လတ်တလောအနုပညာများ

ခုတလော
အင်တာနက်က သုံးမကောင်းဘူး.. ပို့စ်တင်ဖို့ကို မနည်းလုယက်ပြီး ကြိုးစားလုပ်ကိုင်ရတယ်..
အိမ်မှာလည်း ခွဲတမ်းနဲ့ မီးပျက်ပျက်နေတော့ ပို့စ်ကို မရေးဖြစ်ဘူး.. တစ်ညခြားလာတဲ့မီးမှာ စာဖတ်ရမလား.. စာရေးရမလား.. ရုပ်ရှင်ကြည့်သင့်လား.. ပန်းချီဆွဲလိုက်ရမလား.. ဘာလုပ်ရမှန်းမသိ .. အတော်လေး ရွေးချယ်ရခက်နေတယ်..

ခုတလော
ဘတ်စ်ကားတွေက ကျပ်တယ်.. ၁၀၇ ဒတ်ဆန်းကားစီးတာ.. ဘေးခုံတစ်ဖက် ၆ ယောက်.. လက်တွေက ထားစရာမရှိလို့ ၂
ဖက်လုံး တန်းကိုကိုင်ထားရတယ်.. အလယ်ခုံမှာက ၅ ယောက်.. တစ်ခါတလေ ၆ ယောက်.. တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ဝင်လို့.. ဇာတ်လမ်းရှာချင်ရင် အတော်လွယ်တဲ့အနေအထားပဲ.. အတွယ်က ၁၀ ယောက် ၁၁ ယောက်.. ခြေကို တစ်ဖက်ပဲတင်.. လက်က အထဲဘားတန်းကိုမြဲမြဲကိုင်ထား.. ချိုင့်တွေ အိတ်တွေ ဖိုင်တွေ.. အို ရှုပ်တယ်.. အထဲကလူတွေဆီ အားလုံး ပစ်ပေးထားလိုက်.. ကားကွေ့လိုက်တိုင်း ယိမ်းခါသွားတဲ့အခါ တွယ်စီးသူတွေရင်ထဲမှာ ဘယ်လိုနေမှာပါလိမ့်..

ခုတလော
စကားပြောနေကျ သူငယ်ချင်းက အတော်လေးအလုပ်ရှုပ်ရှုပ်နေတယ်.. စကားလည်းကောင်းကောင်း မပြောဖြစ်.. ပြတ်တောင်းပြတ်တောင်းနဲ့.. သူ့ reply လာမှာကိုစောင့်ရတာက စိတ်မရှည်ချင်စရာ... တစ်နေကုန် စကားပြောဖော်မရှိ.. သီချင်းသံတွေဘာတွေလည်းမကြားရ.. အလုပ်လုပ်ရင်း ငိုက်ငိုက်နေတတ်တယ်.. netရိုးကိုးပေါက် ဘလော့လည်တာကလည်း ဆက်တိုက်တွေလည် စာတွေဖတ်ဆို ညဉ်းငွေ့တယ်.. လူက ထုံလာတယ်.. ၂ အိမ်လောက် စာဆက်တိုက်ဖတ်ပြီးရင်.. ဆက်မဖတ်နိုင်.. အဲဒါနဲ့ပဲ ရုံးအပြင်ထွက် ဟိုလျှောက် ဒီလျှောက် မကြာမကြာလုပ်နေရတယ်..

ခုတလော
အမေက အိမ်မှာမနေဘဲ အပြင်ထွက်အလုပ်တွေများနေတယ်.. သူ့ခင်မျာလည်း သနားစရာပါ.. တစ်နေ့တစ်နေ့ ကားတစ်စီးနဲ့ထွက်.. ဟိုသွား ဒီသွား.. အာရုံတွေကများ.. ကားမောင်းရလွန်းလို့ tension တွေများပြီး သွေးတွေတိုးလိုတိုးနဲ့.. ညည ဆေးသောက်အိပ်နေရ.. ခြေထောက်တွေ တောင့်နေလို့ဆိုပြီး နှိပ်ပေးရတာက ခဏခဏ..
အိမ်မှာလည်း ဟင်းကောင်းကောင်းမချက်တာကြာ.. ရှိတဲ့ ready made အသားတွေ.. ဟင်းချိုထုပ်တွေနဲ့.. စားရတာလည်း ကောင်းသလိုလိုနဲ့ မတင်းတိမ်.. အရင်လို (ရှလွတ်..) အရွက်စုံသုပ်တို့.. ကြံမဆိုင်ဟင်းချိုတို့.. ၀က်သားပေါင်းတို့..
အော် ... လွမ်းမိ..

ခုတလော
တီဗီက ကိုရီးယားဇာတ်လမ်းတွဲတွေ မှန်မှန်စောင့်ကြည့်ဖြစ်နေတယ်.. အရှေ့ကမသိခဲ့တာတွေ အိမ်ကလူတွေကိုမေးပြီး ရောက်ရာ နေရာကဆက်ကြည့်.. ဘယ်တော့ရပ်သွားဦးမလဲတော့မသိ.. မီးမှန်မှန်မလာတော့ (ကိုယ်တိုင်လည်းအချိန်သိပ်မရှိတော့) အခွေတွေလည်း မကြည့်ဖြစ်တာများနေပြီ.. ၀ယ်စရာပိုက်ဆံလည်းမရှိဘူး.. ရုပ်ရှင်ခံစားမှုဆောင်းပါးတွေပဲ လှိမ့်ဖတ်နေလိုက်တယ်.. ဒါပဲအေးပါတယ်..

ခုတလော
Photoshop ကိုပဲ ကလိနေမိတယ်.. ကျူတိုရီယယ်တွေလျှောက်ကြည့် လိုက်လုပ်.. ကိုယ့်ဘာသာ ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နဲ့.. အတော်လေးပျော်စရာကောင်းနေတယ်.. CS3 ကို စမ်းသုံးကြည့်ချင်နေတာ.. ခုထိတော့ အဆင်မပြေသေးဘူး.. ပြေသွားမှာပါလေ... နောက်မကြာခင်ဖြစ်လာမှာပေါ့.. မဟုတ်ဖူးလား..

ခုတလော
..... .... .
.... .. . .
ဘာပို့စ်တွေ လျှောက်ရေးနေမိမှန်းကို မသိပါဘူး..

11 comments:

  1. ရန်ကုန်ရောက်ရင် ၁၀၇ ဒတ်ဆန်းကား လိုက်စီးအုံးမယ် ဇတ်လမ်းရှာချင်လို့း)

    ReplyDelete
  2. ရေးချင်တာ ရေးတာ ကိုဖတ်သွားတယ်။

    ReplyDelete
  3. အော်...အဲဒါမျိုးကိုယ်လည်းခံရပါ့ ညီ့ဆီကreply ပြန်ရောက်ဖို့ စောင့်ခဲ့ရတာ ၀မ်းသာလိုက်တာ..

    ReplyDelete
  4. post က ဘယ်လိုဖြစ်လို့ နှစ်ခုထပ်နေတာလဲဟင်

    ReplyDelete
  5. ကိုကြီးမျိုးရေ ၁၀၇ စီးမိလို့ကတော့ ဇာတ်လမ်းမရဘဲ သရက်တန်းမှာပဲ ညအိပ်နေရမယ်ဗျ ။ ဟီးးးး အဓိပတိ စီးဗျ ရန်ကုန်ရောက်ရင် ။

    အဲ.... ဒါနဲ့ အန်တီနန်းညီရေ...
    မီးမလာတာ ရင် ကြက်ဆူဆီနဲ့ မောင်းတဲ့မီးစက် ၀ယ်ထားဗျ ။ မီးမလာဘူး.. မီးမလာဘူး လို့ ခဏခဏ ပြောနေရင် အားနာလို့ ဟီဟိ :P ။

    ReplyDelete
  6. ဘာပိုစ့် မှန်းမသိတာကို ဘာအစ်ကိုက
    ဘာမှန်းမသိပဲ ဘာဆိုလားထင်ပြီး
    ဘာ ဘာ ဘာနဲ့ ဖတ်သွားတယ်

    ReplyDelete
  7. တို့ရဲ့ခုတလောထက်စာရင်အများကြီးကံကောင်းပါသေးတယ်။း)

    ReplyDelete
  8. ရေးချင်တာရေး ဖတ်ချင်သလိုဖတ်...အဟဲ
    စားချင်တာလေးတွေလည်း ရေးထားတာတွေ့ တယ်...

    ReplyDelete
  9. သြော် ခုတလော....
    အနော်လဲ
    ဘာတွေဖတ်မိနေ မန်းကို
    မတိဝူးဂျ

    ReplyDelete
  10. အင်းခုတလော ဘာတွေ ဖြစ်နေမှန်းကို မသိပါဘူးဗျာ အတူတူပါပဲး)

    ReplyDelete
  11. ငါ့လို ဧကစာ အဓိဋ္ဌာန်ဝင်နေ ပြီးရော

    ReplyDelete

your comment please

Powered by Blogger.