ..

ဘ၀မှာလည်း .. ဒုက္ခနည်းတဲ့ဘဝ
ReplyDeleteဒုက္ခကင်းတဲ့ဘ၀တွေရှိပေမယ့် ဒုက္ခတွေ ဒုနဲ့ဒေးဖြစ်နေသူတွေလည်း အများကြီးပါပဲဆိုတာ .. ..
ဟုတ်ကဲ့... အဲ့စကားကိုလည်း ကြိုက်ပါတယ်။ အခုလို မျှဝေတဲ့အတွက် ကျေးဇူးပါ.. ခွန်အားတစ်ခုပေါ့