ငမိုးရိပ်တံတားထူးခြားမှု

ဘယ်လိုအဓိပ္ပါယ်လဲတော့ မသိဘူးပေါ့လေ.. သင်္ဃန်းကျွန်းနဲ့ တောင်ဒဂုံကူးတဲ့ ငမိုးရိပ်တံတားပေါ်မှာ အောက်ဖော်ပြပါပုံအတိုင်း မျဉ်းလေးတွေ ဆွဲထားတယ်.. လိမ္မော်ရောင် ကွေ့ကွေ့ကောက်ကောက်လေးတွေ.. ဖြတ်သွားတဲ့ကားတိုင်း အဲဒါကိုအထူးအဆန်းကြည့်လို့.. ညီညီထင်တာတော့ တံတားများပြင်မလို့ပဲလား.. တစ်ခုခုအတွက် အမှတ်အသားလုပ်ထားတာမျိုး.. မသေချာပါ.. အဲ့နားမှာ နေတဲ့လူကနည်းမှာပဲဆိုတော့ အားလုံးမြင်ဖူးတယ်ရှိအောင် ပုံပြန်ဆွဲပြတာ.. ဓာတ်ပုံရိုက်မယ်ဆို မဖြစ်နိုင်ဘူးလေ.. ညီညီဆွဲထားတာက နည်းနည်းအကွေ့အကောက်နည်းနေသေးတယ်.. ဒီမနက်သေချာပြန်ကြည့်မှ အဲ့ထက်ကွေ့အဲ့ထက်ကောက်ပါတယ်.. သို့သော်.. နီးစပ်ပါကြောင်း.. ကိုလင်းဆက်ကပြောထားတယ်.. ဘလော့ဂါတာဝန်တွေထဲမှာ ကိုယ်သိတာတွေ ထူးခြားမှုတွေကို ပြန်ပြောရတာလည်းပါတယ်ဆိုလို့.. အဲ့ဒါလေး ပြန်ပြောပြတာ..း) .. အားလုံးလည်း ကိုယ်ထင်တာလေးတွေပြောသွားပေးကြ ပါဦး.. အပြာရောင်က အောက်က ငမိုးရိပ်ချောင်းပါ.. ဘေးကအကွက်တွေက တံတားအကာတန်းတွေ.. လှတောင် လှသေး.. နော့..



21 comments:

  1. အဲဒါ တံတားပေါ်မှာ မြွေတစ်ကောင် အိပ်နေသည်တဲ့ ဟိဟိ။

    ReplyDelete
  2. နီညမ်းရယ်.... ပေါက်ပေါက်ရှာရှာ.. မြင်တတ်ပါ့

    ReplyDelete
  3. လမ်းကို တည့်တည့်မမောင်းပါနဲ့လို့ပြောတာပါ ကွေ့မယ် ကောက်မယ် မုန့်ကြိုးလိမ် တံတားလို့ အမည်ပြောင်းမလို့ဖြစ်ပါကြောင်း ။

    ReplyDelete
  4. အော် ..ဒါလား..
    တစ်ခုခုဖြစ်မှာပေါ့ ညီမလေးရယ်
    တစ်ခုခုပေါ့..း)

    ReplyDelete
  5. လိုင်စင်စစ်ဖို့တဲ့.. အဲ့လိုင်းအတိုင်းမောင်းခိုင်းမယ်ဆိုပဲ.. လိုင်းပြင်ချော်ထွက်ရင်ကျ.. အဲ့အတိုင်းကွေ့ကောက်နိုင်ရင်အောင်ဆိုပဲ.. Tokyo Drift မဟုတ်ပဲ Nga Moe Yite Drift.. ဟိ မှတ်ချက်.. >> မခိုင်လုံသော သတင်းရပ်ကွက်က ထုတ်ပြန်သည်..

    ဟေ့.. ငါ .. ကျော်စောယုကွ.. အနောနီးမတ်စ်နဲ့မန့်ခဲ့သည်.. အရူးမ

    ReplyDelete
  6. မနက် ဝေလီဝေလင်းကို တံတားပေါ်မှာ ညအိပ်ရေးပျက်နေတဲ့ မြွေကြီးတစ်ကောင် ဖြတ်သွားရာမှာ သမီးပြန်မလာဈေးမှာ ကုန်စိမ်းသည်တွေကို အမှီသွားပို့နေတဲ့ အိပ်ချင်မူးတူးကားသမား မောင်းတဲ့ ဒိုင်နာနဲ့ တက်ကြိတ်မိတော့ ကွယ်လွန်သွားရှာတဲ့ မြွေအလောင်းနေရာကို အိုင်ဒန်ဒီဖိုင်းလုပ်ပြီး ခရိုင်းဆင်းန် ဆိုင်ရာ အင်ဗက်စတီဂိတ်တာ သို့မဟုတ် ဒီတက်တာက အိပ်မှုန်စုံမွားနဲ့ ပုံဖေါ်ထားတာ ဖြစ်မှာပါ။ အဲလောက်လဲ အတွေး မနက်စမ်းပါနဲ့...။ အဖြူထည်လေး တွေးပေးစမ်းပါ ငါ့နော့င်ယိင်း...။

    ReplyDelete
  7. ကတ္တရာလမ်း ဆေးသုတ်တဲ့လူက အသည်းကွဲနေတာ..။
    မိန်းမတွေကို စိတ်နာလို့ မိန်းမတို့သဘောသည် မြစ်တို့ကဲ့သို့ကောက်ကွေ့တယ်လို့ သင်္ကေတ ရေးသွားတာ...။
    (ဒါပေမယ့် သူရေးထားတာ ချောင်းပေါ်မှာ ဖြစ်နေတယ်):P :) :D

    ReplyDelete
  8. ယတြာချေတာ ဖြစ်ရမယ်။ (မြန်မာပြည်မှာ အစိုးရကလုပ်သမျှ ဘာမှန်းမသိရင် ယတြာချေတယ်လို့ အကြမ်းမျဉ်းသတ်မှတ်တယ်။)

    ဖြစ်နိုင်တာက ညကျရင် တံတားလုံခြုံရေးအတွက် သံဆူးကြိုး၊ အတားအဆီးတွေနဲ့ ဘယ်ညာလမ်းပိတ်တယ်။ တံတားကို ဖြတ်တဲ့ ကားတွေအားလုံး မြွေလိမ်မြွေကောက်သွားရတယ်။ အရှိန်နဲ့မောင်းပြီး တစ်ခုခုလုပ်သွားမှာ ကြောက်လို့။ အဲဒီ့အတွက် ကားမောင်းသူတွေ မြင်သာထင်သာဖြစ်အောင် အ၀ါရောင်လိုင်းဆွဲပြီး လမ်းကြောင်းပြထားပုံရတယ်။

    ReplyDelete
  9. တံတားပေါ်က "မြစ်တို့၏ မာယာ"

    သူပြတဲ့ အတိုင်းသာမောင်းရရင်တော့ ဟိုဘက်အခြမ်းကကားတွေနဲ့ ဒီဘက်အခြမ်းက ကားတွေ တိုက်မိကုန်တော့မှာပဲ...

    ReplyDelete
  10. အ၀ါရောင်ဆိုတော့ busကား သွားလမ်းများလားဟင်...?

    ReplyDelete
  11. တစ်ယောက်ယောက်က လက်အားလို့လုပ်သွားတာများလားဟယ်..။
    (သိတဲ့နော်..တလွဲလေးတွေးလိုက်ရမှ...:P)

    ReplyDelete
  12. ယတြာချေပြန်ပြီနဲ့တူပါတယ်ဗျာ
    ဟီး

    ReplyDelete
  13. ပုံကနည်းနည်းသေးနေသလားလို့ နန်းညီရေ
    ကွန်မန့်ပေးသွားတဲ့ အထဲက နှစ်ယောက်ကို
    ဟိုဘက်ဒီဘက်ကိုင်ပြီး ပုံကြီးသွားအောင် ဆွဲချဲ့ကြည့်ခိုင်းလိုက်ပါလား
    အဟေးဟေး :P

    ReplyDelete
  14. ဟိုဟာလေ.. မျဉ်းဝါဆွဲတဲ့ ဦးလေးကြီး အိပ်ငိုက်ပြီး တည့်တည့်မဆွဲမိဘဲ အဲသလိုဆွမိတာဖြစ်နိုင်တယ်..။

    ReplyDelete
  15. ထူးခြားချက်ဆိုလို့ ငမိုးရိပ်တံတား ဘယ်တော့ world attraction ထဲပါတော့မလဲလို့.. အဟိ.. ယတြာချေတာဖြစ်မှာပေါ့လို့ အစကတွေးမိသား.. အပေါ်က တစ်ယောက်နဲ့တူတယ်.. မြန်မာပြည်မှာ ဘာမူမမှန်တာလုပ်လဲ လုပ်သမျှ အဲလိုပြောတာလေ...
    ကျန်တာတော့ သိတော့ဘူး..

    ReplyDelete
  16. မူးမူးနဲ့ အိမ်ပြန်လာရင် အဲ့မျဉ်းလေးတွေအတိုင်း လိုက်မောင်းရုံပဲနော်။ ပျော်စရာ

    ReplyDelete
  17. ဘာလဲတော့ တားယဲ အတိဝူး
    အတိယို့ အတိဝူးရော ကျောတာနော်
    တေချာတယ် တားဆွဲတာတော့ အဟုတ်ဘူး
    ဂယ်ကျောတာ နော် တား မဆွဲရပါဘူး

    ReplyDelete
  18. ကိုစမ်းချောင်းပြောတာဖြစ်နိုင်တယ် .. လမ်းပိတ်ထားတာကြုံဖူးတယ်။ အဲဒီလိုဘဲကွေ့ကောက်သွားရတယ်

    ReplyDelete
  19. အဲဒီလမ်းအတိုင်းမောင်းခိုင်းတာဖြစ်နိုင်တယ်

    ReplyDelete
  20. စိတ်ဝင်စားစရာပဲ။ သွားကြည့်ဦးမယ်။

    ReplyDelete

your comment please

Powered by Blogger.