ကျွန်မအစ်ကို

ကျွန်မမှာ အစ်ကိုတစ်ယောက်ရှိပါသည်..
ကျွန်မတို့က အပြင်လက်တွေ့ကမ္ဘာမှာ ခင်မင်ကြခြင်းမဟုတ်ဘဲ
စကားလုံးများမှ တဆင့်ခင်မင်ရင်းနှီးလာကြခြင်းဖြစ်သည်..
အသင်းအဖွဲ့တစ်ခုအတွက် အတူလှုပ်ရှားကြရင်း ကျွန်မတို့ စတင်ရင်းနှီးခဲ့ပါသည်..

အစ်ကိုသည် မကြာခဏ စိတ်ညစ်တတ်သူဖြစ်ပါသည်..
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးတတ်သူဖြစ်ပါသည်..
ထိရှခံစားမှုပေးတတ်သော ကဗျာများကို ရေးတတ်ပြီး ကဗျာများကြောင့်လည်း သိမ်ငယ်စိတ်ဝင်တတ်သူဖြစ်သည်..
ကောင်မလေးတစ်ယောက်ကို လှိုက်လှဲစွာချစ်မိနေပါသည်ဟု ယုံကြည်နေပြီး အဲသည့်ခံစားချက်က စစ်မှန်ရဲ့လားလို့လည်း တွေဝေတတ်သူဖြစ်သည်..
ကျွန်မအား ပိတ်ပင်ဆုံးမတတ်သော်လည်း ဆုံးမသင့်ရဲ့လားလို့ တွန့်ဆုတ်စဉ်းစားတတ်သူဖြစ်သည်..
အစ်ကိုသည် ဆန့်ကျင်ဘက် အရာများ ပေါင်းစပ်ပိုင်ဆိုင်ထားသူဟု ကျွန်မက သုံးသပ်ပါသည်..


အစ်ကိုက ပြောပါသည်.. ကျွန်မနဲ့စကားပြောနေချိန်တိုင်း စိတ်ဖိစီးမှုသောကများမှ ကင်းဝေးရသည်တဲ့..
ထိုစကားက ဖြစ်တည်မှု မကြာခဏပျောက်သွားတတ်သော ကျွန်မအတွက် ယုံကြည်ခြင်းများပြန်ပေးတတ်ပါသည်.. လူတစ်ယောက်အား စိတ်သက်သာရာရအောင် ကျွန်မစွမ်းဆောင်နိုင်သေးတယ်ဟု ကျွန်မကိုယ်ကျွန်မ ပြန်ရှာဖွေတွေ့ရှိစေခဲ့၏..
ကျွန်မတို့ ၂ ယောက်က .. ထူးခြားစွာပင် နာမည်ခြင်းလည်း ဆင်သေးသည်.. ညီမ မရှိသော အစ်ကို.. မောင်နှမမေတ္တာ မိသားစုမေတ္တာကို ကောင်းစွာမခံစားရသော အစ်ကိုက ကျွန်မကို ညီမရင်းလေးလိုပင် ချစ်ခင်ခဲ့သည်..
အစ်ကို့ကို ကျွန်မ အမြဲကျေးဇူးတင်ပါသည်..

ကျွန်မတို့ကို နားမလည်နိုင်သူတွေလည်း ရှိပေမယ့် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်နားလည်ပါသည်..
ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် နှစ်သိမ့်ပေးခဲ့ဖူးသည်.. ဝေမျှခဲ့ဖူးသည်.. ဆွေးနွေးတိုင်ပင်ခဲ့ကြဖူးသည်..
ကျွန်မတို့ နွေးထွေးကြပါသည်..
ကျွန်မတို့ ရိုးသားခင်မင်ခဲ့သည်..
ကျွန်မတို့ ဖြူစင်တွယ်တာခဲ့သည်..
ကျွန်မတို့ ပွင့်လင်းလွတ်လပ်ခဲ့ပါသည်..
ကျွန်မ အစ်ကို့ကိုချစ်ပါသည်.. အစ်ကို့အတွက် ဖြေသိမ့်မှုတွေပေးနိုင်သူ တစ်ယောက်ဖြစ်နေခြင်းကို နှစ်သက်ပါသည်.. အစ်ကို့ညီမလေးအဖြစ် အမြဲရှိနေနိုင်ခြင်းကို ပျော်ရွှင်မိပါသည်..

ပြီးတော့ .. ..
အစ်ကို့ကို အိပ်ရေး၀၀ အိပ်ပျော်စေချင်ပါသည်..

12 comments:

  1. အင်း...ဘာရေးရမလဲ..ကောင်းပါသည်ဆိုတာထက် ..

    ReplyDelete
  2. ကိုဂျယ် ....ကိုပြောတာလား အိပ်မပျော်ရင် အိပ်ဆေးသောက်အိပ်လို့ပြောလိုက်း)

    ReplyDelete
  3. ခေါင်းကို ဒုတ်နဲ့သွားရိုက်ပေးမယ်။ ကောင်းကောင်းအိပ်ပြောသွားအောင်။

    ReplyDelete
  4. တစ်ပါးသူအတွက် ဖြေသိမ့်မူလေးတွေပေးနိုင်တယ်ဆိုတာကိုက ကျေးဇူးတော်ပါဘဲ
    ပျော်ရွင်ပါစေ

    ReplyDelete
  5. “ကျွန်မ၏ အကို” အက်ဆေးပိုစ့်ကလေးကို ဖတ်အပြီးမှာ ...
    မောင်နှမ နှစ်ယောက်ရဲ့ ဖြူစင်လွန်းတဲ့ ၅၂၈ မေတ္တာတရား တစ်ခု အခက်အလက်ဝေေ၀ဆာဆာနဲ့ တောက်ပတဲ့ နေရောင်ခြည်အောက်မှ ဖူးပွင့်တင့်ဆန်းနေတာကို ကြည်နူးပီတိ ဖြစ်စရာ မြင်နေရပါတယ် ... ။

    နေမင်းကြီးနဲ့ လမင်းလေးလိုပေါ့ ... နေမင်းကြီးက ထိန်ဝါတောက်ပပူပြင်းတဲ့ အလင်းရောင်တွေကို ဖြန့်ချထုတ်လွှင့်ပေးနေပေမယ့် ပူလောင် အိုက်စပ်စေပေမယ့် သူ့ရဲ့ ရောင်ခြည်ကို တစ်ဆင့်ခံယူပြီး ရောင်ပြန်တောက်ပရတဲ့ လမင်းလေးရဲ့ အလင်းရောင်ခြည်ကတော့ အေးမြလွှမ်းမိုးလွန်းလှသလိုပေါ့ ... ။

    နောက် ... အစ်ကိုတစ်ယောက်အပေါ်မှာ ထားတဲ့ ညီမတစ်ယောက်ရဲ့ သံယောဇဉ်ကြိုးလေးတစ်ခုချောင်းကို လှစ်ဟမြင်နေရပြီး ဒီပိုစ့်ကလေးရဲ့ အဖွဲ့အနွဲ့နဲ့ စကားလုံးတွေက ဒီသံယောဇဉ်ကြိုးရဲ့ တင်းအားဟာ ဘယ်၍ ဘယ်မျှ ဘယ်ပမာဏရှိတယ်ဆိုတာကိုလည်း ပြောပြနေပါသေးတယ် ... ။

    ပြီးတော့ ... အကိုတစ်ယောက်အတွက် စိတ်ခွန်အားကို ပေးနိုင်တဲ့ ညီမတစ်ယောက်ရဲ့အနုပညာစွမ်းအားနဲ့ ပွင့်လင်းရိုးသားဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုကိုလည်း ရင်သပ်ရှုမောဖွယ်၊ လေးစားအံသြဖွယ်၊ အတုယူအားကျဖွယ် မြင်နေခဲ့ရသေးတယ်လေ ... ။

    နန်းညီနဲ့ ညီ့အစ်ကိုတို့ အရင်ကထက်ပိုပြီး ရင်းနှီးစွာ၊ နားလည်စွာ၊ ခင်မင်စွာ၊ ပျော်ရွှင်စွာနဲ့ ဒီကမ္ဘာကြီးထဲမှာ နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းဆန္ဒပြုမိရင်း ... ။ :) :) :)

    ခင်မင်လေးစားမှုများစွာဖြင့် ...

    ReplyDelete
  6. သူ့မယ် အဲ့ဒိစွမ်းရည်တွေရှိတယ်၊မသိချင်ဟန်များ ဆောင်နေတာလား ဒီကောင်မလေးက....။

    ReplyDelete
  7. ဒေါ်နန်းညီနဲ့အစ်ကိုတို့အကြောင်းကိုမောင်ဟိန်းညီစိတ်ဝင်တစားဖတ်သွားပါတယ်။
    ကောင်းပါတယ်ခင်ဗျာ။ စိတ်ဝင်စားဖို့

    ReplyDelete
  8. ဖတ်သွားတယ်ဗျို့အဲလိုဂရုစိုက်တ၊ဲ့ ညလေးတယောက်တော့ လိုချင်မိပ်ရဲ့ဗျာ

    ReplyDelete
  9. နောက်ဆုံးဆုတောင်းကိုတော့ အကြိုက်ဆုံးပဲ။ အဲဒါအရေးကြီးတယ် မဟုတ်ရင် ဖိုးဂျယ် ရူးတော့မှာ ..

    ReplyDelete
  10. "အစ်ကိုသည် ဆန့်ကျင်ဘက် အရာများ ပေါင်းစပ်ပိုင်ဆိုင်ထားသူဟု ကျွန်မက သုံးသပ်ပါသည်.. "
    မှန်လိုက်လေ တော်လိုက်တဲ့ ညီမလေး

    " ကျွန်မနဲ့စကားပြောနေချိန်တိုင်း စိတ်ဖိစီးမှုသောကများမှ ကင်းဝေးရသည်တဲ့ "
    ဟုတ်တယ်လေ ပေါက်ကရလျှောက်ပြောရတာကိုး
    တခြားသူတွေ သွားပြောရင် အရူးထင်မှာပေါ့

    "အစ်ကို့ကို ကျွန်မ အမြဲကျေးဇူးတင်ပါသည်.. ကျွန်မ အစ်ကို့ကိုချစ်ပါသည်.. "
    အဲ့တာ အစ်ကိုက ပြောရမှာ လောကြီးမှာ ငါ့ကို ချစ်တဲ့ လူတွေရှိသေးပါလားလို့ သိလိုက်လို့ ကျေးဇူး ကမ္ဘာလုံးလောက်ပါ

    " အစ်ကို့ကို အိပ်ရေး၀၀ အိပ်ပျော်စေချင်ပါသည်.."
    ဒါတော့ ညီ ဆုတောင်းပြည့်မယ်မထင်ဘူး အခုထိအိပ်မပျော်သေးတာပဲကြည့်

    ချစ်ညီမလေးလို မတော်တော့ ဒီလို ပိုစ့်ကောင်းကောင်းလေး
    ပြန်မရေးနိုင်တာစိတ်မကောင်းပါဘူးဗျာ

    ReplyDelete
  11. ဖိုးဂျယ်ကို ဆေးသောက်လို့ ညီမလေး နန်းညီက ဂရုတစိုက်တိုက်ပေး..:)
    စတာပါ ဂျဲလေးက စိတ်နူးညံ့တယ်.ခံစားလွယ်တယ် တော်သေးတယ် နန်းညီလေး ရှိလို့

    ReplyDelete
  12. အိပ်ပျော်နည်း ရှိသည်။ ....

    ReplyDelete

your comment please

Powered by Blogger.