မယ်မြရေးတဲ့ကဗျာ

နံနက် ..
နေခြည်လင်းလက်အောက်
ပြတင်းတံခါးမှာ
ကျီကျာအော်တဲ့ ငှက်ကလေးကို
ပျော်ရွှင်စွာနဲ့ နှုတ်ဆက်လိုက်တယ်
“မင်္ဂလာနံနက်ခင်းပါ မောင်ဘ”

နေ့လည် ..
ကောင်းကင်ပြာကျယ်ကြီးထဲ
ဒရောသောပါး ပြေးလွှားနေတဲ့
တိမ်တွေကို
တက်ကြွခြင်းနဲ့ အားပေးလိုက်တယ်
“ဒီနေ့လည်း ကြိုးစားထား မောင်ဘ”

ညနေ ..
လေနုထွေး အေးအေးနဲ့
အစာချက်ခြင်းလုပ်ငန်းနားတဲ့
သစ်ရွက်လေးတွေကို
နွေးထွေးစွာနဲ့ စကားဆိုလိုက်တယ်
“အိမ်ကိုကောင်းကောင်းပြန် မောင်ဘ”

ည ..
တိတ်ဆိတ်ကောင်းကင်အောက်
မှိတ်တုတ် မှိတ်တုတ်နဲ့
မှိန်ဖျော့အလင်းပေးတဲ့ ကြယ်လေးတွေအတွက်
နောက်နေ့ပြန်တွေ့ကြဖို့ မျှော်လင့်ရင်း
ဆုတောင်းစကားဆိုလိုက်တယ်
“အိပ်မက်လှလှမက်ပါစေ မောင်ဘ”

10 comments:

  1. မယ်မြကရေးတာ မောင်ဘအတွက်
    မဆီမဆိုင် မယ်ခ က ပထမဆုံးဝင်ဖတ်သွားတယ်။
း)

    ReplyDelete
  2. မယ်မြကို တစ်သက်လုံး စောင့်ရှောက်နိုင်ပါစေ
    မောင်ဘ
    (အဟီး) ကျန်ခဲ့တာလေးတစ်ခု ဆုတောင်းပေးလိုက်တယ်နော်

    ReplyDelete
  3. တို့က.... မယ်လှ....။
    မောင်ကွတို့၊ မယ်ဝတို့၊ မောင်ပွ တို့ ပေါ်လာလေဦးမလား..။:P

    ReplyDelete
  4. ညီ့ကဗျာက ချစ်စရာလေး :)

    ReplyDelete
  5. ကြယ်လား၊ပိုးစုန်းကြူးလားဗျ..ဟီးဟီး..စိတ်မဆိုးနဲ့ဗျ..။(မဆီမဆိုင်)

    ကဗျာအရေးလဲ တော်တော်ကောင်းတာပဲ..ညီညီက၊
    သိမ်းထားဦးမယ်..။

    ReplyDelete
  6. အင်း မိညီမလေး ရေးတာဒီတစ်ပုဒ်က တော်တော်ကောင်းတယ်
    ဓါတ်ပုံလေးတွေကို ချိတ်ပြီးရေးခဲ့တုန်းကလိုပါပဲ
    ပျော်ရွင်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ်၊တက်ကြွကြည်နူးဖွယ်ကောင်းတဲ့ကဗျာလေးပါ
    မိညီမလေးလည်း ပျော်ပါစေ .....

    ReplyDelete
  7. ကဗျာလေးက ပျော်ရွှင်စရာလေးနော်
    ပျော်ရွှင်ပါစေ မောင်ဘရေ
    ကောင်းကောင်းပြန်နော် မောင်ဘ
    အဆိပ်တုံးတွေ အရမ်းမစားနေနဲ့း)

    ReplyDelete
  8. နာမည်ပြောင်းလိုက်ပြီလား

    ReplyDelete
  9. မိုးလင်းလို့ နေရောင်ပေါ်ပြီ..
    အရက်ဆိုင်သွားကြစို့မောင်ဘ :)
    ......................
    ကဗျာရေးပုံလေးဆန်းလို့ ကြိုက်မိပါတယ်

    ReplyDelete
  10. ညဦး
    လေပြေမြူးလို့ လေချဉ်လဲပြို့ပြီ
    "ဘီယာဆိုင်သွားကြစို့ မောင်ဘ"

    မိုက်သကွာ ဟီဟိ

    ReplyDelete

your comment please

Powered by Blogger.